ရုပ်ရှင် အကြိုခံစားခြင်း

THE STRANGERS: PREY AT NIGHT

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍအ တွက်တော့ ရုံတင်ပြသနေတဲ့ အမေရိကန် သည်းထိတ်ရင်ဖို ဇာတ်ကားအကြောင်း ဖော်ပြ လိုက်ပါတယ်။ ၂၀၀၈ က ထွက်ရှိ ခဲ့တဲ့ The Strangers ဇာတ်ကား ရဲ့အဆက်အဖြစ် ထွက်ရှိလာတာ ဖြစ်ပြီး မျက်နှာဖုံးစွပ် လူသတ် သမားသုံးဦးနဲ့ ကြုံရတဲ့မိသားစု အကြောင်း ဇာတ်အိမ်ဖွဲ့ထားတာ ပါ။


မိုက်နဲ့ စင်ဒီတို့ဇနီးမောင်နှံ ဟာ သားနဲ့သမီးဖြစ်တဲ့ လုခ်၊ ကင်းဆေးတို့နဲ့အတူ သူတို့ဦးလေးနဲ့ အဒေါ်ပိုင်ဆိုင်တဲ့ မြို့ပြင်က အပန်းဖြေနေရာတစ်ခုဆီကို ကင်းဆေးဘော်ဒါကျောင်းမသွားခင် အပျော်ခရီးအနေနဲ့ ရောက်လာခဲ့ ကြပါတယ်။

အပန်းဖြေနေရာဆိုပေမယ့် လူရိပ်လူယောင် မမြင်ရဘဲ ခြောက်ကပ်ကပ်ပုံစံမျိုး ဖြစ်နေ ပြီး မိုက်တို့ရဲ့ဦးလေးနဲ့ အဒေါ် လည်း မရှိတဲ့အတွက် မိသားစု တွေ ကိုယ့်ဘာသာကိုယ်ပဲ နေဖို့၊ ထိုင်ဖို့ နေရာချခဲ့ကြပါတယ်။ ခဏအကြာမှာတော့ သူတို့အိမ် ကို ဒေါလ်ဖေ့စ်ဆိုတဲ့ မိန်းကလေး တစ်ယောက်ရောက်လာပြီး တာ မာရာဆိုသူရှိလားဆိုပြီး လာမေး ခဲ့ပါတယ်။

စင်ဒီက အိမ်မှားလာ ကြောင်းပြောပြီး မိသားစုတွေ ဂိမ်းကစားရင်း ကတောက်ကဆ ဖြစ်ပြီး ကင်းဆေးထထွက်သွားတဲ့ အတွက် လုခ်ကိုလိုက်ခေါ်ခိုင်းခဲ့ ပါတယ်။ အဲဒါနဲ့ လုခ်နဲ့ ကင်းဆေး တို့ မောင်နှမနှစ်ယောက် အနီးဝန်း ကျင်ကို လမ်းလျှောက်ရင်း လူနေနောက်တွဲယာဉ်ထဲမှာ သူတို့ ရဲ့ ဦးလေးနဲ့အဒေါ် ရက်ရက်စက် စက်အသတ်ခံထားရတာကို တွေ့ ခဲ့ပါတယ်။

ဒေါလ်ဖေ့စ်က စင်ဒီတို့ဆီကို နောက်တစ်ကြိမ် ထပ်ရောက်လာ ခဲ့ပြီး အရင်တစ်ခါလိုပဲ ထပ်မေး ကာ သစ်တောထဲဝင်သွားပြီး ပျောက်သွားခဲ့ပါတယ်။ ထူးဆန်း တဲ့အခြေအနေမို့ မိုက်နဲ့ စင်ဒီက လုခ်တို့ကို လိုက်ရှာခဲ့ပြီး လုခ်တို့ နဲ့ တွေ့တဲ့အခါ အကြောင်းစုံသိ သွားခဲ့ပါတယ်။ အကူအညီခေါ်ဖို့ အတွက် စင်ဒီနဲ့ ကင်းဆေးကို အိမ်ပြန်ခိုင်းခဲ့ပြီး မိုက်နဲ့ လုခ်ကတော့ သူတို့အဒေါ်နဲ့ ဦးလေးအသတ်ခံ ထားရတဲ့ နေရာဆီကို ပြန်သွားခဲ့ ပါတယ်။

စင်ဒီနဲ့ ကင်းဆေးတို့ အိမ် ရောက်တဲ့အခါမှာ သူတို့ရဲ့ ဖုန်း တွေ ဖျက်ဆီးခံထားရကာ ဒေါလ် ဖေ့စ်က အိမ်ထဲရောက်နေပြီး ဓား တစ်ချောင်းနဲ့ လိုက်သတ်ပါတော့ တယ်။ မိုက်တို့ အိမ်ရောက်တဲ့ အခါမှာတော့ စင်ဒီရဲ့ အလောင်း ကို တွေ့ခဲ့ပြီး ကင်းဆေးကတော့ ပျောက်ဆုံးနေပါတယ်။ အဲဒါနဲ့ သားအဖနှစ်ယောက် ကင်းဆေး ကို ကားနဲ့ လိုက်ရှာတဲ့အခါမှာ မျက်နှာဖုံးစွပ် အမျိုးသားနဲ့တွေ့ ပြီး လိုက်သတ်ခံရပါတယ်။

မိုက်လည်း မျက်နှာဖုံးစွပ်လူ ရဲ့ လက်ချက်နဲ့ သေသွားခဲ့ပါ တယ်။ အဲဒီနောက် လုခ်ဟာ ကင်းဆေးကို ရှာတွေ့သွားခဲ့ပြီး ဒေါလ် ဖေ့စ်၊ မျက်နှာဖုံးစွပ်မိန်းကလေး၊ မျက်နှာဖုံးစွပ်အမျိုးသားတို့ သုံး ယောက်ရဲ့လက်က လွတ်မြောက် ဖို့အတွက် မောင်နှမနှစ်ယောက် အသက်လုပြေးရပါတော့တယ်။ 

လူသတ်သမားသုံးဦးက ဘယ်သူတွေလဲ၊ အသည်းအသန် လိုက်သတ်နေရတဲ့အကြောင်း ရင်းက ဘာဖြစ်မလဲ၊ လုခ်နဲ့ ကင်း ဆေးတို့ မောင်နှမရဲ့ ကံကြမ္မာက ဘယ်လိုတွေဖြစ်သွားမလဲဆိုတာ တော့ ရင်ခုန်စိတ်လှုပ်ရှားရင်း ဆက်ကြည့်လိုက်ဦးနော်။

ဒီဇာတ်ကားမှာ ခရစ္စတီးနား ဟန်းဒရစ်၊ မာတင်ဟန်ဒါဆန်၊ ဘိုင်လီမက်ဒီဆန်၊ လူးဝစ္စပူးလ် မန်း၊ အမ်မာဘယ်လိုမီ၊ ဒါမီယန် မက်ဖီ၊ လီယာအန်ဆလင် စသူ တွေ ပါဝင်သရုပ်ဆောင်ထားပါ တယ်။

Top News