လူမျိုးသုဉ်းသတ်ဖြတ်မှုများမရှိ၍ R2P ကို အလွန်အကျွံမစိုးရိမ်ကြောင်း ဦးသောင်းထွန်းပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးသောင်းထွန်း(ယာစွန်)ကို ၂၀၁၇ အတွင်းက အစည်းအဝေးတစ်ခု၌ တွေ့ရစဉ် (ဓာတ်ပုံ − LYNN BO BO / EPA )

နိုင်ငံတကာက ဝင် ရောက် ကာကွယ်ပေးရန်တာဝန်ရှိမှုဟုအဓိပ္ပာယ်ရသည့် R2P ကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမရှိ ကြောင်း ပြည်ထောင်စုအစိုးရ အ ဖွဲ့ရုံးဝန် ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက BBC နှင့် သီးသန့်အင်တာဗျူးတွင်ပြော သည်။


R2P နှင့်ပတ်သက်ပြီး တ ကယ်ဖြစ်ပေါ်လာနိုင်မည့် အလား အလာမျိုးရှိနိုင်သလား၊ ယင်းအ ပေါ် စိုးရိမ်မှုရှိသလားဟုမေးမြန်း ရာ ဦးသောင်းထွန်းက ‘‘ကျွန် တော်တို့ကတော့ အလွန်အကျွံ စိုးရိမ်ပူပန်မှုမရှိပါဘူး။ ဒီကိစ္စမှာ ကျွန်တော်တို့ ကနေပြီးတော့ Genocide လည်းလုပ်တာမရှိပါ ဘူး။ Ethnic Cleansing ဆိုတာ လည်းမရှိဘူး’’ဟုဖြေကြားသည်။

(၃၇)ကြိမ်မြောက် လူ့အခွင့် အရေးကောင်စီ အစည်းအဝေး ကျင်းပနေသော ဂျီနီဗာမြို့တွင်  ဦးသောင်းထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ် သက်၍ ရှင်းလင်းပြောကြား သည်။ BBC က ရခိုင်ကိစ္စကို အ ကြောင်းပြုပြီး အမေရိကန်၊ ဥ ရောပနိုင်ငံများနှင့် တရုတ်၊ရုရှား  စသည့်ဒေသတွင်း အင်အားကြီး နိုင်ငံများအကြား မြန်မာ့မြေပေါ် တွင် အားပြိုင်သည့်အဆင့်ထိပြင်းထန်ပါက မြန်မာနိုင်ငံအတွက် အကျိုးယုတ်စရာ ဖြစ်လာနိုင်သည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပွဲအပြီး ဦးသောင်းထွန်းအား မေးမြန်းခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ဦး သောင်းထွန်းက ‘‘မြန်မာနိုင်ငံမှာ တော့ ပထဝီအနေအထားအရ မဟာဗျူဟာမြောက်တဲ့ နိုင်ငံတစ် နိုင်ငံဖြစ်တဲ့အတွက် အဲဒီမှာ အင် အားပြိုင်ဆိုင်မှုထက် ပူးပေါင်း ဆောင်ရွက်ဖို့ ဒေသတစ်ခုဖြစ်သင့် ပါတယ်’’ဟု ဖြေကြားသည်။

ရခိုင်ပြည်နယ် ပြဿနာ ပြေလည်မှုရရှိရေး ကုလအထွေ ထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင် သည့် ကော်မရှင်ဖွဲ့စည်းပြီးကော် မရှင် အကြံပြုချက်များကို အစိုးရ က အကောင်အထည်ဖော်နေ ကြောင်း ဝန်ကြီးကရှင်းပြသည်။

ရခိုင်အရေး ဆောင်ရွက်ရာ တွင် လိုအပ်ချက်များကို နိုင်ငံ တကာနှင့် ပူးပေါင်း ဆောင်ရွက် မည်ဖြစ်သကဲ့သို့ နိုင်ငံတကာ၏ အပြုသဘောဆောင်သည့် အဆို ပြုချက်များ ထည့်သွင်းစဉ်းစား မည်ဟု ၎င်းကဆိုသည်။

