ပခုက္ကူမြို့နယ်ရှိ ရွာနှစ်ရွာတွင် တိုင်းလွှတ်တော် ကိုယ်စားလှယ်ဦးဆောင်၍ အခမဲ့အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းဖွင့်လှစ်သော နွေရာသီအင်္ဂလိပ်စာသင်တန်း (ဓာတ်ပုံ − ကျော်ကျော်နိုင်)

 ပခုက္ကူမြို့နယ် အစွန်အဖျားရှိ အရှေ့ကမ်းပြိုကျေးရွာ အုပ်စုတွင် ကျောင်းသား ၂၀၀ ကျော်ကို နွေရာသီအခြေခံ အင်္ဂလိပ်စာ တစ်လအခမဲ့သင် တန်းဖွင့်လှစ်သင်ကြားနေကြောင်းပခုက္ကူမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက ပြောသည်။

အရှေ့ကမ်းပြိုကျေးရွာတွင် သင်တန်းတစ်ခုနှင့်လေးဒူကျေး ရွာတွင် သင်တန်းတစ်ခုဖွင့်လှစ် သင်ကြားပေးနေသည်။ ပခုက္ကူမြို့ For Life ပရဟိတအဖွဲ့ မှ အင်္ဂလိပ်စာပြဆရာနှစ်ဦးဖြင့် မတ်လ၈ ရက်က စတင်သင်ကြားပေးနေကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဒုတိယအကြိမ် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်ဗဟို လုပ်ငန်းကော်မတီဝင် ဦးကျော် ကျော်နိုင်က ပြောသည်။

သင်တန်းတစ်ခုလျှင် ယင်းကျေးရွာဒေသခံ စတုတ္ထတန်းမှန၀မတန်းအထိ ကျောင်းသား၊ကျောင်းသူ ၁၀၀ကျော်စီ တက် ရောက်သင်ကြားနေပြီး သင်ရိုး ညွှန်းတမ်း စာအုပ်စာတမ်းများ အခမဲ့ပံ့ပိုးပေးကြောင်း ၎င်းကပြောကြား သည်။ ‘‘အခုဖွင့်တဲ့ ဒေသတွေက မြို့နယ်အစွန်အဖျား ခေါင်တဲ့နေ ရာတွေပါ။ အဲဒီက ကလေးတွေ လည်း မြို့ပေါ်က ကလေးတွေလို နွေရာသီမှာ တခြားပညာတွေ သင်ကြားခွင့်ရအောင် ဖွင့်ပေးတာ ပေါ့နော်။ ဆရာတွေကိုတော့ မြို့ ပေါ်က For Life အဖွဲ့က ဘုန်း ဘုန်းက ဆရာနှစ်ဦးကို စီစဉ်ပေး တယ်။ ကိုယ်ကစာရွက်စာတမ်း ဖိုးလောက်ပဲ စိုက်ထုတ်ရတာ ပါ’’ဟု သင်တန်းဦးဆောင်ဖွင့်လှစ်ပေးသူ ဒေါ်ဇင်နီနီဝင်းက ပြော သည်။

လာမည့်နှစ် နွေရာသီတွင် အင်္ဂလိပ်စာ၊ ကွန်ပျူတာသင် တန်းကဲ့သို့ ကလေးသူငယ်စွမ်း ရည်မြှင့်သင်တန်းများ အခြားကျေးရွာများ၌ ဆက်လက်ဖွင့်လှစ် နိုင်ရန် မျှော်မှန်းထားကြောင်း ၎င်း ကပြောသည်။

Top News