တရုတ်က စပါးမှောင်ခိုဝယ်ယူနေမှုကို အစိုးရတားဆီးပေးရန် ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ တင်ပြ

မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

 တရုတ်နိုင်ငံမှ စပါး မှောင်ခို လာရောက်ဝယ်ယူနေမှု ကို အစိုးရက တားဆီးပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်သည့် မြန်မာ့ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ် ဆွေးနွေးပွဲ ၂၀၁၈ တွင် မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က တင်ပြသည်။

‘‘ယနေ့ ကျွန်တော်တို့နိုင်ငံ ကနေ စပါးကို ပြည်ပကို မှောင်ခို ထွက်ရှိနေပါတယ်။ ဒါကိုလည်း အလေးအနက် တားမြစ်ပေးဖို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါ တယ်’’ဟု အဖွင့်မိန့်ခွန်းတွင် ဦးချစ်ခိုင်က ထည့်သွင်းပြောကြား  ခဲ့သည်။

နိုင်ငံခြားသားများ ပြည်တွင်း သို့လာရောက်ပြီး ကုန်ပစ္စည်းများ ဝယ်ယူမှုကို ကုန်သွယ်ရေးဥပဒေ များအရ ခွင့်ပြုခြင်း မရှိခြင်း ကြောင့် ရောင်းချနေသည့် နိုင်ငံ သားများ နစ်နာဆုံးရှုံးမှု ဖြစ်လာ မည်ကို စိုးရိမ်ရကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲ မင်းအောင်က ပြောသည်။

တရုတ် ကုန်သည်များက စပါးကို တိုက်ရိုက်ဝယ်ယူနေပြီး နယ်စပ်မှတစ်ဆင့် ယူနန်ပြည် နယ်သို့ သယ်ဆောင်နေခြင်း ကြောင့် မန္တလေးတိုင်းရှိ ဆန်စက် အများစု ဆန်ကြိတ်ခွဲစရာ မရှိ သဖြင့် ရပ်နားခဲ့ရသည်။

စပါးတိုက်ရိုက် ဝယ်ယူခြင်း ကြောင့် ဆန်အပြင် ဖွဲနု၊ ဆန်ကွဲ ကဲ့သို့ တိရစ္ဆာန်အစားအစာများ ဆုံးရှုံးရကြောင်း မန္တလေးတိုင်းမှ ဆန်စက်လုပ်ငန်းရှင်များက ပြော သည်။ တရုတ်ကုန်သည်များက ပြည်တွင်းပေါက်ဈေးထက် ဈေးပို ပေးပြီး တရားမဝင်စပါးဝယ်ယူမှု များကို ၂၀၁၇ မိုးစပါးရာသီ၌ မြန် မာပြည်အလယ်ပိုင်း၊ ပဲခူး၊ ဧရာ ဝတီတိုင်းတို့တွင် ကြုံတွေ့ခဲ့ရ သည်။ နိုင်ငံခြားသားများ စပါး မှောင်ခို ဝယ်ယူခြင်းသည် ရှေ့ ဆက် ကြုံတွေ့ရမည့် ပြဿနာ ဖြစ်ခြင်းကြောင့် အစိုးရ အပါ အဝင် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့နှင့် ညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်း ဦးရဲ မင်းအောင်က ပြောသည်။

တရုတ်နိုင်ငံသားများ မြန် မာ နိုင်ငံသို့ လာရောက်ပြီး စပါး ဝယ်ယူမှုကို ပို့ကုန်၊ သွင်းကုန် ဥပဒေအရ အရေးယူမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။ တရုတ်နိုင်ငံက စပါးမှောင်ခို ဝယ်ယူမှုသည်ယခင်အစိုးရလက်ထက်က ကြုံတွေ့ခဲ့ရပြီး ဖော်ထုတ်စစ်ဆေးအရေးယူမည်ဟု ယခင်အစိုးရ၏စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မီဒီယာများအား အသိပေးခဲ့သည်။

Top News