နေပြည်တော်သင်္ကြန်တွင် ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ် ထည့်သွင်းမည်

၂၀၁၃ က နေပြည်တော်ရှိ အေးမြရွှေပြည်ဘုန်းကြီးကျောင်းတွင် ပထမအကြိမ် ကျင်းပခဲ့သော ရခိုင်ရိုးရာနံ့သာသွေးပွဲတော်အား တွေ့ရစဉ် (ဓာတ်ပုံ − ပိုင်စိုးသူ)

ယခုနှစ် နေပြည် တော်သင်္ကြန်တွင် ပထမဆုံးအ ဖြစ် ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန် မဏ္ဍပ်ထည့်သွင်းကျင်းပမည်ဖြစ် ကြောင်း နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင် တစ်ဦး က 7Day Daily သတင်းစာသို့ ပြောကြားသည်။


မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကို ၂၀၁၈ ဧပြီ ၁၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ်ကို နေပြည်တော် ကောင်စီ လမ်းညွှန်ချက်ဖြင့် ထည့်သွင်းကျင်းပရန် စီစဉ်ခြင်းဖြစ် ကြောင်း အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

‘‘ပုံမှန်လုပ်နေကျ မြို့တော် ၀န်မဏ္ဍပ်နဲ့အတူ ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပါပူးတွဲပါဝင်မယ်’’ ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ပူးတွဲကျင်းပနိုင် ရေး နေပြည်တော်ကောင်စီက လာမည့်တစ်ပတ်အတွင်း တရားဝင်အမိန့်ကြော်ငြာစာ ထုတ်ပြန်မည် ဟုဆိုသည်။

ထို့အပြင် အခြားကုမ္ပဏီများ ကလည်း ရေကစားမဏ္ဍပ်များ ဆောက်လုပ်ရန် ကမ်းလှမ်းမှုများ ရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ယခင်က နေပြည်တော်တွင် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရား ရေသပ္ပာယ်ခြင်းကဲ့သို့ အစီအစဉ်များသာ ကျင်းပခဲ့ပြီး ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပဖူးခြင်း မရှိသေးကြောင်း နေပြည်တော်ရှိ ရခိုင်ရိုးရာပွဲဖြစ်မြောက်ရေး ဦးဆောင်ပါဝင်လှုပ်ရှားသူ ဦးစိန်ရွှေ မောင်က ဆိုသည်။

‘‘နံ့သာသွေးပွဲနဲ့ ဘုရားရေ ချိုးပွဲတွေ လုပ်ဖူးတယ်။ သင်္ကြန် တော့ မကျဖူးဘူး။ ဒီနှစ်လုပ်ဖြစ် မယ်ဆိုရင်တော့ ဒါဟာပထမဆုံး အကြိမ်ပဲ’’ဟု ဦးစိန်ရွှေမောင်က ပြောသည်။

နေပြည်တော်ရှိ အေးမြရွှေ ပြည်ဘုန်းကြီးကျောင်းတွင် ရခိုင် ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေ ချိုးပွဲတော်ကို ၂၀၁၃ က စတင်ကျင်းပခဲ့ပြီး ယခုနှစ်၌ အစဉ်အလာမပျက်ဆက်လက်ကျင်းပမည်ဟု ၎င်းကဆိုသည်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့တွင်(၁၄)ကြိမ် ကျင်းပ ထားသည်။ 

Top News