မုံရွာစက်မှုဇုန်ရှိ ဂွမ်းဖတ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

မုံရွာစက်မှုဇုန် ဂွမ်းဖတ်စက်အတွင်းကျောက်ခဲညပ်၍ မီးလောင်မှုဖြစ်ပွားသည်ကို ငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

မုံရွာစက်မှုဇုန်ရှိ ဂွမ်းဖတ် စက်ရုံတွင် လည်ပတ်နေသော ဂွမ်းဖတ်စက်အတွင်း ကျောက်ခဲ ညပ်၍ မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောသည်။

မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် စိန်ပန်းပြာလမ်းနှင့် ၃၉ လမ်း ထောင့် နယ်မြေ (၅) ရှိ ဂွမ်းဖတ် စက်ရုံတွင် မတ်လ ၈ ရက် နံနက် က ဂွမ်းဖတ်စက်အတွင်း ကျောက် ခဲညပ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ သည်။

‘‘ဂွမ်းဖတ်စက်ထဲ ကျောက်ခဲ ညပ်ပြီး မီးပွင့်ရာကနေ မီးလောင် မှုဖြစ်ပွားတာပါ။ ဂွမ်းဖတ်စက်ရုံ တစ်ရုံတည်း မီးလောင်ကျွမ်းခဲ့ တာ။ လူထိခိုက်ဒဏ်ရာရရှိတာ မရှိပါဘူး’’ဟု ဦးညီညီဇော်က ပြောသည်။

မီးလောင်ရာသို့ မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ် တပ်ဖွဲ့များက မီးငြှိမ်းသတ်ယာဉ် ၁၁ စီး၊ ရေသယ်ယာဉ် လေးစီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့သည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း တစ် ထပ်အဆောက်အအုံတစ်လုံး၊ ဂွမ်းဖြတ်စ ပိဿာတစ်ရာခန့်၊ အဝတ်ဖတ်စက်ခုံနှစ်ခု စုစုပေါင်း ကာလတန်ဖိုး ကျပ်လေးသိန်းခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ ဂွမ်းဖတ်စက်ရုံပိုင်ရှင်ကို မုံရွာမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်စစ်ဆေးနေသည်။

Top News