ဆေးခြောက်မှုဖြင့် ထောင်ကျနေသူ၏ သားထံမှ ဆေးခြောက်များ ထပ်မံဖမ်းမိ

 အောင်လံမြို့တွင် ဆေးခြောက်လက်ဝယ်တွေ့ရှိမှု ဖြင့်ထောက်ကျနေသူ၏ သားဖြစ် သူထံမှ ဆေးခြောက်များထပ်မံ တွေ့ရှိသဖြင့် မူးယစ်မှုဖြင့် ဖမ်းဆီးထားကြောင်း မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးတာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

မူးယစ်ဆေးဝါးသတင်းအရ မြို့မရဲတပ်ဖွဲ့စခန်းတာဝန်ရှိသူ များပါဝင်သော အဖွဲ့ဖြင့် အောင် လံမြို့ ဇေယျဝတီရပ်ကွက်အ တွင်းရှိ(၂၂)နှစ်အရွယ်အမျိုးသား တစ်ဦး၏ နေအိမ်ကိုဝင်ရောက် ရှာဖွေရာ ထရံတွင်ချိတ်ထား သည့်လွယ်အိတ်အတွင်းမှ ဆေး ခြောက် ၄ ဂရမ် သိမ်းဆည်းရမိခဲ့သည်။ ၎င်း၏ ထပ်မံပြောပြချက်အရ ယင်းအမျိုးသား၏ မိခင် အိမ်ခြံစည်းရိုးသစ်ပင်များအကြား တွင် စက္ကူဖြင့်ထုပ်ပိုးသိမ်းဆည်း ထားသည့်  ဆေးခြောက်ဂရမ် ၅၀ ကိုလည်း  ထပ်မံသိမ်းဆည်းရမိ ခဲ့ကြောင်း  ရဲတပ်ဖွဲ့စစ်ဆေးချက် မှတ်တမ်း၌ဖော်ပြထားသည်။ 

ယင်းအမျိုးသား၏ ဖခင် လည်း ဆေးခြောက်တွေ့မှု ကြောင့် လက်ရှိတွင် ထောက်ဒဏ် ကျခံနေရဆဲဖြစ်ကြောင်း အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးတာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။  

ဖမ်းဆီရမိသူ အမျိုးသားကို ဆက်လက်စစ်ဆေးရာ ယင်းဆေးခြောက်များသည် ၎င်း၏ ဖခင်နှင့် ရင်းနှီးသည့် အောင်လံမြို့နယ် ရွေပန်းတောကျေးရွာအုပ်စု ပျဉ်ပုံကျေးရွာ၌ နေထိုင်သူတစ်ဦးက မတ်လ ၃ရက်တွင် ၎င်းထံသို့လာရောက်ရောင်းချခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်း၌ ဖော်ပြထားသည်။ ‘‘ဆက်စပ်တရားခံကို ဖမ်း ဆီးရမိဖို့မူးယစ်တပ်ဖွဲ့က သက် ဆိုင်ရာနယ်မြေစခန်းနဲ့ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ အခု လက်ရှိ ဖမ်းဆီးရမိထားသူကို တော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါး များဥပဒေနဲ့ အမှုဖွင့်ထားတယ်’’ ဟု အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှုး ရုံးရဲအရာရှိတစ်ဦးကပြောသည်။ 

Top News