အနုပညာကြေးလျှော့ယူပြီး ဗီဒီယိုတွေ မပြတ်ရိုက်ကူးနေတဲ့ ညီထွဋ်ခေါင်

ဓာတ်ပုံ - ညီထွဋ်ခေါင်ဖေ့စ်ဘွတ်ခ်

ယခုနောက်ပိုင်းတွင် ဗီဒီယိုခေတ်မကောင်းသော်လည်း ပရိုဂျူဆာနှင့် တိုင်ပင်ညှိနှိုင်း၍ အနုပညာကြေးလျှော့ယူကာ ခပ် စိပ်စိပ် ရိုက်ကူးဖြစ်နေကြောင်း သရုပ်ဆောင် ညီထွဋ်ခေါင်က ပြောသည်။

‘‘ကျွန်တော်တို့ဗီဒီယိုတွေက အခြေအနေမကောင်းဘူးဆို သော်ငြားလည်း ကျွန်တော် အခု အောင်သီရိတစ်တိုက်တည်းနဲ့မ ဟုတ်ဘဲ အပြင်တိုက်တွေနဲ့လည်း ရိုက်နေပါတယ်။ အဲဒီတော့ ဗီဒီယိုကို တစ်လသုံးကားနဲ့ လေးကား ကြားမှာရိုက်ဖို့ ပြင်ဆင်ထားပါ တယ်။ ရိုက်လည်း ရိုက်နေပါတယ်ခင်ဗျ။ ကျွန်တော်နဲ့၊ ပရိုဂျူဆာနဲ့ ညှိနှိုင်းပြီးတော့ ရအောင်ရိုက်ပြီး ထွက်ကြတဲ့သဘောပါ။ ပရိုဂျူ ဆာကလည်း အရမ်းကြီးအဆင် ပြေလှတယ်မဟုတ်ဘူး’’ဟု ၎င်း က ပြောသည်။

လက်ရှိတွင် ဒါရိုက်တာနေ လင်း၊ မင်းသမီး ဟန်နီတို့နှင့်အတူ ‘Oh My Dad’ ဟု အမည်ပေးထား သည့် ဗီဒီယိုရိုက်ကူးနေသည်။

‘‘မင်းသမီးအသစ်နဲ့က ကျွန် တော်စရိုက်တာ မဟုတ်ပါဘူး။ ကိုလူမင်းတို့နဲ့လည်း ကားကြီး တွေ ရိုက်ဖူးထားပါတယ်။ ဇာတ် ကားထဲက ပုံစံလေးကတော့ ကိုယ်က အလုပ်မရှိ၊ အကိုင်မရှိ သင် တန်းတွေ လျှောက်တက်နေတဲ့ ပေါ့ပြက်ပြက် လူတစ်ယောက် ပေါ့။ အဖေက ကြည့်မရဘူး။ အဖေနဲ့လည်း မတည့်ဘူး။ မတည့် တဲ့ကြားထဲက အက်ဆီးဒင့်တစ်ခု ကြောင့် အဖေနဲ့ ကိုယ်နဲ့က လဲမိ သွားတယ်။ အဖေ့ခန္ဓာကိုယ်ထဲကို ကိုယ့်စိတ်ရောက်ပြီး ကိုယ့်ခန္ဓာ ကိုယ်ထဲကို အဖေ့စိတ်ရောက်လာ တဲ့အလွဲလေးတွေပေါ့’’ဟု ၎င်းက ဆိုသည်။

အထက်ပါ ဇာတ်ရုပ်မျိုး သည် လွင်မိုးနှင့် မင်းမော်ကွန်းတို့ တွဲဖက်ရိုက်ကူးထားသည့် ‘အ ပြောင်းအလဲ’ဇာတ်ကားနှင့် ဇာတ် လမ်းကျောရိုးတူသော်လည်း ကျန် သည့်အရာများ ကွဲလွဲသည်ဟု ညီထွဋ်ခေါင်က ပြောသည်။

မတ်လ ၂၃ ရက်တွင် ကျင်းပ မည့် အကယ်ဒမီပေးပွဲနှင့်ပတ် သက်၍ ထူးထူးခြားခြားစိတ်လှုပ် ရှားမှုမရှိကြောင်း ၎င်းက ပြော သည်။

‘‘အကယ်ဒမီနဲ့ပတ်သက်တဲ့ စိတ်လှုပ်ရှားမှုကတော့ ထွေထွေ ထူးထူးမရှိပါဘူး။ ဒီလူတွေပဲ အ လှည့်ကျရနေတာဆိုတော့လေ။ ကျွန်တော်တို့က မရဖူးတဲ့သူ၊ မထင်ထားတဲ့သူ ရသွားရင်တော့ ဝုန်းဒိုင်းနဲ့ စိတ်လှုပ်ရှားမှာပေါ့။ အခုကတော့ ဒီထဲက လူတွေပဲရမှာ ဆိုတော့ ဆုတွေတိုးလာမှာပေါ့။ ပျော်စရာပိုကောင်းမှာပေါ့’’ ဟု ၎င်းက ပြောသည်။

ဆန်ခါတင် ရုပ်ရှင် ၅၃ ကားဝင်သော်လည်း မှန်း၍ရသည့် ဇာတ်ကားများရှိသောကြောင့် အဆိုပါဇာတ်ကားများထဲမှ တစ် ဦးဦးရမည်ဖြစ်ပြီး နေတိုး၊ မြင့်မြတ်၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင် နှင့် ထွန်းအိန္ဒြာဗိုတို့ရမည်ဟု ကြား နေကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ဗီဒီယိုဇာတ်ကားများ ဆက်တိုက်ရိုက်ကူးမည် ဖြစ်ပြီး ဇွန်လ၌ ဒါရိုက်တာ ကျော် ဇောလင်း(အတွေးပုံရိပ်)ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတွင် အဓိကနေရာက ပါဝင်သရုပ် ဆောင်ရန်ရှိကြောင်း ညီထွဋ်ခေါင် က ပြောသည်။

Top News