အချစ်သစ်တွေ့သွားတဲ့ မင်းသမီးအမ်မာဝက်ဆန်

ဗြိတိန်မင်းသမီး အမ်မာဝက်ဆန်သည် အမေရိ ကန်မင်းသား ချိုဒ့်အိုဗာစတိဗ့်နှင့် တွဲနေကြောင်း ကနဦးတွင် ကော လာဟလများ ပေါ်ထွက်ခဲ့သော် လည်း ထိုသတင်းများ အမှန်ဖြစ် လာဖွယ်ရှိသည်။

အဘယ်ကြောင့်ဆိုသော် ကြာသပတေးနေ့တွင် အသက် (၂၇) နှစ်အရွယ် အမ်မာဝက်ဆန် သည် Glee မင်းသားအဖြစ် လူ သိများသော (၂၉) နှစ်အရွယ် ချိုဒ့်အိုဗာစတိဗ့်နှင့် လက်တွဲ၍ လမ်းလျှောက်လာသော ဓာတ်ပုံ များ ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။ မတ်လ ၈ ရက် နေ့လယ် တွင် လော့စ်အန်ဂျလိစ်မြို့၌ လက်တွဲ၍ လမ်းလျှောက်လာ သော အမ်မာဝက်ဆန်နှင့် ချိုဒ့်အို ဗာစတိဗ့်တို့သည် ၎င်းတို့အရှေ့ ရှိ ကင်မရာများကိုပင် ဂရုမစိုက်ဘဲ ရယ်မော ပျော်ရွှင်နေသည်။

Silicon Valley နည်းပညာ ကုမ္ပဏီ မန်နေဂျာ ဝီလီယံမက်ခ် နိုက်နှင့် ချစ်သူသက်တမ်း ၂ နှစ် ကြာပြီးနောက် ပြီးခဲ့သည့်နှစ်က လမ်းခွဲခဲ့သော အမ်မာဝက် ဆန်သည် ယခုအခါ အချစ်သစ် တွေ့ခြင်းဖြစ်သည်။

မင်းသားချိုဒ့်အိုဗာစတိဗ့် သည် ကျော်ကြားသော Fox ရုပ် သံဇာတ်လမ်းတွဲဖြစ်သည့် Glee ဇာတ်ကားတွင် ဆမ်အီဗန်ဇာတ် ကောင်အဖြစ် ပါဝင်သရုပ်ဆောင် ရာမှ ပရိသတ်အားပေးမှု အများ အပြား ရရှိခဲ့သည်။   Justjared

Top News