မလိုသည်များကို ငြင်းပယ်ခြင်း

မိတ်ဆွေတို့ပတ်ဝန်းကျင် မှာ မလိုအပ်ဘဲ ပုံနေတဲ့ ပိုလျှံပစ္စည်းတွေ ရှိနေပါလိမ့်မယ်။ တချို့ပစ္စည်း တွေက တစ်နှစ်လုံးနေမှ တစ်ခါ လောက်သာ ထုတ်သုံးပြီး နှစ် ပေါက်အောင် ပြန်သိမ်းထားရတဲ့ ပစ္စည်းတွေဖြစ်မယ်။ အခကြေး ငွေပေးပြီး ငှားသုံးလို့ရနိုင်ပေမယ့် ရှိနေရင် ကောင်းတယ်ဆိုပြီး တကယ်မလိုအပ်ဘဲ ဝယ်ထားတဲ့ အသုံးအဆောင်တွေလည်း နည်း မှာမဟုတ်ဘူး။ တစ်နှစ်နေမှ တစ် ခါလောက်ချက်စားဖြစ်မယ့် မုန့် ဟင်းခါးအတွက် ဟင်းအိုးကြီးကြီး တစ်လုံး ဝယ်ထားဖို့ လိုပါရဲ့လား။


တချို့ပစ္စည်းတွေကတော့ အချိန်မရွေး၊ နေရာမရွေး ဝယ်လို့ ရတဲ့ပစ္စည်းတွေကို များများဝယ် သုံးရင် လက်ဆောင်ရတယ်ဆိုတဲ့ မက်လုံးကြောင့် လတ်တလော မလိုအပ်သေးပေမယ့် ဝယ်ထား တဲ့ပစ္စည်းတွေ ဖြစ်ပါလိမ့်မယ်။ တချို့ပစ္စည်းတွေကတော့ အသုံး မလိုတော့သည့်တိုင် နှမြောတသ စွာနဲ့ လွှင့်မပစ်ရက်ဘဲ ချောင်ထိုး ထားတဲ့ ပစ္စည်းတွေဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေလက် ဝယ်ရှိနေတဲ့ ပစ္စည်းအားလုံးရဲ့ ထက်ဝက်ကျော်ဟာ လက်ပွန်းတ တီးအမြဲသုံးနေတဲ့ ပစ္စည်းတွေ မဟုတ်တာသေချာတယ်။ 

မလိုအပ်ခဲ့ရင် ယဉ်ယဉ် ကျေးကျေး ငြင်းပယ်တာ အ ကောင်းဆုံးပါပဲ။ မလိုအပ်တဲ့ အ သုံးအဆောင်ပစ္စည်းတွေ ဝယ် ထားရတာ ငွေကုန်လူပန်းဖြစ်ရုံ မက ထားရသိုရတဲ့အတွက် နေရာ ပုပ်တယ်။ ကျွန်တော်တို့လူ့အဖွဲ့ အစည်းမှာ ငြင်းပယ်တဲ့ ဓလေ့ မထွန်းကားသေးဘူး။ ငြင်းပယ်ခဲ့ ရင်လည်း ငြင်းပယ်ခံရသူရော ငြင်းပယ်သူပါ အနေအထိုင်တွေ ခက်ကုန်တယ်။ 

