ဂီတနဲ့ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေနဲ့ စည်ကားခဲ့တဲ့ စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာဧည့်ခံပွဲ

 စန္ဒီမြင့်လွင်၏ မင်္ဂလာ ဧည့်ခံပွဲတွင် သတို့သား၊ သတို့ သမီးအရန်များအဖြစ် ဂီတနှင့် ရုပ် ရှင်နယ်ပယ်မှ အနုပညာမောင်နှမများက  ကူညီဆောင်ရွက်သည်။

သီဟလွင်နှင့် စန္ဒီမြင့်လွင်တို့ ၏ မင်္ဂလာဧည့်ခံပွဲကို နိုဗိုတယ်ဟိုတယ်၌ မတ်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီး စန္ဒီမြင့်လွင်သည် ဂီတနှင့် ရုပ်ရှင်နယ်ပယ်နှစ်ခုစလုံးတွင် အနုပညာလှုပ်ရှားမှုများပြုလုပ်ခဲ့ သောကြောင့် မင်္ဂလာပွဲကို နယ်ပယ်နှစ်ခုစလုံးမှ အနုပညာမောင်နှမများ တက်ရောက်ချီးမြှင့်ခဲ့သည်။

သတို့သား၊ သတို့သမီးအရန် များအဖြစ် မင်းသွေး၊ အားတီ၊ X Box ၊ ဆန်းတိုးနိုင်၊ အေးမြတ်သူ၊ အိချောပို၊ မေမြင့်မိုရ်နှင့် ဂျင်းနီတို့ ပါဝင်ကူညီပြီး သင်ဇာဝင့်ကျော်နှင့် စိုးပြည့်သဇင်တို့က ပန်းကြဲများအဖြစ်ပါဝင်ပေးခဲ့သည်။ 

ထို့ပြင် ခိုင်သင်းကြည်၏ သမီး စံထိပ်ထားဦးက မင်္ဂလာပန်းကုံးသယ်ဆောင်ပြီး မေကဗျာ၏သမီး ဂင်္ဂါမေက မင်္ဂလာလက်စွပ်  သယ်ဆောင်ပေးခဲ့သည်။

သီဟလွင်နှင့် စန္ဒီမြင့်လွင် သည် ချစ်သူသက်တမ်းတစ်နှစ် ကျော်တွင် လက်ထပ်ခြင်းဖြစ်ပြီး မင်္ဂလာလက်မှတ်ရေးထိုးပွဲကို မတ်လ ၄ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြုလုပ်ခဲ့သည်။ ထို့ပြင် မတ်လ ၁၀ ရက်က မင်္ဂလာဦးဆွမ်းကျွေးအလှူကို မစိုးရိမ်ရွှေကျင်ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

မင်္ဂလာညစာစားပွဲကို မတ်လ ၁၂ ရက် ညနေတွင် Lotte ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ပြီး သူငယ်ချင်းများနှင့် ပျော်ရွှင်စရာပွဲဖြစ်အောင် စီစဉ်ထားသည်ဟု စန္ဒီမြင့်လွင်က ပြောသည်။

Top News