တက္ကသိုလ်ဝင်စာမေးပွဲဖြေသည့် ကျောင်းသူငါးဦး မူးဝေအော့အန်၍ ဆေးရုံတင်ကာ စာမေးပွဲ ဆက်လက်ဖြေဆို

တောင်တွင်းကြီးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသောကျောင်းသား၊ ကျောင်းသူများအား မတ်လ ၁၂ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ − အောင်ကျော်ကျော်)

 တောင်တွင်းကြီးမြို့ တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေ ဆိုနေသော ကျောင်းသူငါးဦးသည် ရုတ်တရက် မူးဝေအော့အန်သဖြင့် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသပေးခဲ့ပြီး ဆေးရုံ၌ စာမေးပွဲဆက်လက်ဖြေဆိုခွင့်ပြုကြောင်းပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။

မတ်လ ၁၂ ရက်က တက္က သိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဖြေ ဆိုသည့်နေ့တွင် တောင်တွင်းကြီး မြို့ အထက (၁) ကျောင်း၌ စာ မေးပွဲဖြေဆိုနေသော ကျောင်းသူ တစ်ဦး၊ အထက (၂) ကျောင်းရှိ ကျောင်းသူတစ်ဦးနှင့် အထက (၃) ရှိ ကျောင်းသူသုံးဦး စုစုပေါင်း ငါးဦးသည် စာမေးပွဲဖြေဆိုနေစဉ် ဗိုက်အောင့်ခြင်းနှင့် ရုတ်တရက် မူးဝေအော့အန်မှုများ ဖြစ်ပွားခဲ့ သည်။

‘‘ကျောင်းသူငါးဦး ဆေးရုံ ရောက်လာပါတယ်။ သေချာကြပ် မတ်ကုသပေးထားတယ်။ သာမန် မူးဝေအော့အန်တာမျိုးပါ။ စာမေး ပွဲကို ဖြေဆိုနိုင်ကြပါတယ်။ ၂၄ နာရီ စောင့်ကြပ်ကြည့်ရှုပြီးလို့ ပြန် ဆင်းပေးသင့်ရင် ဆင်းပေးတော့ မှာပါ’’ ဟု တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ကျဆရာ တစ်ဦးက ပြောသည်။

တောင်တွင်းကြီးမြို့နယ် ပညာရေးဌာနသည် ဆေးရုံသို့ ရုတ်တရက် တက်ရောက်ခဲ့ရ သော ကျောင်းသူများစာမေးပွဲ ဖြေ ဆိုခွင့် မဆုံးရှုံးစေရေး တာဝန်ရှိသူ များထံ တင်ပြကာ ဆေးရုံ၌ အ စောင့်အကြပ်များဖြင့် စာမေးပွဲ ဆက်လက်ဖြေဆိုခွင့် ပြုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

တောင်တွင်းကြီးမြို့နယ် တွင် ယခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲ ဝင်ရောက်ဖြေဆိုသူ ၅,၄၀၀ ကျော်ရှိပြီး ဖြေဆိုရန် ပျက်ကွက် သူ နည်းပါးကြောင်း ၎င်းကပြော သည်။

Top News