တောင်ကိုရီးယား အမျိုးသား မီးသတ်အေဂျင်စီရဲ့ ဂုဏ်ထူးဆောင် သံအမတ်တွေဖြစ်လာတဲ့ GOT7 အဖွဲ့

 တောင်ကိုရီးယားအမျိုး သား အဆိုတော်အဖွဲ့ GOT7 အ ဖွဲ့ဝင်များသည် အမျိုးသားမီး သတ်အေဂျင်စီ၏ ဂုဏ်ထူးဆောင် သံအမတ်များအဖြစ် ခန့်အပ်ခြင်း ခံရသည်။

အမျိုးသား မီးသတ်အေဂျင် စီ၌ မတ်လ ၉ ရက်က ကျင်းပသော တရားဝင် ရာထူးအပ်နှင်းပွဲအခမ်း အနားတွင် GOT7 အဖွဲ့တက် ရောက်ဆင်နွှဲခဲ့သည်။

‘‘ပြည်တွင်းရော ပြည်ပမှာ ပါ ပရိသတ်အများကြီးရှိတဲ့ GOT7 အဖွဲ့ကို အမျိုးသား မီးသတ်အေဂျင်စီရဲ့ ဂုဏ်ထူးဆောင် သံအ မတ်တွေအဖြစ် ခန့်အပ်ခဲ့တာ ကျွန်တော်အလွန်ပဲ ပျော်ရွှင်မိပါတယ်။ GOT7 အဖွဲ့ရဲ့ လူသိများထင်ရှား မှုဟာ ပြည်သူတွေရဲ့ အသက်အိုး အိမ်စည်းစိမ်တွေကို ကာကွယ် စောင့်ရှောက်သူတွေဖြစ်တဲ့ မီး သတ်သမားတွေရဲ့ ပုံရိပ်ကို မြှင့် တင်ပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်’’ ဟု မီးသတ် အေဂျင်စီအကြီးအကဲ ဂျိုဂျောင် မွတ်ခ်က မှတ်ချက်ပေးပြောကြား သည်။

ထို့အပြင် GOT7 အဖွဲ့သည် မီးသတ်အေဂျင်စီ၏ S.A.V.E ရန်ပုံငွေ ထူထောင်ရေးပွဲတွင် လည်း ပါဝင်ဆင်နွှဲပြီး ရရှိလာ သည့် အကျိုးအမြတ်များကို မီး သတ်သမားများနှင့် မီးဘေးသင့် ပြည်သူများအား လှူဒါန်းမည် ဖြစ်သည်။

    လတ်တလောတွင် GOT7  အဖွဲ့သည် မတ်လ ၁၂ ရက်၌ ဖြန့်ချိမည့် Eyes on You အမည်ရှိ မီနီအယ်လ်ဘမ်အတွက် ပြင်ဆင် နေသည်။   —Ref:Soompi.com

Top News