ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူများလွန်း၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူများအား ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သင်တန်းကျောင်းအပြင်ဘက်၌ တွေ့ရစဉ် (ဓာတ်ပုံ − Paing Hein Ko Facebook)

အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့် ကိုရီးယား ဘာသာ အရည်အချင်းစစ်စာ မေးပွဲ (EPS-TOPIK) ဖြေဆိုခွင့် လျှောက်ထားသည့်အလုပ်သမား ဦးရေများပြား၍ ရုန်းရင်းဆန်ခတ် ဖြစ်စဉ်အချို့ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး အလုပ် သမားညွှန်ကြားရေး ဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင် တန်းကျောင်းတို့တွင် လက်ခံပေး နေပြီး လျှောက်လွှာ ပထမဆုံး လက်ခံသည့် မတ်လ ၁၂ ရက်၌ ပင် လုယက်တိုးဝှေ့မှုများဖြစ်ပေါ် ခဲ့သည်ဟု သွားရောက်လျှောက် ထားခဲ့သူအချို့က ပြောသည်။


 ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ အလုပ်သ မားညွှန်ကြားရေးဦးစီးဌာန ကျွမ်း ကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်းတွင် မတ်လ ၁၂ ရက် နံ နက်က အနည်းငယ်ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့ကြောင်း စာမေးပွဲ ဖြေဆိုခွင့် သွားရောက်လျှောက် ထားခဲ့သူများက ပြောသည်။

‘‘မနက်ပိုင်းမှာ သင်တန်း ကျောင်းဝင်းထဲ ဝင်ဖို့ကို ဝရုန်း သုန်းကားတွေ စဖြစ်တယ်။ ရုန်း ရင်းဆန်ခတ်ဖြစ်ရတာလည်း တ ချို့စည်းကမ်းမဲ့သူတွေကြောင့် ပါ တယ်။ စနစ်တကျ တန်းမစီချင် ကြဘူး။ အတင်းတိုးဝှေ့တယ်။ ဆူပူအော်ဟစ်တယ်။ အဲဒါတွေ ဆိုးတာ။ ဝန်ကြီးဌာနကလည်း ဒီ ထက်ပိုပြီး စနစ်တကျဖြစ်အောင် လုပ်ပေးရင် ပိုကောင်းတာပေါ့’’ ဟု စာမေးပွဲဖြေဆိုခွင့် သွားရောက်လျှောက်ထားခဲ့သူ ကိုစိုးနိုင်က ပြောသည်။

 မန္တလေးတိုင်းဒေသကြီးရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင် တန်းကျောင်းတွင် မတ်လ ၁၂ ရက် နံနက်က အလားတူ တိုးဝှေ့ရုန်း ရင်းဆန်ခတ်မှု အနည်းငယ်ရှိခဲ့ သော်လည်း အချိန်မီအဆင်ပြေ အောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့၍ အခြေအနေဆိုးဆိုးရွားရွား မဖြစ်ပေါ်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 ယင်းလျှောက်လွှာများကို မတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ တစ်ရက်လျှင် လူဦးရေငါးထောင် နှုန်းဖြင့် လက်ခံမည်ဖြစ်ပြီး အချိန်မီ လက်ခံဆောင်ရွက်နိုင်ရန် လျှောက်လွှာလက်ခံရေး ကောင်တာများ လုံလောက်စွာထားရှိကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ တာဝန်ခံတစ်ဦးက ပြောကြား သည်။

 ‘‘မနက်ပိုင်းလောက်မှာပဲ တစ်ချက်ဖြစ်သွားတာပါ။ အခု အားလုံးအဆင်ပြေသွားပါပြီ။ အ ထဲရောက်နေတဲ့သူတွေ အကုန် လုံးကို လက်ခံဆောင်ရွက်ပေးနေ တယ်။ တချို့အလုပ်သမားတွေ က သူတို့မမီလိုက်မှာ စိုးလို့ပေါ့။ ကောင်တာကိုလည်း ၁၀ ခုအထိ ဖွင့်ပြီး ဆောင်ရွက်ပေးနေတဲ့အ တွက် အခုဆို အားလုံးအေးအေး ဆေးဆေးဖြစ်နေပါပြီ’’ဟု မတ်လ ၁၂ ရက် ညနေတွင် ၎င်းက ပြော သည်။

