ယောက်ျားအချင်းချင်း အဓမ္မပြုကျင့်သည်ဆိုကာ အမှုဖွင့်

 တောင်ဥက္ကလာပမြို့ နယ်ရှိ စားသောက်ဆိုင်တစ်ခု တွင် ဆိုင်ရှင်အမျိုးသားက ဆိုင် ၀န်ထမ်းအမျိုးသားကို အဓမ္မပြု ကျင့်မှု မတ်လ ၇ရက်ကဖြစ်ပွား ခဲ့၍ စုံစမ်းစစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက အတည်ပြုသည်။

ထို့ကြောင့် ဆိုင်ရှင်အမျိုး သားကို တောင်ဥက္ကလာပမြို့ မရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ရာဇ သတ်ကြီးပုဒ်မ ၃၇၇ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်​၍  တောင်ဥက္ကလာပမြို့မရဲစခန်းသို့ မတ်လ ၁၁ ရက်က သွားရောက် မေးမြန်းရာ ယင်းအမှုကို စခန်း မှူး ကိုယ်တိုင်ဆောင်ရွက်နေပြီး အသေးစိတ်အချက်အလက်များ ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရန် စခန်းတာ ၀န်ကျရဲအရာရှိက ပြောသည်။ 

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံ အဆိုပါဖြစ်စဉ် မေးမြန်းရာသက် ဆိုင်ရာ ရဲစခန်းတွင်သာမေး မြန်းရန် ပြန်လည်ဖြေကြားသည်။

Top News