မကွေးတိုင်းရှိ ဆည်တမံများမှ နွေစိုက်ပျိုးသီးနှံဧက တစ်သိန်းသုံးသောင်းကျော် ရေပေးဝေနိုင်ဟုဆို

မဲဇလီရေလွှဲဆည်မှ ကျောင်းတော်ရာဒေသသို့ ရေပေးဝေသည့်မြောင်းကို တွေ့ရစဉ် (ဓာတ်ပုံ − မိုးကျော်)

မကွေးတိုင်းရှိ ဆည်တမံ၃၀ မှ နွေစပါးနှင့် နွေနှမ်းအပါအ ၀င် စိုက်ဧက တစ်သိန်းသုံးသောင်း ကျော် ရေပေးဝေနိုင်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန တိုင်းညွှန်ကြားရေး မှူး ဦးသောင်းထိုက်ကပြောကြား သည်။


‘‘ကျွန်တော်တို့ရေပေးနိုင် တာက ဧကတစ်သိန်းသုံးသောင်း ခုနစ်ထောင်ထိ ပေးနိုင်တယ်။ တောင်သူတွေနဲ့ တွေ့ဆုံပြီး ဆွေး နွေးတယ်။ စိုက်ကြဖို့ကိုလည်း တိုက်တွန်းစည်းရုံးတယ်။ စိုက်ပျိုး ဖို့အတွက် စာရင်းပေးလာတဲ့ တောင်သူတွေကို ရေလွှတ်ပေးနိုင် ဖို့ကိုလည်း စာရင်းလုပ်ထားတယ်’’ဟု ဦးသောင်းထိုက်က ပြောသည်။ယခုနှစ်နွေစိုက်ပျိုးသီးနှံများ အတွက် တောင်သူများက စိုက်ပျိုး ရန် အဆိုပြုထားသည့် စာရင်းများအရ နွေစပါးဧက ငါးသောင်းသုံး ထောင်ကျော်၊ နွေနှမ်းနှင့် အခြား သီးနှံများစိုက်ပျိုးခြင်းအတွက် ဧက ငါးသောင်းခုနစ်ထောင့်ရှစ် ရာကျော်ရှိကြောင်း ၎င်းက ပြော သည်။

‘‘ဘယ်အထိ ရေပေးမယ်၊ ဘယ်နေ့မှာ ရေစပေးမယ်ဆိုတာ ကို ကျွန်တော်တို့ ဆိုင်းဘုတ်တွေ ထောင်ပြီး အသိပေးထားတယ်။ ရေပေးဝေတဲ့နေရာမှာလည်း အ ခက်အခဲရှိရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေနဲ့ တာဝန်ရှိသူတွေ ရဲ့ အမည်တွေကိုလည်း ပေးထား ပါတယ်’’ဟု ဦးသောင်းထိုက်က ဆိုသည်။

ဆည်တမံမှ ရေလွှတ်ပေး သည့် မြောင်းများမှ ရေသွင်းစိုက် ပျိုးသည့် တောင်သူများအနေဖြင့် ရေခွန်အဖြစ် နွေစပါးတစ်ဧက လျှင် နှစ်ထောင်ကျပ်၊ နွေနှမ်းနှင့် အခြားသီးနှံများအတွက် တစ်ဧက လျှင် တစ်ထောင်ကျပ် ဆည် မြောင်းဌာနသို့ပေးဆောင်ရန် သတ်မှတ်ထားသည်။

အဆိုပါ ပေးဆောင်ရမည့် ရေခွန်သည် စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ သီးနှံတစ်ရာသီစာဖြစ် သည်။

‘‘စိုက်ပျိုးချိန် ရေလိုအပ်နေ တဲ့အချိန်မျိုးမှာ ရေမရဘဲ ပြတ် သွားတာမျိုးလွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်ကတော့ ကြုံဖူးပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာတော့ မကြုံတော့ပါဘူး။ ၀န်ထမ်းတွေ က နည်းနည်းအာရုံစိုက်လာတယ်။ ၀န်ထမ်းတွေနဲ့တောင်သူတွေ ညှိနှိုင်းပြီးလုပ်ကြရတာပေါ့’’ ဟု ကျောင်းတော်ရာကျေးရွာမှ နွေစပါးစိုက်တောင်သူ ဦးအောင် ဇော်က ပြောသည်။

ရေစီးရေလာကောင်းရန် မြောင်းများ၊ ရေလွှဲပြွန်များကို ပြု ပြင်ထားသဖြင့် လွန်ခဲ့သည့်သုံးနှစ် ကျော်ကကဲ့သို့ မဆိုးတော့သော် လည်း ပြည့်ဝစွာပြုပြင်နိုင်သည့် အနေအထား မရှိသေးသော ကြောင့် အနည်းငယ်အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဒေသခံတောင်သူများက ပြော သည်။

မကွေးတိုင်းဒေသကြီး၌ ဆည်တမံရေဖြင့် ရေသွင်းစိုက်ပျိုး မှုတွင် မကွေးခရိုင်နှင့် မင်းဘူးခရိုင်သည် ဧကအများဆုံးဖြစ်သည်။

Top News