မကွေးနည်းပညာတက္ကသိုလ်တွင် ကျောင်းတွင်းသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပ

မကွေးနည်းပညာတက္ကသိုလ်ကျောင်းတွင် သင်္ကြန်ပွဲတော် ကျင်းပနေစဉ် (ဓာတ်ပုံ − မိုးကျော်)

မကွေးနည်းပညာတက္က သိုလ်၌ ကျောင်းတွင်းသင်္ကြန်ပွဲ တော်ကို မတ်လ ၉ ရက်တွင် စည် ကားစွာ ကျင်းပခဲ့သည်။

ထိုသို့ကျင်းပနိုင်ရန် အတန်း အသီးသီးရှိ ကျောင်းသား EC များနှင့် တိုင်ပင်ဆွေးနွေး၍ သင်္ကြန် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း ပြီး ယင်းကော်မတီအောက် တွင် ဧည့်ခံဖျော်ဖြေရေးကော်မ တီ၊ ရေရရှိရေး ကော်မတီနှင့် ဧည့်ခံကျွေးမွေးရေးကော်မတီ သုံးခုကို စနစ်တကျဖွဲ့စည်း၍ ကျင်းပ ခဲ့ကြောင်း မကွေးနည်းပညာတက္က သိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုချစ်ဝင်းမောင်က ပြော ကြားသည်။

‘‘အခုလိုကျင်းပတာ ပျော်ပွဲရွှင်ပွဲ သက်သက်တစ်ခုတည်းကို ရည်ရွယ်တာမဟုတ်ပါဘူး။ ကျွန် တော်တို့ ကျောင်းသူ၊ ကျောင်း သားတွေရဲ့ ညီညွတ်မှု၊ အချင်း ချင်း ချစ်ခင်ရိုင်းပင်းမှု၊ ရင်းနှီးမှု နဲ့ ပြဿနာမရှိဘဲ စည်းကမ်းရှိရှိ နဲ့ လုပ်ဆောင်နိုင်တယ်ဆိုတာကို လည်း ပြတာပါ’’ဟု မကွေးနည်း ပညာတက္ကသိုလ်ကျောင်းသား များ သမဂ္ဂဒုဥက္ကဋ္ဌကိုသန့်ဇင်ထွန်း က ပြောသည်။

သင်္ကြန်ပွဲတွင် စတုဒိသာ အ ကျွေးအမွေးများ၊ ရေကစားမဏ္ဍပ် များ၊ သင်္ကြန်ယိမ်းအကများ၊ သီ ဆိုဖျော်ဖြေမှုများနှင့် စည်းကမ်းရှိ ရှိ စနစ်တကျ ဆောင်ရွက်ထား ပြီး လိုအပ်ချက်များကို ပါမောက္ခ ချုပ်နှင့် ဆရာ၊ ဆရာမများက ကူ ညီဆောင်ရွက်ကြောင်း ၎င်းက ဆိုသည်။

‘‘ကျောင်းမှာ ပညာသင်နေ တဲ့ အချိန်ဆိုတော့ စာတွေနဲ့ န ပန်းလုံးနေရတာက များပါတယ်။ အခုလို သင်္ကြန်ပွဲလေးလုပ်လိုက် တော့ ခဏတာစိတ်အပန်းဖြေမှု လည်း ရတယ်။ ကျောင်းသား၊ ကျောင်းသူ ညီအစ်ကိုမောင်နှမ တွေရဲ့ စည်းလုံးညီညွတ်မှု၊ စည်း ကမ်းရှိမှုကိုလည်း ပြနိုင်တယ်လို့ မြင်ပါတယ်’’ဟု တတိယနှစ် EC  ကျောင်းသူ မယွန်းအိခိုင်က ပြော သည်။ နည်းပညာတက္ကသိုလ် ကျောင်းတွင်းသင်္ကြန်ပွဲကို မကွေး မြို့ရှိ အခြားတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူ သူငယ်ချင်းများအား ဖိတ်ကြားခဲ့သည်။ ထိုသို့ကျောင်းတွင်း သင်္ကြန်ပွဲ တော်ကို မကွေးတက္ကသိုလ်တွင် လည်း ကျင်းပမည်ဖြစ်ကြောင်း မကွေးတက္ကသိုလ်ဘူမိဗေဒ ဒုတိ ယနှစ်ကျောင်းသား ကိုအောင် ထက်ဟိန်းက ပြောသည်။

မကွေး နည်းပညာတက္က သိုလ်တွင် ၂၀၁၇ ကစတင်၍ကျောင်းတွင်းသင်္ကြန်ပွဲတော် ကျင်းပခဲ့ပြီး ယခုနှစ်၌ ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်သည်။

Top News