‘‘ဒီကိစ္စမှာ အရေးကြီးဆုံးက ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံနှစ်ခုအကြား ပြေ လည်အောင် ဖြေရှင်းဖို့လိုတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်း ပြီး ဆောင်ရွက်နေတယ်’’ဟု ဦးသောင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံ၏ နယ်မြေတည် တံ့ခိုင်မြဲမှု၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လုံးဝ လက်လွှတ်နိုင် မည်မဟုတ်ကြောင်း အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် လည်းဖြစ်သူ ၎င်းကပြောသည်။

နိုင်ငံတကာက အစိုးရနှင့် တပ်မတော်ကို ခွဲခြားရှုမြင်ပြီး ပြောဆိုနေခြင်းသည် အစိုးရနှင့် တပ်မတော်အကြား သပ်လျှို သည်ဟု ယူဆကြောင်း၊ ယင်း အခြေအနေမျိုး အဖြစ်ခံမည် မ ဟုတ်ကြောင်း ၎င်းကပြောသည်။

ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ကြောင့် မွတ်စလင်များသာမက ရခိုင်၊ မြို၊ ဟိန္ဒူ စသည်တို့အပါ အဝင် ဘာသာဝင်အားလုံး နေရပ် စွန့်ခွာခဲ့ရသည့် အခြေအနေဖြစ် သည်ဟု ဝန်ကြီးက ရှင်းပြသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံ သဘောတူညီချက်အရ ထွက်ပြေးသူများအား ပြန်လည် လက်ခံရေး အစီအစဉ်များဆောင် ရွက်ထားသော်လည်း ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက် မှု၊ တတိယနိုင်ငံကို သွားလိုခြင်း နှင့် အကြမ်းဖက်မှုတွင် ပါဝင်သူ များက အရေးယူခံရမည်ကို စိုး ရိမ်နေခြင်း စသည့်အကြောင်း အမျိုးမျိုးကြောင့် လက်ခံရေး အစီ အစဉ် မစနိုင်သေးကြောင်း ဦးသောင်းထွန်းက ဆိုသည်။

ရဲအင်အား တိုးမြှင့်ပြီး ရခိုင် ပြည်နယ်အတွင်း နေထိုင်သူအား လုံး လုံခြုံစွာ နေထိုင်နိုင်ရေး အစီ အမံများ ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

‘‘ဒီလိုအခြေအနေမှာ လုံခြုံ ဖို့ဆိုတာ အားလုံးလုံခြုံဖို့လိုပါ တယ်။ အဲဒီလို ထွက်ပြေးတဲ့လူ တွေရော၊ ပြည်တွင်းမှာအကြောင်း အမျိုးမျိုးကြောင့် စစ်ဘေးပေါ့၊ အခုလိုဖြစ်နေတာကို ရှောင်နေတဲ့ လူတွေရော သူတို့လည်း လုံခြုံဖို့ လိုပါတယ်။ ဒါကြောင့်မို့ ရခိုင် ပြည်နယ်မှာ ရှိသမျှလူတွေအား လုံး ဘေးအန္တရာယ်ကင်းအောင် ဆိုပြီးတော့မှ လုံခြုံအောင်လုပ်နေ တဲ့ အစီအမံတွေ ရှိပါတယ်’’ဟု ဦးသောင်းထွန်းက ပြောသည်။

ထို့အပြင် ကုလအချက် အလက် ရှာဖွေရေးအဖွဲ့ ရခိုင် ပြည်နယ်သို့ ဝင်ရောက်ရေးကိစ္စ ကို ဦးသောင်းထွန်းက လက်မခံဘဲ ပြည်တွင်း၊ ပြည်ပသတင်း ထောက်များအား အဖွဲ့လိုက် စေ လွှတ်နေသည်ဟု တုံ့ပြန်သည်။

ယနေ့ (မတ်လ ၁၂ ရက်) တွင် ပြုလုပ်မည့် ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီက မြန်မာ နိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံ စာကို ဆွေးနွေးမည်ဖြစ်သည်။

More in Politics Section

Top News