အကယ်ဒမီပေးပွဲတွင် အကူမောင်မယ်များအဖြစ် အနုပညာရှင်များ၏ ရင်သွေးများကို ရွေးချယ်ထား

 ၂၀၁၇ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အကူ မောင်မယ်များအဖြစ် အနုပညာ ရှင်များ၏ ရင်သွေးများကို ရွေး ချယ်ထားကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

‘‘ရွှေကြိုရွေးချယ်မယ်ဆိုရင် အချိန်သုံးလလောက်ကြာမယ်။ အဲဒီအချိန်အတွက် အနုပညာ သမားတွေကလည်း အချိန်မပေး နိုင်တော့ အခုလိုပဲ ရွေးချယ်ဖြစ် တာ’’ဟု ၎င်းကပြောသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး ပွဲ အကူမောင်မယ်ရှစ်ဦးရွေးချယ် ပြီး သရုပ်ဆောင်အိစိကွေး၊ ဒါရိုက်တာ ရွှေပြည်ကတုံးသား အားသစ်၊ ချိုပြုံးမြေး ဝင်းခန့်မိုး၊ မေသဉ္ဇာဦးသား မင်းသုခိုင်၊ မင်းမော်ကွန်းသမီး လေပြည် သွေး၊ ခိုင်သင်းကြည်သမီး စံထိပ် ထားဦး၊ အရိုင်းသမီး ပန်းနုမေပျို နှင့် တင်ဇာဝင်းပြည့်သမီး စန္ဒြာ ရွှေရည်တို့ကို ရွေးချယ်ခဲ့သည်။

အနုပညာရှင်များ၏ ရင် သွေးများအနက် လက်ရှိ အနုပညာအလုပ် လုပ်ကိုင်သူများကို ရွေး ချယ်ခဲ့ပြီး မတ်လ ဒုတိယပတ် အတွင်း လေ့ကျင့်မည်ဖြစ်သည်။

‘‘အရင်နှစ်တွေဆိုရင် အပြင် ကပဲ ရွေးချယ်တာ။ အခုနှစ်ကျ တော့ ကျွန်တော်တို့ မျိုးဆက်သစ် တွေကို အခုလို ပွဲထုတ်ပေးတဲ့ အတွက် ကျေးဇူးလည်းတင် တယ်။ ကူညီပေးရမယ့်အတွက် လည်း ဝမ်းသာတယ်’’ဟု အိစိ ကွေးက ပြောသည်။

ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ပွဲ တွင် ယခင်က အကယ်ဒမီဗန်း ကိုင်များက ကူညီဆောင်ရွက်ပြီး ပြီးခဲသည့် ၂၀၁၃ အတွက်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲက စတင်၍ အကယ်ဒမီဗန်းကိုင် နေရာ၌ ရွှေကြိုဟု ပြောင်းလဲ၍ လူရွေးချယ်ပွဲများ ဆောင်ရွက်ခဲ့ သည်။ ၂၀၁၇ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်တွင် မင်းဓမ္မလမ်းရှိ Myanmar Event Park ၌ ပြုလုပ်မည်ဖြစ်ပြီး ၂၀၁၇ အတွင်း ရုံတင်သည့် ရုပ်ရှင်ဇာတ် ကား ၅၃ ကားမှ ထူးချွန်ဆုများ ရွေးချယ် ချီးမြှင့်မည်ဖြစ်သည်။

Top News