ကိုယ်တိုင်ငွေကြေးပြတ် လပ်နေချိန်မှာ ငွေကြေးအကူအ ညီလာတောင်းတဲ့ မိတ်ဆွေကို ငြင်းရမှာအားနာတယ်။ ကိုယ်မ ကြိုက်တဲ့ အသုံးအဆောင်ကို လာ ရောင်းတဲ့ မိတ်ဆွေကို ရုတ်တရက် ငြင်းမထွက်ဘူး။ မတည်နိုင် တဲ့ ကတိကဝတ်တွေပေးပြီး အရူး ကွက်နင်းကြသူတွေ ရှိတယ်။ ဘယ်လောက်ထိ ငြင်းရမှာ ကြောက်သလဲဆိုရင် ကျွန်တော့် မိတ်ဆွေရင်းတစ်ယောက်ဆို သွား ကိုက်လို့ သွားဆေးခန်းပြ၊ ဆရာဝန်က ထုံဆေးထိုးပြီးချိန်မှာ သွား အကောင်းကို ကိုက်နေတဲ့ သွား လားမေးတော့ ဟုတ်ပါတယ်လို့ ဖြေလိုက်သတဲ့။ လူနာရဲ့အတည် ပြုချက်နဲ့ သွားအကောင်းတစ် ချောင်း ဆရာဝန်က နုတ်လိုက်ပါ ရောလား။ နောက်တစ်နေ့ရောက် မှ တကယ်ကိုက်နေတဲ့သွားကို နောက်တစ်ခါ ပြန်နုတ်ခဲ့ရတယ်။ 

ငြင်းပယ်ခြင်းက မြန်မာ့လူ့ အဖွဲ့အစည်းနဲ့ အသားမကျဘူး။ ငြင်းပယ်ရမှာကို မလိုအပ်ဘဲ အား နာကြတဲ့သူတွေများတယ်။ ပညာရှင်တွေကတော့ အားနာတယ်ဆို တာ ကြောက်စိတ်တစ်မျိုးပဲလို့ အနက်ဖွင့်ကြတယ်။ ကိုယ့်အ တွက် မလိုအပ်ရင် အကျိုးသင့် အကြောင်းသင့်ရှင်းပြပြီး ယဉ်ယဉ် ကျေးကျေးငြင်းပယ်လိုက်တာ အကောင်းဆုံးပါပဲ။ ငြင်းပယ်ခြင်း ကြောင့် မိတ်မပျက်နိုင်ပါဘူး။ ကတိမတည်ခဲ့ရင်တော့ မိတ်ပျက် ကောင်းပျက်သွားနိုင်တယ်ဆိုတာ သတိချပ်စေလိုပါတယ်။ 

ယဉ်ယဉ်ကျေးကျေး ငြင်း ပယ်နိုင်ဖို့ စနစ်တကျ လေ့ကျင့် ပျိုးထောင်ထားရပါ့မယ်။ အရာ အားလုံးကို ငြင်းပယ်ဖို့ မလိုပေ မယ့် ကိုယ်မနိုင်တဲ့ ကိစ္စရပ်တွေ မှာ မဖြစ်မနေ ငြင်းပယ်နိုင်ရပါ မယ်။ ငြင်းပယ်ခြင်းက ဘဝနေ နည်းအနုပညာထဲက တစ်ခုမျှသာ ဆိုတာ မမေ့ပါနဲ့။ မလိုအပ်တဲ့ ပစ္စည်းပစ္စယတွေအတွက် ငြင်း လွှတ်ပါ။ မတည်နိုင်မယ့် ကတိ ကဝတ်တွေအတွက် အစောကြီး ကတည်းက ငြင်းဆန်ပါ။ ဝယ်ယူ လိုက်တဲ့ ပစ္စည်းတိုင်းက အမှန်တ ကယ်အသုံးတည့်ဖို့ လိုအပ်တဲ့အ ပြင်ဝင်ငွေနဲ့ ကိုက်ညီတဲ့အသုံးအ ဆောင်ဖြစ်ဖို့ အရေးကြီးပါတယ်။ လုပ်ခလစာ ဝင်ငွေရပေါက်ရ လမ်းနည်းနေတဲ့ကြားက အကြွေး တင်ခံပြီး အမှတ်တံဆိပ်ကောင်း ကောင်းတွေ ခုံမင်နေရင်တော့ ကိုယ်ပိုင်သောကတွေထားဖို့ ဂို ဒေါင်ကြီးကြီး ဆောက်ထားရပါ လိမ့်မယ်။ လူတိုင်းက (ခြွင်းချက် မရှိ) ကောင်းကောင်းစား၊ လှလှ ဝတ်၊ အေးအေးသက်သာနေကြ ချင်သူချည်းသာဖြစ်ပါတယ်။ ဘဝ မှာ သောကကင်းကင်းနဲ့အန္တရာယ် ကင်းအောင် နေထိုင်စားသောက် ဖို့ဆိုတာ ရောင့်ရဲမှသာ ဖြစ်ပါ့ မယ်။ 