ယခုစာမေးပွဲသည် (၁၂)ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS- TOPIK) ဖြစ်ပြီး ယမန်နှစ် (၁၁)ကြိမ်မြောက် စာမေးပွဲလျှောက် လွှာလက်ခံစဉ်က အခြေအနေ ပိုမိုဆိုးရွားကြောင်း စာမေးပွဲဖြေဆို သူအချို့က ဆိုသည်။

(၁၁)ကြိမ်မြောက် ကိုရီးယား ဘာသာ အရည်အချင်းစစ်စာမေးပွဲ(EPS-TOPIK) ဖြေဆိုခွင့် လျှောက်ထားစဉ်က ဆူပူမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး သင်တန်းကျောင်းအ တွင်းရှိ ပစ္စည်းအချို့ ပျက်စီးကာ ရဲတပ်ဖွဲ့လုံခြုံရေးများ စောင့်ကြပ် ရသည်အထိ အခြေအနေဆိုးရွားခဲ့သည်။

(၁၂)ကြိမ်မြောက် ကိုရီးယား ဘာသာ အရည်အချင်းစစ်စာမေး ပွဲ (EPS-TOPIK)ကို စိုက်ပျိုးရေး လုပ်ငန်းအမျိုးအစားအတွက် ဧပြီ ၃ ရက်မှ ၁၂ ရက်အထိလည်း ကောင်း၊ ကုန်ထုတ်နှင့် ဆောက် လုပ်ရေးလုပ်ငန်း အမျိုးအစားအ တွက် ဇွန်လ ၁၈ ရက်မှ အောက် တိုဘာ ၁၉ ရက်အထိလည်း ကောင်း ပြုလုပ်မည်ဟု အစိုးရ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီက ထုတ်ပြန်ထားသည်။

ကိုရီးယားနိုင်ငံက မြန်မာအလုပ်သမားများကို ၁၉၉၀ ကတည်းက သင်တန်းသားအလုပ် သမား ခေါ်ယူမှုအစီအစဉ်ဖြင့် စတင်ခေါ်ယူခဲ့သည်။

၂၀၀၉ တွင် နှစ်နိုင်ငံအစိုးရ ကြား သဘောတူညီချက်ဖြင့် အ လုပ်ခေါ်ယူခန့်ထားမှုစနစ် (Em-ployment Permit System/EPS)ဖြင့် အလုပ်သမားခေါ်ယူမှု စနစ်သစ် စတင်ကျင့်သုံးခဲ့ပြီး ၂၀၁၁ အထိ ရွှေအင်းဝဝန်ဆောင် မှုအေဂျင်စီက တာဝန်ယူ၍ အလုပ်သမား ပို့ဆောင်ခဲ့သည်။

ကိုရီးယားနိုင်ငံက ကုန်ထုတ် လုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် ပြည်ပအလုပ်သမားများကို ခေါ်ယူနေ သည်။

ကိုရီးယားနိုင်ငံသည် တစ်နှစ်လျှင် မြန်မာအလုပ်သမားဦးရေ ၄,၀၀၀ ခန့် ခေါ်ယူလေ့ရှိကြောင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန မှတ်တမ်းများ၌ ဖော်ပြထားသည်။

သို့သော် ယင်းနိုင်ငံတွင် တစ်လလျှင် ကျပ်သိန်းနှစ်ဆယ် ခန့်ရရှိသည့်အတွက် သွားရောက် လုပ်ကိုင်လိုသူ နှစ်စဉ်မြင့်တက် နေပြီး ယမန်နှစ်က စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ သုံး သောင်းခွဲခန့်ရှိခဲ့ကာ ယခုနှစ်တွင် လေးသောင်းခန့်ရှိမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ခန့်မှန်းထားသည်။

ကိုရီးယားနိုင်ငံတွင် ၂၀၁၀မှ ယနေ့အထိ တရားဝင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအလုပ် သမား သုံးသောင်းခန့်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရ သည်။

Top News