ဘီးလင်းမြို့တွင် စည်ပင်ရန်ပုံငွေဖြင့် ပျံကျ ဈေးဆိုင်ခန်းများ တည်ဆောက်နေ

မွန်ပြည်နယ် ဘီးလင်းမြို့ မင်္ဂလာဈေးအတွင်း ပျံကျဈေး ဆိုင်ခန်းများကို ယခုနှစ် ဖေဖော် ဝါရီ ပထမပတ်ကစတင် တည် ဆောက်နေကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။


အဆိုပါဈေးတွင် နေ့စဉ် ရောင်းချနေသော ပျံကျဈေးသည် ၂၀၀ ကျော်ရှိပြီး မီးဘေးအန္တရာယ် မဖြစ်ပွားရေးနှင့် သန့်ရှင်းသပ်ရပ် စွာ စနစ်တကျရောင်းချနိုင်ရေး တည်ဆောက်ရကြောင်း ၎င်းက ပြောသည်။

‘‘အရင်က ရောင်းနေတာက ဖက်မိုး၊ တာလပတ်မိုးတွေနဲ့ဆို တော့ မီးဘေးလည်း စိုးရိမ်ရ တယ်။ စနစ်လည်း မကျဘူး။ မြေ ကြီးပေါ်မှာပဲ ရောင်းနေတာဆို တော့ သန့်ရှင်းမှုလည်းမရှိဘူး။ အခုလို အပေါ်က သွပ်မိုး၊ အောက်မှာ ကွန်ကရစ်အခင်းနဲ့ နေရာတကျ လုပ်ပေးလိုက်တော့ ရောင်းဝယ်တဲ့နေရာမှာ ပိုပြီး အဆင်ပြေသွားမှာပါ’’ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့် ပြုရန်ပုံငွေ ကျပ် ၄၂၆ သိန်း ဖြင့် အလျား ပေ ၁၂၀ ၊ အကျယ် ၄၈ ပေ၊ အမြင့် ၁၃ ပေရှိ သွပ်မိုး၊ ကွန်ကရစ်ခင်း၊ ခြောက်ပေပတ် လည်ရှိ ဆိုင်ခန်း ၁၂၀ ကို ယခုနှစ် မတ်လကုန်တွင် တည်ဆောက်ပြီး စီးရေး ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

‘‘ဒီနှစ်ထဲမှာ တစ်ရုံဆောက် ပြီး ပျံကျဈေးသည် တစ်ဝက်ကို နေရာချထားပေးမယ်။ ၂၀၁၈-၁၉ မီနီဘတ်ဂျက်မှာ နောက်တစ် ရုံထပ်ဆောက်ဖို့ လျာထားဆောင် ရွက်ပြီးဖြစ်တယ်။ နှစ်ရုံစလုံး တည်ဆောက်ပြီးစီးရင်တော့ ပျံ ကျဈေးသည်အားလုံး နေရာရရှိ သွားမှာဖြစ်တယ်’’ဟု ဈေးသာ ယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဘီးလင်း မင်္ဂလာဈေးအတွင်း မြေနေရာ အခက်အခဲကြောင့် ပျံ ကျဈေးသည်တစ်ဦးလျှင် ခြောက် ပေပတ်လည် ဆိုင်ခန်းတစ်ခန်း သာ ချပေးနိုင်ကြောင်း၊ ဈေးရုံများ တည်ဆောက်ပြီးစီးပါကကောက် ယူထားသည့် စာရင်းတွင်ပါဝင် သော ပျံကျဈေးသည် အားလုံးကို ဈေးသာယာရေးအဖွဲ့နှင့် ပူး ပေါင်းပြီး အများပြည်သူရှေ့၌ မဲစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ နေရာချထားမည်ဖြစ်ကြောင်း၊ ဆိုင်ခန်းတန်ဖိုးငွေကြေး တစ်စုံ တစ်ရာ ပေးရန်မလိုအပ်ဘဲ အခမဲ့ နေရာချထားပေးခြင်းဖြစ်ရာ နေ့ စဉ် ရောင်းချသည့် ရက်အလိုက် ဈေးကောက်ခွန်ကိုသာ ပေး ဆောင်ရမည်ဖြစ်ကြောင်း မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိတစ်ဦးက ပြောသည်။

Top News