အနည်းဆုံးအခကြေးငွေ အတည်မဖြစ်သေးသော်လည်း ကုမ္ပဏီအများစုလစာပိုပေး၍ အလုပ်သမားခေါ်ယူ

အနည်းဆုံးအခကြေးငွေ အတည်မဖြစ်သေးသော်လည်း ကုမ္ပဏီလုပ်ငန်းအများစုက လစာ တိုးမြှင့်၍ အလုပ်သမားခေါ်ယူ လာကြောင်း ပြည်တွင်းအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီတာ ဝန်ရှိသူအချို့က ပြောသည်။


ကုမ္ပဏီလုပ်ငန်းခွင်များက ဖေဖော်ဝါရီ လကုန်ပိုင်းကစ၍ အလုပ်သမားအသစ်များကို ယ ခင်ကထက် ကျပ်သုံးသောင်းခန့် လစာတိုးမြှင့်ပေးလာသည်ဟု နွယ်ရိုးပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စိုးထွဋ်က ဆို သည်။

‘‘ကုမ္ပဏီတွေကတော့ အ နည်းဆုံးအခကြေးငွေအတည်ပြု ပြီးမှ တိုးမယ်လို့ပြောတယ်။ ကျွန် တော်တို့က တစ်လလောက်နဲ့ ဘာမှမထူးပါဘူး။ အခုကတည်း က တိုးပေးပါဆိုပြီး ညှိတော့ အ ဆင်ပြေသွားတယ်။ အဲဒါနဲ့ လစာ တွေ တိုးပေးတယ်’’ဟု ၎င်းက ပြောသည်။

ထိုသို့ လစာမတိုးမြှင့်ခင်က ကုမ္ပဏီလုပ်ငန်းများ၌ အခြေခံ အလုပ်သမားတစ်ဦး၏ လစာ သည် ကျပ်တစ်သိန်းနှစ်သောင်း ခန့်သာရှိပြီး လက်ရှိတွင် ကျပ်တစ်သိန်းခွဲခန့်ရှိလာပြီဖြစ်သည်။ ထို့အပြင် ဘွဲ့ရရှိထားသူတစ်ဦး၏ လုပ်ခသည် ယခင်က ကျပ်တစ်သိန်းခွဲခန့်သာရှိပြီး ယခုအခါကျပ်တစ်သိန်းရှစ်သောင်းခန့် အထိ တိုးမြှင့်ပေးလာကြောင်း ဦးကျော်စိုးထွဋ်က ပြောသည်။

‘‘အလုပ်ရှင်တော်တော်များ များကတော့ အခြေခံလစာတွေ တိုးပေးသလို အလုပ်သမား ကောင်းတွေ ရရှိဖို့အတွက်ကို လည်း အလေးထားလာကြတယ်။ အလုပ်ဝင်ပြီးမှ ပြန်ထွက်တာမျိုး၊ မကြာခဏ ပြောင်းရွှေ့တာမျိုး တွေကြောင့် လုပ်ငန်းခွင်လည် ပတ်မှုမထိခိုက်စေရအောင်ဆိုပြီး စာချုပ်ကြိုချုပ်စေတာမျိုးတွေပါ ပိုပြီး လုပ်လာကြတယ်’’ဟု ပြည် တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီလုပ်ငန်းရှင် ဦးစိုင်းမြင့် က ဆိုသည်။

လက်ရှိ ပြည်တွင်းအလုပ် အကိုင်ဈေးကွက်တွင် အွန်လိုင်း ရှော့ပင်းလုပ်ငန်းများမှ ကုန် ပစ္စည်းပို့မည့် အလုပ်သမားလို အပ်ချက်မှာ အများဆုံးဖြစ်လာပြီး အလုပ်ရှာဖွေလျှောက်ထားမှုတွင် စက်မှုနှင့်အင်ဂျင်နီယာလုပ်ငန်း အမျိုးအစားက အများဆုံးအဖြစ် ရှိနေကြောင်း အေဂျင်စီလုပ်ငန်း ရှင်များက ဆိုသည်။

အလုပ်သမားများ၏ တစ် ရက်လုပ်ခကို အနည်းဆုံး ကျပ် ၄,၈၀၀ သတ်မှတ်ရန် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီက မတ်လ ၅ ရက်က ဆုံးဖြတ်ထား သည်။

ယင်းဆုံးဖြတ်ချက်ကို ပြည် ထောင်စုအစိုးရက အတည်ပြု ပေးရမည်ဖြစ်ပြီး အတည်ပြုမည့် ကာလကို မသိရသေးပေ။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီအဖွဲ့ဝင်အချို့က ပြည်ထောင်စုအစိုးရက ယခုမတ်လ ကုန်ပိုင်းအတွင်း အတည်ပြုချက် ပေးနိုင်ပြီး ဧပြီတွင် အနည်းဆုံး အခကြေးငွေနှုန်းထားသစ် စတင်ခံစားခွင့်ရနိုင်ဖွယ်ရှိကြောင်း ခန့် မှန်းထားသည်။

Top News