သရက်ထောင်မှ ထွက်ပြေးသည့် တရားခံ တစ်လကျော်အထိ ပြန်လည်မမိသေး

အမှုနှင့်ပတ်သက်၍ အကျဉ်းထောင်ဝန်ထမ်းအချို့ အချုပ်ကျနေပြီး အချို့ စစ်ဆေးခံနေရဟုဆို

လွန်ခဲ့သည့် တစ်လ ကျော်က သရက်အကျဉ်းထောင် တွင် အချုပ်ကျနေသည့် အချုပ် သားတစ်ဦး ထောင်ဖောက်ထွက် ပြေးမှု မတ်လ ၈ ရက်အထိ တစ်လကျော် ကြာလာသည့်တိုင် ဖမ်းဆီးမိခြင်း မရှိသေးကြောင်း မကွေးတိုင်း အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ် လွင်က ပြောသည်။

အကျဉ်းဦးစီးဌာန တာဝန်ရှိ သူများအနေဖြင့် သရက်အကျဉ်း ထောင် တာဝန်ရှိသူများကို လို အပ်သည့် စစ်ဆေးမှုများ ဆောင် ရွက်ကာ အထက်အဆင့်ဆင့်သို့ တင်ပြထားပြီး ပြည်ထောင်စု အဆင့်ကသာ အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း ဦးချစ်လွင် က ပြောသည်။

‘‘ကျွန်တော်တို့ကတော့ တာ ဝန်ရှိတဲ့ဝန်ထမ်းတွေကို အရေးယူ ဖို့ပဲရှိတယ်လေ။ အထက်ကို တင် ပြထားတယ်။ ဝန်ထမ်းရေးရာ လည်းရှိတယ်လေ။ အထက်ကပဲ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၃ ရက်တွင် အဆိုပါအချုပ်သား ထောင်ဖောက်ထွက်ပြေးခဲ့မှုကြောင့် အကျဉ်း ထောင်တာဝန်ရှိသူအချို့ စစ်ဆေးခံနေရပြီး  အငယ်တန်း အကျဉ်းထောင်ဝန်ထမ်းအချို့ အချုပ်ကျခံနေရကြောင်း သရက်အကျဉ်းထောင်မှ အမည်မဖော်လိုသူ သတင်းရင်းမြစ်အချို့က ပြောသည်။ 

အကြီးတန်းဝန်ထမ်းအချို့ သည် အကျဉ်းထောင်ပြုပြင်မွမ်းမံ မှု လုပ်ငန်းများ ဆောင်ရွက်နေ ရပြီး အကျဉ်းဦးစီးဌာနအပါအဝင် ပြည်ထဲရေးဝန်ကြီးဌာနက သုံး ကြိမ်ထက်မနည်း လာရောက်စစ် ဆေးခဲ့ကြောင်း အဆိုပါရင်းမြစ် များက ဆက်လက်ပြောသည်။ ထွက်ပြေးအချုပ်သား ပြန်ဖမ်းမိ ရန် အခြားမြို့နယ်များမှ ရဲတပ် ဖွဲ့ဝင်များနှင့် ချိတ်ဆက်ကြိုးစား နေကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး က ဆိုသည်။

ထွက်ပြေးနေသော အချုပ် ကျတရားခံသည် အသက် (၃၅) နှစ် အရွယ်ရှိ တင့်ဝေဆိုသူဖြစ်ပြီး သရက်မြို့နယ် ထုံတောင်ကျေး ရွာအုပ်စု သဲတောကျေးရွာတွင် နေထိုင်သူဖြစ်သည်။

၎င်းသည် နယ်စပ်ဒေသများ ၌ နှစ်အတန်ကြာ အလုပ်လုပ်ခဲ့သူ ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်က  စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀ ကျော်ကို ၎င်းသယ်ဆောင် လာသည့် စောင်ထုပ်အတွင်း စစ်ဆေးတွေ့ရှိသဖြင့် သရက်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့်  အမှုဖွင့်တရားစွဲဆိုထားသူဖြစ်သည်။

ဥပဒေအရ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ နှစ်အကန့် အသတ်မရှိ ထောင်ဒဏ်အထိ ကျခံရနိုင်သည့် အမှုကြီးဖြစ် သဖြင့် သရက်အကျဉ်းထောင်၌ အချုပ်သားအဖြစ် ထားရှိရာမှ ဖေဖော်ဝါရီ ၃ ရက်တွင် ထောင် ဖောက် ထွက်ပြေးခြင်းဖြစ်သည်။

ထွက်ပြေးသည့် နေ့တွင် ထောင်အတွင်းဘက်နံရံမှ တစ် လက်မပတ်လည်၊ အရှည်ပေ ၂၀ရှိ သံပိုက်လုံးတစ်ချောင်းထောင်လျက် စစ်ဆေးတွေ့ရှိရသဖြင့် ယင်းသံပိုက်လုံးမှ ထောင်နံရံကိုကျော်တက်ကာ တစ်ဖက်၌လျှောဆင်းထွက်ပြေးသည့် လက္ခဏာများတွေ့ရှိကြောင်း သရက်မြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောကြားသည်။

Top News