ဦးကိုနီလုပ်ကြံခံရမှု နောက်ကွယ်မှစေခိုင်းသည့် အခြားအဖွဲ့အစည်းရှိနေနိုင်သေးကြောင်း တရားလိုရှေ့နေပြော

သေနတ်သမားကြည်လင်းအား ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

တရားလွှတ်တော်ရှေ့ နေဦးကိုနီလုပ်ကြံခံရမှုတွင် လူ သတ်သမားကြည်လင်းကို နောက် ကွယ်က စေခိုင်းသူများသည် လက်ရှိ ရုံးရှေ့တရားရင်ဆိုင်နေ သူများအပြင် အခြားအဖွဲ့အစည်း တစ်ခု ရှိနိုင်သေးကြောင်း တရားလိုရှေ့နေ ဦးခင်မောင်ဌေးကမတ်လ ၉ရက်ရုံးချိန်းအပြီး၌ ပြောသည်။ 

လူသတ်သမားကြည်လင်း က ဦးကိုနီကိုသေနတ်ဖြင့် နောက်မှ ပစ်ခတ်မှုမပြုမီ သေနတ်ဖြင့်ချိန်နေသည့် ဓာတ်ပုံ ကို သက်သေတင်သွင်းမှုနှင့် ပတ် သက်၍ တရားခံရှေ့နေဘက်က မေးခွန်းထုတ်မေးမြန်းမှုများ အ ပေါ်အခြေခံ၍ နောက်ကွယ်ကစေ ခိုင်းသည် အခြားအဖွဲ့တစ်ဖွဲ့ထပ် မံရှိနိုင်သေးကြောင်း ဦးခင်မောင် ဌေးက သုံးသပ်ပြောကြားသည်။ 

‘‘ကြည်လင်းနဲ့ပတ်သက်ပြီး ဦးကိုနီကို လုပ်ကြံနေတဲ့ပုံကို ကျွန်တော်တို့တရားလိုဘက်က သက်သေခံသွင်းတယ်။ အဲဒီပုံက ဘယ်နေရာက ရိုက်ထားတာ၊ အောင်ဝင်းခိုင်၊ အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ နဲ့မဆိုင်ဘူးဆိုရင် စွဲချက်မတင် ခင်ကတည်းက သူတို့မေးခွန်း ထုတ်ရမှာ။ အခုကကြည်လင်းရှေ့နေက မေးခွန်းထုတ်လာတယ်ဆိုတော့ ဒီတင်မကသေးဘူး နောက်ထပ် ကြည်လင်းကိုခိုင်းစေနေတဲ့သူ သူတို့ ထုတ်ပြောလာတာလေ။ အခု ကျွန်တော်တို့လည်း မသိသေးတဲ့အတွက် မနေ့ကမေးလာမှ ကျွန်တော်တို့သိတာ’’ ဟု၎င်းကပြောသည်။ 

ကလေးချီကာ အငှားယာဉ် ကားပါကင်ဘက်သို့ မျက်နှာမူနေ သည့် ဦးကိုနီကို ကြည်လင်းက နောက်မှ သေနတ်ဖြင့်နောက်စေ့ကို ချိန်နေသည့်ဓာတ်ပုံ ထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ နောက်ကွယ်တွင် အကြောင်းတစ်ခုခုရှိနိုင်ကြောင်း အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ရှေ့နေ ဦး အောင်ခိုင်က ပြောသည်။ 

‘‘မည်သူမဆိုသေနတ်သံ ကြားမှသာသိကြတာ။ အဲဒီချိန်မှာ ဆိုရိုက်လို့မမီတော့ဘူးလေ။ အခု က ချိန်တဲ့ပုံရတာဟာ အကြောင်း ရှိတယ်လို့ ကျွန်တော်တို့ထင် တယ်။ ကြိုတင်ပြီးတော့ မပစ်ခင် ကတည်းက ပစ်တဲ့သူနောက်က စောင့်ကြည့်ပြီးတော့ ဓာတ်ပုံရိုက် တာပဲ။ အဲဒီဓာတ်ပုံကို ဘယ်က နေရသလဲဆိုတာကို ကျွန်တော် တို့စီအိုင်ဒီကိုမေးရမယ်။ သက် သေခံအဖြစ်တော့တရားရုံးက လက်ခံထားတယ်’’ ဟု ဦးအောင် ခိုင်ကပြောသည်။ 

ယမန်နေ့မတ်လ ၈ရက်ရုံး ချိန်းတွင် စီစီတီဗီမှတ်တမ်းနှင့် ပတ်သက်၍ ပြန်ခေါ်သက်သေ များခေါ်ယူမေးမြန်းရာ သေနတ် သမားကြည်လင်းက ရှေ့နေဦးကို နီကိုပစ်ခတ်ရန် ပြုလုပ်နေသည့် ဓာတ်ပုံသည် လေဆိပ်လုံခြုံရေးစီ စီတီဗီကင်မရာ မဟုတ်ကြောင်း စီစီတီဗီစောင့်ကြည့်ရေးဝန်ထမ်း ကထွက်ဆိုထားသည်။ 

‘‘အဲဒီပုံ ဘယ်ကထွက်တဲ့ ပုံလဲ။ ဖေ့စ်ဘွတ်ခ်ကဆို ဘယ် အကောင့်ကထွက်တာလဲ။ အ ကောင့်အစစ်လား၊ အတုလား အဲ ဒါကောပေါ်ပေါက်မှုရှိသလား။ အဲဒီပုံကသိပ်အရေးကြီးတယ်’’ ဟု ဦးအောင်ခိုင်က ပြောသည်။ 

ကြည်လင်းက ဦးကိုနီကို နောက်မှ သေနတ်ဖြင့်ချိန်ထား သည့် ဓာတ်ပုံသည်ဦးကိုနီလုပ်ကြံ ခံရပြီး မိနစ်ပိုင်းအတွင်း အလျင်အမြန်ပျံ့နှံ့ခဲ့ပြီး မူလတင်သူမည်သူမှန်းမသိရှိခဲ့ရပေ။ 

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ် သက်၍ မတ်လ ၉ရက်က ၄၈ ကြိမ်မြောက်ရုံးချိန်းတွင် ပြန်ခေါ် သက်သေများအဖြစ် ကြည်လင်း တည်းခိုသည့် ဘုန်းကြီးကျောင်းမှ ဆရာတော်ဦးဝိဇယ၊ ဦးကိုနီ သမီးဒေါက်တာ ယဉ်နွယ်ခိုင်၊ ရဲအုပ်ဇော်နိုင်အောင်၊ ရဲမှူးဌေး အောင်နှင့် ဒုရဲ မှူးမြထွန်းကျော်တို့ ငါးဦးကို စစ်ဆေးခဲ့သည်။ 

တရားခံရှေ့နေများက ပြန် ခေါ်သက်သေအဖြစ်တင်သွင်း ထားသည့် သက်သေ ၃၇ဦးအ နက် ပြန်ခေါ်သက်သေ ၂၆ဦးကို စစ်ဆေးပြီးဖြစ်သည်။ 

Top News