ပြည့်တန်ဆာတွေ တန်းတူညီမျှ အခွင့်အရေးရဖို့ မျှော်လင့်တဲ့ ဒါရိုက်တာဝိုင်း

 ရွှေကြာရုပ်ရှင်ရုံတင်ပြီး ချိန်တွင် ပြည့်တန်ဆာများအ တွက် တန်းတူညီမျှ အခွင့်အရေး တစ်ခုရရှိရန် မျှော်လင့်ကြောင်း ဒါရိုက်တာဝိုင်းက ပြောသည်။

‘‘ဒီလူတန်စားအပေါ်မှာ အစိုးရအနေနဲ့ ဖွံ့ဖြိုးပြီးသားနိုင်ငံ တွေလို မလုပ်ပေးနိုင်တာတွေ အများကြီးပါ။ ကျန်တဲ့လူတန်းစား တွေကိုလည်း အစိုးရက မဖြည့် ဆည်းပေးနိုင်သေးပါဘူး။ သို့ သော်ငြားလည်း လူလူချင်းတူတဲ့ တန်းတူညီမျှခွင့်ဆိုတာကိုတော့ အစိုးရအနေနဲ့ သတ်မှတ်ပေးသင့် ပြီလို့ ထင်တယ်’’ဟု ၎င်းက ပြော သည်။

ရွှေကြာရုပ်ရှင်သည် ပြည့်တန်ဆာဘဝသို့ ရောက်နေသည့် အမျိုးသမီးတစ်ဦးအကြောင်း ရိုက်ကူးထားခြင်းဖြစ်ပြီး ဖွေးဖွေး က ရွှေကြာအဖြစ် သရုပ်ဆောင် ထားသည်။

ယင်းဇာတ်ကားတွင် အဓိက သရုပ်ဆောင် ဖွေးဖွေးကလည်း ‘‘ဒီ ကားထဲမှာ ပြောသွားသလိုပါပဲ။ တရားမဝင်ဘူးဆိုတဲ့ ဥပဒေကို ဖယ်လိုက်ရင်ကို ရနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က Human Right (လူ့အခွင့်အရေး) အရမ်းကြွယ်ဝတဲ့နိုင်ငံ   မဟုတ် သေးဘူးလေ။ ပြည့်တန်ဆာလူ တန်းစားမှ မဟုတ်ဘူး။ တခြား လူတန်းစားတွေလည်း Human Right မရသေးပါဘူး’’ဟု ပြော သည်။  ယင်းဇာတ်ကားသည် စာ ရေးဆရာမ ပုညခင်၏အရှေ့တံ ခါးအဝင်ဝတ္ထုကို ရွှေကြာဟု အ မည်ပြောင်းကာ ရိုက်ကူးထားပြီး အလင်းရောင်၊ သင်ဇာဝင့်ကျော် နှင့် ဖွေးဖွေးတို့ ပါဝင်သရုပ်ဆောင် ထားသည်။

‘‘ကျွန်တော်ကတော့ အရှင်း ဆုံးပြောရရင် ဘာပဲဖြစ်ဖြစ် သူတို့ ကို (ပြည့်တန်ဆာ)တန်းတူညီမျှ ဆက်ဆံစေချင်တယ်။ နှိပ်စက်တဲ့ ဒဏ်တွေ၊ အနိုင်ကျင့်တဲ့ဒဏ်တွေ ကနေ ကင်းဝေးစေချင်တယ်’’ဟု ဒါရိုက်တာ ဝိုင်းက ပြောသည်။

ယင်းဇာတ်ကားကို မတ်လ ၁၆ ရက်မှစတင်၍ ရန်ကုန်၊ မန္တ လေးအပါအဝင် နယ်မြို့ရှိ ရုပ်ရှင် ရုံများတွင် တစ်ပြိုင်တည်းပြသ မည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် မြို့အချို့တွင် ပရိသတ်များနှင့် တွေ့ဆုံပွဲများ ပြုလုပ်ရန် အစီ အစဉ်ရှိသည်ဟု ဒါရိုက်တာဝိုင်း က ပြောသည်။

ပရိသတ်ဝန်းရံမှုများပြားနေ သည့် မုဒြာရဲ့ခေါ်သံရုပ်ရှင်နှင့် ရုံ ပြိုင်ပြသည့်အပေါ် ဒါရိုက်တာဝိုင်း က ‘‘ကျွန်တော်တို့အတွက် မထူး ဆန်းပါဘူး။ ဒီ့ထက် ပရိသတ်အား ပေးတဲ့ ရုံပြိုင်ပြခဲ့ရတာတွေ အ များကြီးပါ’’ဟု ပြောသည်။

Top News