မြန်မာသံစဉ်သီချင်းတွေနဲ့ ဖျော်ဖြေပွဲပြုလုပ်မယ့် ဟေမာနေ၀င်း

လာမည့် သီတင်းကျွတ်တွင် မြန်မာသံစဉ်သီချင်း သီးသန့်ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်နေကြောင်း အဆိုတော် ဟေမာနေ၀င်းကပြောသည်။

‘အဲဒါကတော့ တခြားဟာနဲ့ မရောဘူး။ မြန်မာသံစဉ်သီးသန့်လုပ်မှာပါ။မမကမြန်မာသံလည်း ဆိုတယ်ဆိုတော့ ပရိသတ် တွေရော၊ အသိမိတ်ဆွေတွေကရော လုပ်စေချင်တယ်။ အဲဒါ ကြောင့် မမလုပ်ဖို့စီစဉ်နေတာပါ။ အမျိုးသားကဇာတ်ရုံမှာပဲ လုပ်ဖြစ်မယ် လို့ထင်ပါတယ်’ ဟု ၎င်းကပြောသည်။

ပွဲအစီအစဉ်များနှင့်ပတ်သက်၍ သေချာပုံဖော်ရန် အချိန် ယူနေပြီး ယင်းအပြင် Special Guest အများအပြားပါဝင်သီဆို မည်ဖြစ်၍  ပရိသတ်ကြိုက်အောင်ကြိုးစားမည်ဟုဆိုသည်။

‘‘မြန်မာဆန်တဲ့သီချင်းတွေကို တစ်ယောက်တည်းလည်း ဆိုမယ်။ နောက်စုံတွဲလည်းဆိုဖို့ စဉ်းစားထားပါတယ်။ အခွေ ပြန်ထုတ်ဖြစ်၊ မဖြစ်ကတော့မသေ ချာသေးဘူး။ အဲဒီထိမစဉ်းစားရသေးပါဘူး။ ရှိုးပွဲလေးပဲအရင် လုပ်ဖို့စဉ်းထား ပါတယ်’’ ဟု ဟေမာနေ၀င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာက  မြန်မာပြည်သိန်းတန်နှင့်အတူ ရန်ကုန်လိုက်မယ် အမည်ရှိသည့် သီချင်းခွေတစ်ခွေထွက်ရှိခဲ့ သည်။

လက်ရှိ ဂီတလှုပ်ရှားမှုများနှင့်ပတ်သက်၍ တစ်ကိုယ်တော် တေးစီးရီးအတွက် သီချင်းများ စုဆောင်းနေသကဲ့သို့ Single Song  အနေဖြင့် သီချင်းများ တစ်ဦးချင်း တင်ပေးသွားရန်ရှိ ကြောင်း အဆိုတော် ဟေမာနေ၀င်းကပြောသည်။

Top News