ရုပ်ရှင် အကြိုခံစားခြင်း

CHEESE IN THE TRAP

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ ပေါ့ပေါ့ပါးပါးလူငယ် အချစ်ဇာတ်လမ်းလေး ပရိသတ်တွေအ တွက် ဖော်ပြလိုက်ပါတယ်။


တက္ကသိုလ်ကျောင်းသူေ လး ဟုန်ဆိုးဟာ သာမန်မိသားစုဘ၀ ကနေ ကြီးပြင်းလာသူဖြစ်ပြီး ကျောင်းလခ၊ နေထိုင်သုံးစွဲစရိတ် ရဖို့အတွက် ကျောင်းတစ်ဖက်နဲ့ အချိန်ပိုင်းအလုပ်တွေ လိုက်လုပ် နေရသူပါ။ 

ယူဂျောင်ကတော့ ဟုန်ဆိုး တက်နေတဲ့တက္ကသိုလ်က စီနီယာ ကျောင်းသားတစ်ယောက် ဖြစ်ပြီး ချမ်းသာတဲ့မိသားစုကလာ တာမို့ အစစအရာရာ ပြည့်စုံသူတစ်ယောက်ပါ။ ရုပ်ရည်ကလည်းခံ့ညားသလို လူတွေအပေါ်ကို လည်း စိတ်သဘောထားကောင်း သူပါ။ ထူးဆန်းတာတစ်ခုကတော့ ဟုန်ဆိုးနဲ့ ယူဂျောင်မတည့်ကြ တာပါ။ 

ဒီလိုနဲ့ ဟုန်ဆိုးဟာ အခြေ အနေအရ ကျောင်းခဏနားလိုက်ရပြီးနောက်မှာတော့ စကောလားရှစ်ရပြီး ကျောင်းပြန်တက်ခဲ့ပါတယ်။ ပြန်တွေ့ကြတဲ့နောက်မှာ တော့ ယူဂျောင်ဟာ အံ့သြစရာ ကောင်းလောက်အောင်ကို ဟုန်ဆိုးအပေါ် သဘောတွေကောင်း သလို သဘောကျကြောင်းလည်းထုတ်ပြောလာခဲ့ပါတယ်။

မတည့်သူနှစ်ယောက် အပြောင်းအလဲတွေဖြစ်ပြီး အဆင်ပြေမယ်ရှိခါမှ ယူဂျောင်ရဲ့ မွေး စားမောင်နှမ နှစ်ယောက်ဖြစ်တဲ့ဘက်အင်ဟိုနဲ့ ဘက်အင်ဟာတို့ရောက်လာပြီးမှ ဇာတ်လမ်းတွေ ပိုရှုပ်ထွေးလာခဲ့ပါတယ်။ အင်ဟာက ယူဂျောင်ကို သဘောကျနေပေ မယ့် ယူဂျောင်ကတော့ စိတ်မ၀င် စားခဲ့ပါဘူး။ 

တကယ်တော့ ယူဂျောင်နဲ့ အင်ဟိုကြားမှာလည်း အမုန်း တရားတွေ ရှိနေတာဖြစ်ပြီး စန္ဒာရားပညာရှင်ဖြစ်ချင်နေတဲ့ အင်ဟို အဖို့ လက်ထိခိုက်မိတဲ့အတွက် အိပ်မက်တွေကို စွန့်လွှတ်ရ သယောင်ဖြစ်နေချိန်မှာ ဟုန်ဆိုး ကကူညီပေးခဲ့ပါတယ်။

အင်ဟာကလည်း ဟုန်ဆိုးကြောင့် ယူဂျောင်က သူ့ကိုရှောင်ဖယ်တယ်ဆိုပြီး ဟုန်ဆိုးကိုလုပ် ကြံဖို့ကြိုးပမ်းခဲ့တာမို့ ဟုန်ဆိုး ဆေးရုံရောက်သွားသလို အင်ဟာလည်းပဲ စိတ်ကျန်းမာရေးဆေးရုံ ဆီ ရောက်သွားခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ ယူဂျောင်ဟာဟုန်ဆိုးနဲ့ အင်ဟိုကိုအထင်မှား ခဲ့ပြီးလမ်းခွဲကာ နိုင်ငံခြားကို ထွက် သွားခဲ့ပါတယ်။

ယူဂျောင်နဲ့ ဟုန်ဆိုးတို့ရဲ့ အချစ်ဇာတ်လမ်းက ဇာတ်ပေါင်း ရမလား၊ လမ်းခွဲရမလား၊ ယူ ဂျောင် နိုင်ငံခြားထွက်သွားပြီး နောက်ပိုင်းမှာ ဘယ်လိုအပြောင်း အလဲတွေ ဖြစ်ကုန်မှာလဲဆိုတာ ကိုတော့ ဆက်ကြည့်လိုက်ဦး နော်။

ပါဝင်ထားတဲ့ သရုပ်ဆောင် တွေကတော့  Park Hae-Jin၊Oh Yeon- Seo၊ Park Ki-Woong၊ Yu In-Young၊ Sandara Park၊ Oh Jong-Hyuk၊Moon Ji-Yoon၊ Kim Hyun-Jin တို့ပဲဖြစ်ပါတယ်။

Top News