ဝန်ကြီးများရုံးဟောင်းမှ မြန်မာဓာတ်ပုံဆရာများ

ဓာတ်ပုံ−ကျော်ဇင်သန်း

အနီရောင်ဆေးသုတ်ထား သော အဆောက်အအုံဟောင်း ကြီးကို ပြုပြင်နေသည့် ဆောက် လုပ်ရေးလုပ်ငန်းခွင်မှ စက်သံများ က တဒုန်းဒုန်းမြည်နေသည်။ အဆောက်အအုံအပြင်ဘက်၌ ဆင်ထားသော ငြမ်းများကြားတွင် ‘မြန်မာဓာတ်ပုံဆရာများ’ ဟူ သည့် ဆိုင်းဘုတ်နှင့် တစ်ချိန်က မြန်မာ့ရုပ်ရှင် လောကတွင် အောင်မြင် ကျော်ကြားခဲ့သည့် သရုပ်ဆောင် မေသန်းနုနှင့် ကျော်သူတို့ ပုံပါသည့် ဆိုင်းဘုတ် ကို ချိတ်ဆွဲထားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ အထင်ကရ နေရာတစ်ခုဖြစ်ပြီး သက်တမ်း (၁၁၃) နှစ်ရှိသည့် ယင်း အဆောက်အအုံကြီးတွင် မြန်မာနိုင်ငံသားတို့အတွက် ကြေ ကွဲဖွယ် သမိုင်းဖြစ်ရပ်တစ်ခုကို သိမ်းဆည်းထားသည်။ အတွင်း ဝန်ရုံးဟု လူသိများသည့် ယင်း အဆောက်အအုံ၌ လွန်ခဲ့သည့် နှစ် (၇၀)ကာလ မိုးသည်းသော နေ့ရက်တစ်ခုတွင် ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် အာဇာ နည်ကိုးဦး လုပ်ကြံခံခဲ့ရသည်။

ပြည်သူများ ဝမ်းနည်းမျက် ရည်ဝေခဲ့ရပြီး ဗိုလ်ချုပ်တို့ လုပ် ကြံခံခဲ့ရသည့် ဇူလိုင် ၁၉ ရက် ရောက်တိုင်း နှစ်စဉ် ထိုအဆောက် အအုံသို့ သွားရောက်လေ့လာ ကြည့်ရှု အလေးပြုခဲ့သည်။၂၀၀၅ ကစ၍ သာမန်ပြည်သူများကို အာဇာနည်နေ့ (ဇူလိုင် ၁၉) တွင်သာ ဝင်ခွင့်ပေးသဖြင့် ကျန် နေ့ရက်များတွင် လူသူအဝင်နည်း သည့် အဆောက်အအုံအဖြစ် တိတ်ဆိတ်အထီးကျန်စွာ တည်ရှိ ခဲ့သည်။ သို့သော် ယနေ့အချိန် တွင်ယင်းအဆောက်အအုံသို့ လာရောက်လေ့လာသူများဖြင့် စည်ကားလာပြီး ယခင်ကခြောက် ကပ် တိတ်ဆိတ်မှုများသည်လည်း နေလာနှင်းပမာ ပျောက်ကွယ် ခဲ့ပြီဖြစ်သည်။

ယင်းအဆောက်အအုံကြီး ယခုကဲ့သို့ ပြန်လည်အသက်ဝင် လာစေသည့် အကြောင်းရင်း သည် ဂျာမန်ဘာသာစကား ယဉ်ကျေးမှုဌာန (Goethe- Institut Myanmar) က ပြုလုပ်သည့် ဓာတ်ပုံပြပွဲကြောင့်ဟု ဆိုရမည် ဖြစ်သည်။

ရှေးဟောင်းဓာတ်ပုံများကို ပြသထားပြီး မြန်မာ့ဓာတ်ပုံသမိုင်း ကြောင်းကို လှစ်ဟပြထားသည့် ‘မြန်မာဓာတ်ပုံဆရာများ’အမည် ရှိ ဓာတ်ပုံပြပွဲကို ဝန်ကြီးများရုံး တွင် ပြုလုပ်ခြင်းက ရန်ကုန်မြို့၌ နေထိုင်သူများအတွက် သွား ရောက်လေ့လာစရာနေရာတစ်ခု တိုးစေခဲ့သည်။

