ခြင်ဆေးခွေမှတစ်ဆင့် လောင်သည့် အထည်ချုပ်စက်ရုံမီး ကျပ်သိန်းနှစ်ရာကျော်ဆုံးရှုံး

မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − ဇွဲဉာဏ်)

 မှော်ဘီမြို့နယ်အတွင်း ရှိ အထည်ချုပ်စက်ရုံ မီးလောင် မှုသည် ခြင်ဆေးခွေမီးမှ တစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်  ကြောင်း ရန်ကုန်တိုင်းမီးသတ် တပ် ဖွဲ့က သတင်းထုတ်ပြန်သည်။ 

ကိုရီးယား  နိုင်ငံသားပိုင် World Apparel 2 အထည်ချုပ် စက်ရုံတွင် မတ်လ ၁၀ ရက်ည ၉နာရီခွဲခန့်က အဆိုပါစက်ရုံမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရသည်။ 

စက်ရုံလုံခြုံရေးတာဝန်ခံက အနွေးထည် ဂျာကင်ထုပ်သည့် နေရာတွင် ခြင်ဆေးခွေ ထွန်းထား ခဲ့ရာမှ အနွေးထည်ပါကင်ပုံးများ သို့ မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က မတ်လ ၁၁ ရက်တွင် သတင်း ထုတ်ပြန်သည်။ 

မီးလောင်မှုကြောင့် ယင်း အထည်ချုပ်စက်ရုံ၏ ၂၀ ရာခိုင်နှုန်းခန့်နှင့် အချောထည်ပါကင်ပုံးများ မီးလောင်းပြီး ကျပ်သိန်းနှစ်ရာ့လေးဆယ်ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင်ပါရှိသည်။ 

ယင်းမီးလောင်မှုနှင့် ပတ် သက်၍ စက်ရုံ၏ လုံခြုံရေး တာဝန်ခံ ကိုမှော်ဘီမြို့နယ် ရဲစ ခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားသည်။ 

Top News