မလိုအပ်တဲ့ကိစ္စရပ်တွေမှာ ငြင်းပယ်နိုင်ဖို့ ဉာဏ်ပညာလိုအပ် တယ်။ ငြင်းပယ်ရမယ့်ကိစ္စတွေနဲ့ လက်ခံရမယ့်ကိစ္စတွေခွဲခြားသိဖို့ ဉာဏ်ပညာက အရေးပါတယ်။ ကိုယ်မကျွမ်းကျင်တဲ့ ကိစ္စရပ်တွေ မှာ ရဲရဲဝံ့ဝံ့ ငြင်းပယ်ကြရပါမယ်။ ကိုယ်ဆောင်ရွက်နိုင်တာတွေဆို ရင်လည်း တာဝန်ခံမှု၊ တာဝန်ယူ မှုအပြည့်နဲ့ လက်ခံဆောင်ရွက် ပေးကြရပါမယ်။ 

လောဘကို မလွန်ဆန်နိုင် လို့ဖြစ်စေ၊ အတ္တကို မကျော်လွှား နိုင်လို့ဖြစ်စေ ငြင်းပယ်ဖို့ ပျက် ကွက်ခဲ့ရင် အမှိုက်တွေပုံလာနိုင် ပါတယ်။ အမှိုက်ဆိုတဲ့နေရာမှာ ရုပ်အမှိုက်အပြင် ကိုင်တွယ်ထိ တွေ့လို့မရတဲ့ စိတ်အမှိုက်တွေပါ ပုံလာနိုင်တယ်။ (အလိုရမ္မက်ကြီး တာ၊ လိုဘမပြည့်တာ၊ အရာရာ မှာ စိတ်တိုင်းမကျတာ၊ စိတ်ကသိ ကအောက်ဖြစ်စေတာ စတာတွေ က စိတ်အမှိုက်တွေဖြစ်ပါတယ်။) စိတ်အမှိုက်ပဲဖြစ်ဖြစ်၊ ရုပ်အမှိုက် ပဲဖြစ်ဖြစ် ပုံလာရင် အမြန်ဆုံးရှင်း ပစ်ကြပါ။ 

မိတ်ဆွေတို့အနေနဲ့ လက်ခံ ရမလား၊ ငြင်းပယ်ရမလား ဝေခွဲ မရဖြစ်တဲ့အခါ ကျွန်တော့်မိတ် ဆွေရဲ့အံဆုံးသွားကိုက်တဲ့ ပုံပြင် ကို သတိရလိုက်ပါ။ စာရေးဆရာ မောင်ကြည်သစ်ကတော့ ငြင်း ပယ်ခြင်းရဲ့အလှဆိုတဲ့ ဒဿနိက ဗေဒနဲ့ဆိုင်တဲ့ စာအုပ်တစ်အုပ် ထုတ်ခဲ့ဖူးတယ်။ အမှန်ပါပဲ။ ငြင်း ပယ်ခြင်းမှာ အလှတရားရှိနေပါ တယ်။ မိတ်ဆွေတို့လည်း ကိုယ် မယုံကြည်တဲ့ကိစ္စ၊ ကိုယ်မလုပ် နိုင်တဲ့အရေးအရာ၊ ကိုယ်မကျွမ်း ကျင်တဲ့ အလုပ်တွေမှာ ယဉ်ယဉ် ကျေးကျေး ရဲရဲဝံ့ဝံ့ ငြင်းပယ်နိုင်တဲ့ သူတွေဖြစ်စေချင်ပါတယ်။ 

(ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။)

Top News