အဆိုပါဓာတ်ပုံပြပွဲကို ဖေ ဖော်ဝါရီ ၁၈ ရက်က စတင်ပြသ ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်အထိ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ပြပွဲ တွင် သြစတြေးလျ အနုပညာရှင် Lukas Birk ဆိုသူ စုဆောင်း ထားသည့် ဓာတ်ပုံများကို ပြသ ထားသည်။ Lukas Birk သည် မြန်မာနိုင်ငံသို့ ၂၀၁၃ တွင် စတင် လာရောက်ပြီး ရှေးဟောင်း ပစ္စည်း ရောင်းဝယ်သူများထံ သိမ်းဆည်းထားသော ဓာတ်ပုံ မှတ်တမ်းများနှင့် ဓာတ်ပုံ စတူ ဒီယိုများမှ ဓာတ်ပုံများကို စုဆောင်းကာ ငါးနှစ်အကြာတွင် ယခုကဲ့သို့ ပြပွဲပြုလုပ်ခြင်းဖြစ် သည်။ ၎င်းစုဆောင်းထားသည့် ဓာတ်ပုံတစ်သောင်းကျော်အနက် ၄၀၀ ကျော်ကို ယခုပြပွဲ၌ ပြသ ထားသည်။

ထိုကဲ့သို့ သမိုင်းအစဉ်အလာ ကြီးသည့် နေရာတွင် ပြုလုပ်သည့် ပြပွဲဖြစ်၍ လာရောက်သူများပြီး လာရောက်သူများထဲ၌ အနုပညာ ခံစားလို၍ လာရောက်သူများ ရှိ သကဲ့သို့ အနုပညာ ခံစားရန် မ ဟုတ်ဘဲ အလှဓာတ်ပုံရိုက်ရန် သက်သက်ဖြင့် လာရောက်သူများ လည်းရှိကြောင်း ပြပွဲမှ လုံခြုံရေး တစ်ဦးက ပြောသည်။

‘‘အနုပညာကို ခံစားဖို့ထက် ကိုယ်တိုင် ဓာတ်ပုံရိုက်ဖို့ပဲ အား သန်နေတဲ့အတွက် လိုအပ် သ လောက် အနုပညာမခံစားမိဘဲ ဓာတ်ပုံရိုက်ပြီး ပြန်သွားကြတာ တွေလည်း အများစုတွေ့ရတယ်။ ၆၀ ရာခိုင်နှုန်းက ဓာတ်ပုံရိုက်ဖို့ လာကြပြီး ၄၀ ရာခိုင်နှုန်းလောက် ပဲ ဓာတ်ပုံတွေကို လေ့လာချင်လို့ လာတာမျိုးတွေလည်း တွေ့ရ တယ်’’ဟု ပြပွဲတာဝန်ခံက ပြော သည်။

အဆိုပါဝန်ကြီးများရုံးကို အနော်မာအနုပညာအဖွဲ့က ရန် ကုန်တိုင်းဒေသကြီးအစိုးရ ခွင့် ပြုချက်ဖြင့် နှစ် (၅၀)မြေငှားရမ်း၍ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေကြောင်း ဝန်ကြီး များရုံး (The Secretariat) ဖေ့စ်ဘွတ်ခ်တွင် သတင်းထုတ်ပြန် ထားသည်။

အနော်မာအနေဖြင့် ဝန်ကြီး များရုံးကို ပြုပြင်မွမ်းမံမှုများ ပြု လုပ်ပြီး အာဇာနည်များပြတိုက်၊ လွှတ်တော်ပြတိုက်၊ အနုပညာပြခန်းများ၊ မြန်မာတိုင်းရင်းသား ရိုးရာပစ္စည်းပြခန်းများ၊ ရုံးခန်းများကို အဆင့်အလိုက် ဖွင့်လှစ်မည့်အပြင် ၁၆ ဧက ကျယ်ဝန်းသော မြေနေရာပေါ်တွင် ပြည်သူများ အပန်းဖြေနိုင်မည့် ဥယျာဉ်(Park) နှင့် အခမ်းအနားများ ကျင်းပရန် မြက်ခင်းပြင်ကျယ်တစ်ခုကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

