မင်းမင်းဦးအလှသစ်ဇာတ်အဖွဲ့ယာဉ် တိမ်းမှောက်မှု သေဆုံးသူခုနစ်ဦးရှိလာ

တိမ်းမှောက်ခဲ့သည့် မင်းမင်းဦးဇာတ်အဖွဲ့ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − နောင်ချိုမီဒီယာgroup)

ရှမ်းပြည်နယ် ရပ် စောက်မြို့တွင် ကပြဖျော်ဖြေပြီး ပြန်လာသည့် မင်းမင်းဦးအလှ သစ်ဇာတ်အဖွဲ့ယာဉ်တိမ်းမှောက် မှု၌ သေဆုံးသူခုနစ်ဦးအထိ ရှိလာ ကြောင်း မြန်မာနိုင်ငံသဘင်ပညာ ရှင်များအစည်းအရုံး (ဗဟို) ဒုဥက္ကဋ္ဌ ဦးနေဝင်းက ပြောသည်။ 

မန္တလေးမြို့မှ မင်းမင်းဦးအ လှသစ်ဇာတ်အဖွဲ့ကို တင်ဆောင် လာသော ယာဉ်သည် မတ်လ ၉ ရက်ညနေက ရပ်စောက်-နောင် ချိုကြားရှိ တံတားအနီးတွင် ဘရိတ်ပေါက်၍ ချောက်ထဲကျကာ တိမ်းမှောက်ခဲ့ပြီး အဆိုပါနေ့၌ပင် သေဆုံးသူခြောက်ဦးနှင့် ဒဏ်ရာရသူ ၁၇ ဦးရှိခဲ့သည်။ 

မတ်လ ၁၀ ရက်တွင် သေ ဆုံးသူတစ်ဦးထပ်တိုးလာခြင်းဖြစ် သည်။ 

‘‘မန္တလေးကို ပို့လိုက်တဲ့ တစ် ယောက်က ဒီနေ့မနက်(မတ်လ ၁၀ ရက်)ကပဲ ဆုံးသွားတယ်။ ဒဏ်ရာရသူတွေထဲက တစ် ယောက်ကတော့ ဦးနှောက်နဲ့ အာ ရုံကြောဌာနမှာ တင်ထားပြီး စိုးရိမ် ရတဲ့အခြေအနေလို့ ပြောရမယ်။ ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရ တော့ပါဘူး’’ဟု ဦးနေဝင်းက ပြောသည်။ 

သေဆုံးသူများ၏    ရုပ်အလောင်းများကို သင်္ဂြိုဟ်ခြင်း၊ နေအိမ်သို့ သယ်ဆောင်ခြင်းများကို မိသားစုဝင်များ၏ဆန္ဒအတိုင်း ဆောင်ရွက်ပေးနေပြီး မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးက ဆေးရုံတက်ကုသမှု ခံယူနေသူများအား လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ  ပေးနေ ကြောင်း ဦးနေဝင်းက ပြောသည်။ 

မင်းမင်းဦးအလှသစ်ဇာတ် အဖွဲ့သည် ရှမ်းပြည်နယ်တောင် ပိုင်း ရပ်စောက်မြို့ ဘုရားထီးတင် ပွဲတွင် မတ်လ ၇ ရက်က ဖျော်ဖြေပြီး မန္တလေးမြို့သို့အပြန် ယခုကဲ့သို့ ယာဉ်တိမ်းမှောက်ခဲ့သည်။ ယာဉ်ပေါ်တွင် ဇာတ်အဖွဲ့သား ၄၀ ဦး လိုက်ပါလာကြောင်း နောင်ချို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူက ပြောသည်။ 

Top News