ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ မြို့ဟောင်းအတွက် အသုံးပြုရန် လူနာတင်ယာဉ် လှူဒါန်း

ပျူမြို့တော်ဟောင်း ရွှေနန်းဦးဘုရားကျောင်းတွင် လူနာတင်ယာဉ်လှူဒါန်းပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

 ကမ္ဘာ့အမွေအနှစ် စာရင်း ဝင် သရေခေတ္တရာပျူမြို့ဟောင်း အတွက် လူနာတင်ယာဉ်တစ်စီး လှူဒါန်းပွဲကို မြို့ဟောင်းဇုန် အ တွင်းရှိ ရွှေနန်းဦးဘုရားကျောင်း ဝင်းတွင် မတ်လ ၁၀ ရက်က ပြုလုပ်ခဲ့သည်။

သရေခေတ္တရာ ပျူမြို့ ဟောင်း ဒေသခံပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့် သည်များ၏ အရေးပေါ်ကျန်းမာ ရေးစောင့်ရှောက်မှု အထောက် အကူဖြစ်စေရန် ရည်ရွယ်ပြီး ဂျပန်နိုင်ငံအခြေစိုက် Minzoku Forum နှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (Myanmar Cultural Hearitage Trust)တို့က ကျပ်သိန်းငါးရာကျော်တန်ဖိုးရှိ လူနာတင်ယာဉ်တစ်စီး လှူဒါန်းခဲ့ ကြောင်း မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာ ခင်က ပြေသည်။

‘‘လှူဒါန်းမှုပြုတဲ့အခါ ရည် ရွယ်ချက်က အမျိုးမျိုးရှိကြပါ တယ်။ ကျွန်မတို့ အခုလှူဒါန်းမှု ကတော့ ဒေသအတွက် လိုအပ် နေတဲ့ ကွက်လပ်လေးတစ်ခုကို ဖြည့်ဆည်းပေးခြင်းပါပဲ’’ဟု ၎င်း က ပြောသည်။ လူနာတင်ယာဉ် ကို ဒေသခံလူငယ်များနှင့် ဖွဲ့ စည်းထားသည့် ခေတ္တရာဂုဏ် လူမှုကူညီရေးအသင်းက တာဝန် ယူ အသုံးပြုမည်ဟု ယင်းအသင်း ဥက္ကဋ္ဌ ဦးမြင့်သောင်းက ပြော သည်။‘‘လူနာတင်ယာဉ်နဲ့ပတ် သက်တဲ့ လူမှုကူညီကယ်ဆယ် ရေး၊ ရှေးဦးသူနာပြုစုနည်းတွေ ကို အသင်းက ဒေသခံလူငယ်တွေ သင်တန်းတက်ထားပါတယ်’’ဟု ၎င်းက ပြောသည်။ လူနာတင် ယာဉ်လှူဒါန်းပွဲတွင် ဒိန်းမတ်နိုင်ငံမှ လှူဒါန်းသည့် လက်ပ်တော့ ငါးလုံးကိုလည်း ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး၌ အသုံးပြုနိုင်ရန် လှူဒါန်းခဲ့သည်။

Top News