ထို့အပြင် သမိုင်းအမွေအနှစ် ထိန်းသိမ်းခြင်းအပြင် ရန်ကုန်မြို့ တွင်း မွန်းကျပ်မှုများ ပြေပျောက် စေရေး၊ အများပြည်သူ အပန်း ဖြေရန်၊ အခမ်းအနားများကျင်းပ ရန်၊ အများပြည်သူဗဟိုဌာန (People's Center)တစ်ခု ဖြစ် ထွန်းလာစေရန်နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကမ္ဘာလှည့်ခရီး သွားများ ဆွဲဆောင်ရာနေရာတစ် ခု ဖြစ်လာစေရန်ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

ယခု ဓာတ်ပုံပြပွဲသည် သ မိုင်းဝင်အဆောက်အအုံသို့ ဝင် ရောက်ခွင့်ရသည့် ခြေလှမ်းများ ထဲမှ တစ်ခုသာဖြစ်ပြီး ဆက်လက် ၍ အဆိုပါသမိုင်းဝင် အဆောက် အအုံသို့ ပြန်လည်ခြေချရန် ရန် ကုန်မြို့သူမြို့သားများက မျှော် လင့်နေသည်။

ပြပွဲတွင် ၁၉၀၀ ပြည့်နှစ် နောက်ပိုင်းမှ ၂၀၁၂ အထိ ဓာတ် ပုံများ  ပြသထားပြီး စတူဒီယို၌ ရိုက်ကူးသော ဓာတ်ပုံများ၊ အပျော်တမ်းနှင့် ပုဂ္ဂလိကဓာတ် ပုံများ၊ စာနယ်ဇင်းနှင့် ကြော်ငြာ သုံးဓာတ်ပုံများ ပါဝင်သည်။

ဓာတ်ပုံများကို ၁၉၁၀ မှ ၁၉၄၀၊ ၁၉၅၀ နှင့် ၁၉၆၀ ဟူ၍ ပြခန်းသုံးခုခွဲ၍ ပြသထားသည်။ ယင်းဓာတ်ပုံများတွင် မြန်မာနိုင်ငံ ၌ ပထမဆုံး ဓာတ်ပုံဆရာအဖြစ် ရောက်ရှိလာသော အိန္ဒိယနိုင်ငံမှ ဓာတ်ပုံဆရာ၏ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရိုက်ကူးခဲ့သည့် သမိုင်းဝင်ဓာတ်ပုံများ၊ မြန်မာ ဓာတ်ပုံဆရာများ၏ သမိုင်းဝင် ဓာတ်ပုံများကို ပြသထားသည်။

‘‘မြန်မာ့သမိုင်းမှာရှိတဲ့ ဓာတ်ပုံဆရာတွေရဲ့ အကြောင်း ကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းထားပေးတဲ့ ဓာတ်ပုံပြ ပွဲလည်းဖြစ်တယ်။ မြန်မာ့သမိုင်း ဓာတ်ပုံဆရာတွေရဲ့ မော်ကွန်း ထိန်းတစ်ခုလည်းဖြစ်တယ်’’ဟု ပြပွဲတာဝန်ခံကိုဝင်းထက်က ပြော သည်။

ပြပွဲကို ဝန်ကြီးများရုံး တောင်ဘက်ခြမ်းတွင် ပြုလုပ်ပြီး အသစ်စက်စက် တည်ထောင် ထားသော ပဉ္စရသ အနုပညာအဖွဲ့ နှင့် အနော်မာအနုပညာအဖွဲ့တို့ ၏ ပထမခြေလှမ်းတစ်လှမ်း လည်းဖြစ်သည်။ သမိုင်းဝင် အဆောက်အအုံအတွင်း ခြောက် လတာ အနုပညာနှင့် ယဉ်ကျေးမှု အစီအစဉ်တစ်ရပ် ဖန်တီးရန်ဖြစ် ကြောင်း ဂျာမန်ဘာသာစကားနှင့် ယဉ်ကျေးမှုဌာန Goeghe-Institut Myanmar က ထုတ်ပြန် ထားသည်။

