တက္ကသိုလ်ပြန်တက်ဖို့အစီစဉ်ရှိတဲ့ပိုပို

တတိယနှစ် ဥပဒေ ဘာသာရပ်ကို လာမည့်ပညာသင် နှစ်တွင် ပြန်လည်တက်ရောက်ရန် အစီအစဉ် ရှိကြောင်းအဆိုတော် ပိုပိုကပြောသည်။

‘‘ကိုယ့်မှာ ၁၅၀၀ပဲရှိတော့ ထမင်းသုပ် ကဘယ်လောက်လဲ၊ အအေးကဘယ်လောက်လဲတွက် နေရတယ်။ အဲဒီလို တွက်ပြီး ကျောင်းတက်ရတဲ့ဘ၀ကို မလို ချင်ဘူး။ နောက်ကျတော့ အိမ်ပြန် တဲ့လမ်းမှာ ငိုပြီးပြန်လာတာ။ အားငယ်တာပေါ့။ ပိုက်ဆံရှိတဲ့အ ချိန်ကျမှကျောင်းတက်မယ်ဆိုပြီး အဲဒီအချိန်ကတည်းက မတက် တော့ဘဲအနုပညာကိုပဲအားစိုက် လုပ်တယ်။ ကြားထဲမှာကျောင်း တော့အပ်ဖြစ်တယ်။ ဒါပေမဲ့ မတက်ဖြစ်ဘူး။ ဒီနှစ်တော့ပြန် တက်ဖို့ ဆုံးဖြတ်လိုက်တာ’’ ဟု ပိုပိုကပြောသည်။

ကျောင်းမတက်ဖြစ်သည်မှာ ငါးနှစ်ခန့်ရှိပြီးဖြစ်ပြီး ယခုနှစ်တွင် မူ အစ်မဖြစ်သူက ကျောင်း ပြန်တက်ရန် တိုက်တွန်းသော ကြောင့် ပြန်တက်ဖြစ်ခဲ့သည်ဟု ဆိုသည်။

‘‘ပိုပို့အဘွားက ငါ့မြေးရယ် ဘွဲ့လေးတစ်ခုတော့ရအောင်ယူ ပါ။ ဘွဲ့လေးတစ်ခုတော့ရစေချင် တယ်လို့ပြောခဲ့တာ ရှိတော့သူ့ရဲ့ နောက်ဆုံးဆန္ဒကိုဖြည့်ပေးချင် တယ်’’ ဟု၎င်းကပြောသည်။

ယခင်ကဘွဲ့ယူချိန်တွင် ၎င်း နောက်သို့လိုက်ပေးမည့်သူမရှိ သောကြောင့် အားငယ်သည့်စိတ် ဖြစ်သော်လည်း ယခုအချိန်တွင် သူငယ်ချင်းများနှင့် ပရိသတ်များ ရှိနေသည်ဟု တွေးဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘ပိုပိုက စာကျက်ရတာ ကြိုက်တယ်။  ငယ်ငယ်ကတည်း က အတော်ဆုံးတော့မဟုတ်ဘူး။ ဒါပေမဲ့စာကျက်ပါလို့ ဘယ်သူ မှပြောစရာမလိုဘဲ ကျက်ခဲ့တာ’’ ဟု ပိုပိုကပြောသည်။

ထို့အပြင် ဗြိတိသျှကောင်စီ တွင်လည်း ကျောင်းတက်ရန် အစီအစဉ်ရှိပြီး ပညာရေးဘက်တွင် ကြိုးစားဖြစ်သကဲ့သို့ ဂီတဘက် တွင်လည်း လှုပ်ရှားမှုများဆက် တိုက်ပြုလုပ်မည်ဟု ၎င်းက ဆိုသည်။

      ‘‘ရည်းစားမထားဖြစ်တာကြာ ပါပြီ။ ထားလည်းမထားချင်ဘူး။ ကိုယ့်အပေါ်မှာ မေတ္တာစစ် တွေ့ လာမှထားဖြစ်မယ်ထင်တယ်။ အပျော်ရည်းစားလည်းမထားချင် ဘူး။ ကိုယ့်ရဲ့နှလုံးသားကလည်း လူတစ်ယောက်တည်းကိုပဲ ချစ် ချင်တော့တာ။ လူတွေအကုန်လုံး ကိုအချစ်တွေဝေမျှပြီး ချစ်လည်း မချစ်ခဲ့ဘူး’’ ဟု ၎င်း၏ လက်ရှိ အချစ်ရေးနှင့် ပတ်သက်၍ပိုပိုက ပြောသည်။

 

Top News