ပရိသတ်အားပေးထောက်ခံမှု ပြန်ရရန်လိုကြောင်း အာဆင်နယ်နည်းပြပြောကြား

ဝက်ဖို့ဒ်ကို သုံးဂိုးပြတ် ဖြင့် အနိုင်ယူပြီး ပရီးမီးယားလိဂ် သုံးပွဲဆက်အရှုံးကို အဆုံးသတ် နိုင်ခဲ့ပြီးနောက် မိမိအသင်းအနေ ဖြင့် ပရိသတ်များ၏ အားပေး ထောက်ခံမှု ပြန်ရအောင် လုပ် ဆောင်ရမည်ဖြစ်ကြောင်း အာ ဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောသည်။


ယင်းပွဲတွင် ပွဲကြည့်ပရိသတ် ၅၉,၁၃၁ ဦး ရှိခဲ့သော်လည်း အမ်းမရိတ်ကွင်း ပတ်လည်၌ ခုံလွတ်များရှိခဲ့ပြီး တစ်ရာသီစာ လက်မှတ် ဝယ်ယူထားသည့် ပရိသတ် အမြောက်အမြားသည် အသင်း၏စိတ်ပျက်ဖွယ် လိဂ် ရာသီကြောင့် လာမကြည့်ခြင်း ဖြစ်ဖွယ်ရှိသည်။

မူစတာဖီ၊ အော်ဘာမီယန် နှင့် မစ်ခီတာယန်တို့၏ သွင်းဂိုး များဖြင့် ဖေဖော်ဝါရီ ၃ ရက်က အဲ ဗာတန်ကို ၅-၁ ဂိုးဖြင့် အနိုင်ရပြီး နောက်ပိုင်း အာဆင်နယ်အတွက် ပထမဆုံးနိုင်ပွဲ ရရှိခဲ့သည်။

‘‘ကျွန်တော်တို့မှာ စိတ်ပျက် စရာကာလရှိခဲ့ပြီး ပရိသတ်တွေ က ကျွန်တော်တို့ခံစားရသလို လိုက်ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အလုပ်က ခက် ခဲတဲ့ အခိုက်အတန့်တွေမှာ စည်း လုံးဖို့နဲ့ စွမ်းဆောင်ရည်ကောင်းပြ သဖို့ဖြစ်ပြီး ကိုယ့်ဘက်ကို ပရိ သတ်တွေ ပြန်ရောက်လာအောင် လုပ်ဖို့ဖြစ်ပါတယ်’’ ဟု အာစင် ဝင်းဂါးက ပြောသည်။

ယင်းပွဲတွင် ဒီနေး၏ပင်နယ် တီကို ကာကွယ်နိုင်ခဲ့သော အာ ဆင်နယ်ဂိုးသမား ပီတာဆက် သည် ၎င်း၏ပရီးမီးယားလိဂ် ကစားသမားဘဝ၌ ပွဲ ၂၀၀ ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ပထမဆုံး ဂိုးသမားဖြစ်လာသည်။

‘‘သူရဲ့ကစားသမားဘဝမှာ ပီတာဆက် ဘာစွမ်းဆောင်ပြခဲ့ တယ်ဆိုတာ ဒါကအထင်အရှား ပြသနေပါတယ်။ ပွဲ ၂၀၀ ပေးဂိုး မရှိတာက သတိပြုမှတ်သားဖို့ ကောင်းပြီး ဒါကိုပင်နယ်တီကာ ကွယ်ရင်း ရခဲ့တာပါ’’ ဟု အာစင် ဝင်းဂါးက ပီတာဆက် (၃၅) နှစ် ကို ဂုဏ်ပြုပြောကြားသည်။

ယခုနိုင်ပွဲကြောင့် အာဆင် နယ်သည် စတုတ္ထနေရာမှ လီဗာ ပူးထက် ၁၂ မှတ်လျော့နည်းကာ ၄၈ မှတ်ဖြင့် အဆင့် (၆) တွင် ရပ်တည်နေသည်။

ဘုန်းမောက်ကို နောက်မှ လိုက်ကစားကာ ၄-၁ ဂိုးဖြင့် အနိုင်ယူပြီး အမှတ်ပေးဇယား တတိယနေရာသို့ တက်လှမ်းလာ ပြီးနောက် စပါးနည်းပြ ပိုချက်တီနို က ယင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရမှုကို ပြီးပြည့်စုံသော တုံ့ပြန်မှုဖြစ်ကြောင်း ပြောသည်။

‘‘ဗုဒ္ဓဟူးနေ့အပြီး ဒီနေ့အဖြေ က လုံးဝပြီးပြည့်စုံပါတယ်။ ကျွန် တော်သိပ်ကို ကျေနပ်မိပြီး တုံ့ပြန် မှုက အသင်းအတွက် အရေးကြီး ပါတယ်’’ ဟု ပိုချက်တီနိုက ပြော သည်။

ယင်းအနိုင်ရလဒ်ကြောင့် စပါးသည် မန်ယူကို ၂-၁ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သော လီဗာပူးထံမှ တတိယနေရာကို တစ်မှတ်အသာ ဖြင့် လွှဲပြောင်းယူနိုင်ခဲ့ပြီး ၆၁ မှတ်ရရှိခဲ့သည်။           —Ref:BBC

Top News