အောင်လံတွင် မြတ်စွယ်တော်လှည့်လည်ပွဲ ဖျော်ဖြေရေးယိမ်းအဖွဲ့များ ယခင်နှစ်ထက် သုံးဆခန့်များပြား

အောင်လံမြတ်စွယ်တော်မြို့တွင်းလှည့်လည်ပူဇော်ပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)

မကွေးတိုင်း အောင် လံမြို့ ကုသိနာရုံဘုရားကြီး မြတ် စွယ်တော် မြို့တွင်းလှည့်လည် ပူဇော်စဉ် ယိမ်းအလှပြဖျော်ဖြေ ရေးအဖွဲ့များ ယခင်နှစ်ထက် သုံးဆခန့်ပိုများ၍ မြို့တွင်း လမ်းမနေရာ အများစုတွင် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။


အောင်လံမြို့ ဗုဒ္ဓမြတ်စွယ် တော်ပူဇော်ပွဲကို နှစ်စဉ်ကျင်းပ ရာ(၁၆၇)နှစ်ရှိခဲ့ပြီး သုံးနှစ်လျှင် တစ်ကြိမ် အခမ်းအနားဖြင့် မြို့ တွင်းလှည့်လည်ပူဇော်ပွဲကို မတ် လ ၁၀ ရက်က ကျင်းပကြောင်း ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မြင့်က ပြောသည်။

ယခင်နှစ်များက မြို့တွင်း လှည့်လည်ပူဇော်ရာတွင် ဖျော် ဖြေရေးယိမ်းအဖွဲ့ ကိုးဖွဲ့သာပါ ၀င်လေ့ရှိသော်လည်း ယခုနှစ် တွင် ၂၆ ဖွဲ့အထိ ပါဝင်ပြီး ကရ ၀ိက်ဖောင်တော်၊ ဆင်နှစ်စီး ပါဝင်ကြောင်း ၎င်းကပြောသည်။

ဖျော်ဖြေရေးယိမ်းအဖွဲ့ များ ပြားသည့်အပြင် လာရောက်သူ များပြားသောကြောင့် အောင်လံ မြို့ ပြည်လမ်းမကြီးတစ်လျှောက် နှင့် လမ်းမတော်လမ်းနေရာများ တွင် လမ်းပိတ်ဆို့မှုများ ဆက် တိုက်ဖြစ်ပွားခဲ့သည်။

‘‘မြို့တွင်းလမ်းမကြီးက ဒီနှစ်လမ်းပဲ ရှိတာလေ။ စွယ် တော်မြို့တွင်း လှည့်တာကလည်း ယိမ်းအသင်းတွေက အရင်နှစ် တွေကထက် နှစ်ဆလောက်များ လာတော့ လမ်းတွေပိတ်ကုန်တာ၊ ရဲတပ်ဖွဲ့တွေ၊ ယာဉ်ထိန်းတွေ ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ယာဉ်ထိခိုက်မှု ကြီးကြီးမားမား တော့ မဖြစ်ပွားခဲ့ဘူး’’ဟု မြတ် စွယ်တော်လှည့်လည်ပွဲ လုံခြုံရေး ယူနေသူ အောင်လံမြို့မရဲတပ်ဖွဲ့ စခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အောင်လံမြို့သည် ပြည်လမ်း နှင့် လမ်းမတော်လမ်းတို့သာ မြို့ အစအဆုံးပေါက်သော လမ်းမ ကြီးများအဖြစ် တည်ရှိနေပြီး မြို့ ပတ်လမ်းနှင့် မြို့ရှောင်လမ်းတို့ မရှိသောကြောင့် မြို့တွင်းဘာ သာရေးပွဲများ လှည့်လည်သော အခါ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားရကြောင်း အောင်လံဒေသခံတစ်ဦး က ပြောသည်။

ယခုနှစ် မြတ်စွယ်တော်ပွဲ တွင် ရိုးရာဖျော်ဖြေရေး ယိမ်းအ ကအဖွဲ့များအပြင် အရှိုချင်းတိုင်း ရင်းသား ရိုးရာအကအဖွဲ့ယိမ်းနှင့် အရုပ်ချိုးအနုပညာ(စက္ကူ၊ ၀ါး များဖြင့် တိရစ္ဆာန်၊ အဆောက် အအုံ၊ လူရုပ်ကြီးများတည် ဆောက်ခြင်း)များပါဝင်သော လူ ရိုင်းယိမ်းများလည်း ပါဝင်သည်။

ထို့အပြင် ဒေသခံဟိန္ဒူအမျိုး သားများ၏ ရိုးရာအကအဖွဲ့များ လည်း ပါဝင်ပြီး လာရောက်သူ များပြားသောကြောင့် လမ်းမကြီး တစ်လျှောက်ရှိ အိမ်ရှင်များက အ ချိုရည်၊ ရေသန့်နှင့် မုန့်များ ဝေငှကြသည်။ 

Top News