အနိုင်ရလဒ်နှင့် ထိုက်တန်ကြောင်း ချယ်လ်ဆီးနည်းပြ ကွန်တီပြောကြား

အိမ်ကွင်းတွင် ခရစ္စ တယ်ပဲလေ့စ်ကို ၂-၁ ဂိုးဖြင့်အနိုင်ရပြီးနောက် ချယ်လ်ဆီးသည် ပရီး မီးယားလိဂ် အမှတ်ပေးဇယား၌ ရာသီအကုန်တွင် ထိပ်ဆုံးလေး သင်းစာရင်းဝင်ရောက်ရေး မျှော် လင့်ချက် ပြန်လည်အားကောင်း လာသည်။


၂၅ မိနစ်တွင် ဝီလီယံက ချယ်လ်ဆီးအတွက် အဖွင့်ဂိုးသွင်း ယူပြီး ၃၂ မိနစ်တွင် ကယ်လ်ီ၏ လက်ဆောင်ဂိုးဖြင့် နှစ်ဂိုးပြတ်ဦး ဆောင်နိုင်ခဲ့ကာ ပွဲပြီးခါနီး၌ ချေပဂိုးတစ်ဂိုး ပြန်လည်ခွင့်ပြုခဲ့ရ သည်။

‘‘ဒီနေ့မှာဂိုးတွေအများကြီး သွင်းဖို့ အခွင့်အရေးတွေအများ ကြီး ကျွန်တော်တို့ ဖန်တီးခဲ့ပါ တယ်။ ပွဲကိုတော့ ၂-၁ ဂိုးနဲ့ အဆုံး သတ်နိုင်ခဲ့ပြီး ဖိအားနည်းနည်းရှိ ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘက်ပင် နယ်တီ ဧရိယာစည်းထဲ ဘောလုံး ရောက်မလာအောင် အမြင့်ဘော နဲ့ ကောင်းကောင်းဆက်ထိန်းနိုင် ခဲ့ပါတယ်။ အနိုင်ရဖို့ ကျွန်တော် တို့ ထိုက်တန်ပါတယ်။ သူတို့ (ခရစ္စတယ်ပဲလေ့) ဟာ တန်းမ ဆင်းရဖို့ တိုက်ပွဲဝင်နေတဲ့ အသင်း ကောင်းပါ’’ ဟု ချယ်လ်ဆီးနည်းပြ ကွန်တီက ပြောသည်။

ထို့အပြင် ဘာစီလိုနာနှင့်ချန် ပီယံလိဂ် (၁၆)သင်းအဆင့်ဒုတိ ယအကျော့ ပွဲစဉ်အတွက် ပြင်ဆင် မှုများနှင့် စပ်လျဉ်း၍ ကွန်တီက ‘‘အဲဒီပွဲအတွက် မှန်ကန်တဲ့နည်း လမ်းတွေနဲ့ ကျွန်တော်တို့ပြင်ဆင် ရမှာပါ။ သူတို့ကတောင့်တင်းတဲ့ အသင်းဖြစ်ပြီး အဲဒီပွဲက ဒီနေ့ပွဲနဲ့ နှိုင်းယှဉ်ရင် လုံးဝခြားနားပါလိမ့် မယ်။ ဒါပေမဲ့ ကစားသမားတွေနဲ့ မှန်ကန်အံဝင်တဲ့ အစီအစဉ်ကို ဆုံးဖြတ်ဖို့ ကျွန်တော်တို့ သုံးရက်အ ချိန်ရပါတယ်’’ ဟု ထပ်လောင်း ပြောကြားသည်။

ချယ်လ်ဆီးသည် ချန်ပီယံ လိဂ်ပွဲကစားရန် မတ်လ ၁၅ ရက် တွင် ဘာစီလိုနာ အိမ်ကွင်းနူးကမ့် သို့ သွားရောက်မည်ဖြစ်သည်။

ဘရိုက်တန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် မိမိ၏ ကစား သမားများသည် ဖိအားကို လက်ခံ ခဲ့ပြီး ကြီးမားသောနိုင်ပွဲကို စွမ်း ဆောင်ပေးခဲ့ကြောင်း အဲဗာတန် နည်းပြ ဆမ်အလာဒိုက်စ်က ပြော သည်။

ယင်းပွဲတွင် တိုက်စစ်မှူးဝိန်း ရွန်းနေ ပင်နယ်တီကို ဂိုးအဖြစ် မပြောင်းလဲနိုင်သော်လည်း အ သင်းစွမ်းဆောင်ရည်နှင့် ပတ် သက်၍ ကျေနပ်ပျော်ရွှင်မိ ကြောင်း ၎င်းက ထပ်လောင်းပြော ကြားသည်။

လက်စတာကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး တန်းဆင်းဇုန်မှ ရုန်းထွက်ရန် ရှစ်မှတ်လိုအပ်ခဲ့ပြီးနောက် ဝက်စ်ဘရွန်းနည်းပြ အလန်ပါဂျူး ၏ အနာဂတ်သည် မရေမရာမှုပို များလာသည်။

အခြားပွဲစဉ်များတွင် နယူး ကာဆယ်က ဆောက်သမ်တန်ကို ၃-၀ ဂိုး၊ ဘန်လေက ဝက်စ်ဟမ်း ကို ၃-၀ ဂိုးဖြင့် အနိုင်ရပြီး ဟတ် ဒါဖီးလ်နှင့် ဆွမ်ဆီးတို့ ဂိုးမရှိသ ရေ ကျခဲ့သည်။      —Ref:BBC

Top News