၁၀ စုနှစ်တစ်ခုကြာ ဝင်ခွင့် မရခဲ့သော အဆောက်အအုံကြီး ထဲ ဝင်ရောက်လိုခြင်း၊ မိမိတို့ မမီ လိုက်သော ခေတ်၏ပုံရိပ်များကို ကြည့်ရှုလိုခြင်းနှင့် အလှဓာတ်ပုံ ရိုက်လိုခြင်း စသည့် အကြောင်း ပြချက်အမျိုးမျိုးဖြင့် လာရောက် လေ့လာသူများပြားပြီး ပြပွဲလာ အရေအတွက်အခြားဓာတ်ပုံပြပွဲများထက် အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။

‘‘အန်တီတို့ မမီလိုက်တဲ့ ခေတ်ကပုံတွေလည်း တွေ့ရ တယ်။ မီတဲ့ခေတ်ကပုံတွေလည်း တွေ့ရတယ်။ ဒီအတွင်းဝန်ရုံးပေါ် ပြတာတော့ ပိုကြိုက်တယ်လေ။ တစ်ခါမှလည်း မရောက်ဖူးဘူး။ တခြားနေရာမှာ ပြမယ်ဆိုရင် ခုလောက် သွားဖြစ်မှာမဟုတ်ဘူး’’ ဟု ပြပွဲလာရောက်သူ ဒေါက်တာ မြတ်ဆုခင်က ပြောသည်။

ပြပွဲတွင် ဓာတ်ပုံများသာ မကဘဲ ဓာတ်ပုံနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ၊ ဓာတ်ပုံ ဆေးခြယ်သည့်နည်းများကိုလည်း ပြသထားသည်။ ပြပွဲသို့ တစ်ရက် လူသုံးထောင်ကျော် လာရောက် ကြပြီး အများဆုံး ငါးထောင်ခန့် လာရောက်ကြောင်း ပြပွဲတာဝန်ခံ က ပြောသည်။

‘‘မမြင်ဖူးတဲ့ ဓာတ်ပုံတွေ ကြည့်ရတာ သိပ်ကို အံ့သြဖို့ ကောင်းပါတယ်။ ဒါတွေက အန် ကယ်တို့ အသက်တောင်မက တော့ပါဘူး။ အခုဓာတ်ပုံတွေက နှစ်ပေါင်း တစ်ရာလောက်က ဓာတ်ပုံတွေ တွေ့ရတာကို စိတ်ထဲကြည်နူးတာပေါ့။ ဒီဓာတ်ပုံတွေ ကြည့်ခြင်းအားဖြင့် အဖေ၊ အမေတွေ၊ အဘိုး၊ အဘွားတွေကို သွား သတိရတယ်’’ဟု ပြပွဲသို့ လာ ရောက်သည့် အသက် (၆၇)နှစ် အရွယ် ဦးခင်မောင်ဦးက ပြော သည်။

ဝန်ကြီးများရုံးဟောင်း (အ တွင်းဝန်များရုံး)ကို ၁၈၈၁ တွင် စတင်ဖောင်ဒေးရှင်းချခဲ့ပြီး ၁၉၀၅ တွင် တည်ဆောက်ပြီးစီးခဲ့ သည်။ အဆောက်အအုံသုံးခုကို U ပုံ သဏ္ဌာန် ဆောက်ထားခြင်း ဖြစ်သည်။ အင်္ဂလိပ်လက်ထက် ကတည်းက အုပ်ချုပ်ရေးရုံးအဖြစ် အသုံးပြုခဲ့ပြီး လွတ်လပ်ရေးရပြီး ခေတ်၌ တိုင်းပြုပြည်ပြုလွှတ် တော် တည်ရှိသည့်အဆောက် အအုံဖြစ်သည်။ ဗမာပြည် လွတ် လပ်ရေးရပြီးနောက် ပထမဆုံး အလံကို ဝန်ကြီးများရုံးတွင် လွှင့် တင်ခဲ့သည်။

Top News