ရှမ်းယူနိုက်တက်နှင့် နည်းပြချုပ် ဦးစိုးမြတ်မင်း လမ်းခွဲ

 မြန်မာလိဂ် လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း နှင့် နည်းပြချုပ် ဦးစိုးမြတ်မင်းတို့  နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြောင်း အသင်းက သတင်းထုတ်ပြန် သည်။

ရှမ်းယူနိုက်တက်အသင်း သည် ယခုနှစ် ဘောလုံးရာသီတွင် ရလဒ်များ ဆိုးရွားနေပြီး မြန်မာ လိဂ် ပွဲစဉ် (၇) အပြီး၌ ရမှတ် ၁၄ မှတ်သာ ရရှိထားကာ အမှတ်ပေးဇယား  အဆင့်(၄)နေရာသို့ ရောက်ရှိနေပြီး ထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် ငါးမှတ်ကွာဟနေသည်။ 

ထို့အပြင် ရှမ်းအသင်းသည် ၂၀၁၈  အေအက်ဖ်စီ ဖလားပြိုင်ပွဲတွင် အုပ်စုပွဲစဉ် သုံးပွဲကစားပြီးချိန်၌  တစ်ပွဲသာအနိုင်ရပြီး နှစ်ပွဲရှုံးနိမ့်ထားသည်။

‘‘အရိုးသားဆုံး ပြောချင်ပါ တယ်။ ကျွန်တော့်အသင်းရလဒ်နဲ့ ခြေစွမ်းက အားရဖို့ မကောင်းပါ ဘူး။ ဘောလုံးအသင်းတွေမှာ ရည်မှန်းချက်မရောက်ရင် တာဝန် အရှိဆုံး နည်းပြချုပ်က တာဝန်ယူ ရပါတယ်။ ယုံယုံကြည်ကြည် တာ ၀န်ပေးခဲ့တဲ့ အသင်းဥက္ကဋ္ဌနဲ့ တာဝန်ရှိသူအားလုံး၊ အမြဲတမ်း အားပေးနေတဲ့ ပရိသတ်တွေ၊ ကျွန်တော် လုပ်ချင်တဲ့ အရာတွေ ကို အတတ်နိုင်ဆုံး လိုက်လုပ်ပေးခဲ့ တဲ့ နည်းပြတွေနဲ့ ၀န်ထမ်းတွေ၊ သံယောဇဉ်အရှိဆုံး ကစားသ မားတွေ အားလုံးကို နှုတ်ဆက်ပါ တယ်’’ ဟု ဦးစိုးမြတ်မင်းက ပြော သည်။ လတ်တလောတွင် အနာ ဂတ်အတွက် မစဉ်းစားရသေး ကြောင်း ၎င်းကဆိုသည်။

ဦးစိုးမြတ်မင်းသည် ၂၀၁၇ ဘောလုံးရာသီတွင် ရှမ်းအသင်း ကို တစ်ရာသီအတွင်း အမှတ်ပေး ပြိုင်ပွဲနှင့် ရှုံးထွက်ပြိုင်ပွဲချန်ပီယံ ဖလားနှစ်လုံးရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။

ဦးစိုးမြတ်မင်း နုတ်ထွက် စာအတွက် စိတ်မကောင်းဖြစ်မိ သော်လည်း အကြိမ်ကြိမ်သုံးသပ် ပြီး တာဝန်ရှိသူများနှင့် တိုင်ပင် ကာ လက်ခံခဲ့ကြောင်း ရှမ်းအ သင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေက ပြောသည်။

ဦးစိုးမြတ်မင်း  အသင်းအ တွက် ပေးဆပ်မှုများကို ကျေးဇူး တင်ကြောင်း ၎င်းကပြောသည်။ ‘‘အရင်က အသင်းအတွက် အချိန် အများကြီးပေးထားရတော့ မိသား စုကို အချိန်သိပ်ပေးနိုင်ပုံ မရပါ ဘူး၊ အခုဆို သူ့မိသားစုအတွက် အချိန်ပေးလို့ရပါပြီ။ မိသားစုက လည်း ဘ၀မှာအရေးကြီးပါတယ်။ အသင်းမှာ လစ်လပ်နေတဲ့နည်း စနစ် ဒါရိုက်တာနဲ့ နည်းပြချုပ်နေ ရာတွေအတွက် အမြန်ဆုံးခန့်အပ် တာဝန် ပေးသွားမှာပါ’’ ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာ့လက်ရွေးစင်ကစား သမားဟောင်း ဦးစိုးမြတ်မင်း သည် ၂၀၁၅ တွင် ရှမ်းအသင်း နည်းပြချုပ်အဖြစ်  စတင်တာဝန် ယူခဲ့ပြီး ပြည်တွင်း၊ ပြည်ပ စုစု ပေါင်း ၅၃ ပွဲ တာဝန်ယူကိုင်တွယ် ခဲ့ရာ ၃၃ ပွဲနိုင်၊ ၁၃ ပွဲသရေ၊  ခုနစ် ပွဲရှုံးနိမ့်ခဲ့သည်။ 

ရှမ်းအသင်းသည် လာမည့် မတ်လ ၁၄ ရက်တွင် အေအက်ဖ်စီ ပြိုင်ပွဲအုပ်စု စတုတ္ထပွဲအဖြစ် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ဖိလစ် ပိုင်ကလပ် ဆီရက်စ်အသင်းနှင့်  ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Top News