မြို့ ၂၂ မြို့တွင် မသန်စွမ်းများဦးဆောင်သော ငြိမ်းချမ်းရေးလှုပ်ရှားမှု ပြုလုပ်မည်

ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင်ပါဝင်မည့်မသန်စွမ်းအချို့ (ဓာတ်ပုံ−ကျော်ဇင်သန်း)

 မသန်စွမ်းသူများ ဦး ဆောင်ကာ ငြိမ်းချမ်းရေးလက် မှတ်ကောက်ခံခြင်း အပါအ၀င် ငြိမ်းချမ်းရေးအကြို လှုပ်ရှားမှုကို မြို့ ၂၂ မြို့တွင် ပြုလုပ်မည်ဟု မြန်မာနိုင်ငံ ခရစ်ယာန်မျက် မမြင်များ မိတ်သဟာယ(MCFB) အမှုဆောင် အတွင်းရေးမှူး ဒေါ်ရို စီငြိမ်းက ပြောသည်။

ရန်ကုန်မျက်မမြင်ကျောင်း (ခ၀ဲခြံ)က ဦးဆောင်ပြုလုပ်မည့် ၂၁ ရာစုပင်လုံညီလာခံတတိယ အကြိမ် ငြိမ်းချမ်းရေးအကြို လှုပ် ရှားမှုတစ်ရပ်အဖြစ် ‘‘ငြိမ်းချမ်းရေး တွဲလက်များ Wheel Chair ရထားအစီအစဉ်’’ အကြောင်းနှင့်ပတ်သက်၍ မတ်လ၁၀ ရက်က အဆိုပါကျောင်း၌ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ရည်ရွယ်သည့် မတ်လ ၁၆ ရက်မှ ဧပြီ ၈ ရက်အထိ ပြုလုပ်မည့် လှုပ် ရှားမှုတွင် ကော့သောင်းမြို့မှ ရန်ကုန်မြို့အထိ ၂၂ မြို့ပါဝင် မည်ဖြစ်သည်။ ၀ှီးချဲများဖြင့် လှည့်လည်ကာ ငြိမ်းချမ်းရေးတေး သီချင်းများ၊ ကဗျာများဖြင့် ဖျော် ဖြေတင်ဆက်ခြင်း၊ ငြိမ်းချမ်းရေး လက်မှတ်များ ကောက်ခံခြင်းနှင့် ရင်တွင်းစကားများစုဆောင်းခြင်း  တို့ ပြုလုပ်မည်ဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုပြုလုပ်ရန် မတ်လ ၁၄ ရက်တွင် ရန်ကုန်မြို့ မှ စတင်ထွက်ခွာမည်ဖြစ်ပြီး မတ်လ ၁၆ ရက်ကစ၍ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့ကို ဖြတ် သန်းပြီး ရန်ကုန်တိုင်းဒေသကြီးသို့ ပြန်လည်ဆိုက်ရောက်မည်ဖြစ် ကြောင်း ဒေါ်ရိုစီငြိမ်းက ပြော သည်။

‘‘ပြည်သူလူထုအကြား လူ မျိုးဘာသာမခွဲခြားဘဲ ငြိမ်းချမ်း ရေးစိတ်ဓာတ်ပေါ်လွင် ထင်ရှား စေဖို့အတွက် လုပ်တာပါ။ ကောက်ခံရရှိတဲ့ လက်မှတ်တွေ ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့ အစိုးရအ ဖွဲ့ကို ပေးပို့သွားမယ်’’ ဟု ၎င်းကဆိုသည်။

ကော့သောင်း၊ ခမောက် ကြီး၊ ဟန်က၀ိုင်း၊ ဘုတ်ပြင်း၊ လေညှာ၊ တနင်္သာရီ၊ မြိတ်၊ ပုလော၊ ပလောက်၊ သရက်ချောင်း၊ ထားဝယ်၊ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ကော့ကရိတ်၊ မြ၀ တီ၊ ဘားအံ၊ သထုံ၊ ကျိုက်ထို၊ ပဲခူးနှင့် ရန်ကုန် စသည့်မြို့များ တွင်လှည့်လည်မည်ဖြစ်သည်။

သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့်  ပြည်နယ်အစိုးရအဖွဲ့များ ထံ ဖြတ်သန်းသွားလာခွင့်ပြုရန် စာတင်ပြီး ၎င်းတို့၏ခွင့်ပြုချက် ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း MCFB  အထွေထွေအတွင်းရေးမှူး ဦးသိန်းလွင်က ပြောသည်။

ဝှီးချဲ(ဘီးတပ်လှည်း) မောင်း မည့် ကိုယ်အင်္ဂါမသန်စွမ်းသူ ၁၀ ဦး၊ တေးဂီတဖျော်ဖြေတင်ဆက် မည့် အမြင်အာရုံချို့တဲ့သူ ၁၀ ဦး၊ ငြိမ်းချမ်းရေးအကြောင်း တင်ပြ မည့် အမြင်အာရုံချို့တဲ့သူ နှစ်ဦး၊ အုပ်ချုပ်သူနှင့် ကူညီပံ့ပိုးသူ ၃၀ ဦးနှင့် အနုပညာရှင်များ၊ ငြိမ်းချမ်း ရေးကိုလိုလားသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ပါဝင်မည်ဖြစ် ကြောင်း ၎င်းကဆက်လက်ပြော သည်။

ယင်းခရီးစဉ်အတွင်း မသန် စွမ်းသူများကို နာရေးကူညီမှုအ သင်း(ရန်ကုန်) က ဆေးဝါးများ အခမဲ့ကူညီပေးမည်ဖြစ်ကြောင်း ဒေါ်ရိုစီငြိမ်းက ပြောသည်။

Top News