FDA ၀န်ထမ်းအမှုမှ စွပ်စွဲခံရသူ၏ရှေ့နေ ရုံးချိန်းအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ငိုကြွေးခဲ့

သတင်းထောက်များ၏ မေးမြန်းမှုကိုဖြေကြားနေသည့် ရှေ့နေဦးမောင်မောင်စိုး (ဓာတ်ပုံ − ခင်မို့မို့လွင်)

FDA ၀န်ထမ်းအမျိုးသ မီးကို အဓမ္မပြုကျင့်သတ်ဖြတ် သည့်ပုဒ်မများဖြင့် တရားစွဲခံထား ရသူမျိုးဇော်ဦး၏ ရှေ့နေသည် မတ်လ ၁၂ ရက်ရုံးချိန်းအပြီးတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ငိုကြွေး ခဲ့သည်။

အဆိုပါရုံးချိန်း တရားခွင်အ တွင်း စစ်ဆေးမေးမြန်းမှုပြီးဆုံး ပြီးနောက် သတင်းထောက်များ က အထက်ပါရှေ့နေဦးမောင် မောင်စိုးအား တွေ့ဆုံမေးမြန်းရာ မျက်ရည်များစီးကျလာပြီး ငို ကြွေးခြင်းဖြစ်သည်။

‘‘မေးသင့်မေးထိုက်တဲ့ မေး ခွန်းတွေကို ပြင်းပြင်းထန်ထန် မမေးလိုက်နိုင်ဘူး။ တာဝန်အရ လောက် မေးလိုက်ရတယ်။ နိုင်ငံ တော်ကတာဝန်ပေးတာကို လုပ်ရ တာပါ။ စိတ်မကောင်းပါဘူး’’ ဟု ၎င်းက မျက်ရည်စက်လက်ဖြင့် ပြောသည်။

ယင်းအမှုတွင် တရားစွဲခံ ထားရသူ မျိုးဇော်ဦးကရှေ့နေငှား ရမ်းခြင်းမရှိသဖြင့် လုပ်ထုံးလုပ် နည်းအရ အစိုးရက စရိတ်ခံ၍ရှေ့ နေတစ်ဦး ငှားရမ်းပေးထားခြင်း ဖြစ်သည်။

ပုဒ်မလေးခုဖြင့် တရားစွဲခံ ထားရသောမျိုးဇော်ဦး(ခေါ်)ဆီဒိုး နားကို အရှေ့ပိုင်းခရိုင်တရားရုံး တွင် လေးကြိမ်မြောက်ရုံးထုတ်ရာ တရားခွင်အတွင်း တရားလိုပြ သက်သေများအဖြစ် စွပ်စွဲခံရသူ က ရတနာများရောင်းချခဲ့သည်ဆိုသော ရွှေဆိုင်တာဝန်ရှိသူ၊ မျိုးဇော်ဦးနေထိုင်ရာမြောက် ဒဂုံမြို့နယ်ရှိ ရာအိမ်မှူးနှင့်သေဆုံးသူမရွှေရည်ဝင်း၏ မိဘနှစ်ပါးကို နှစ်ဖက်ရှေ့နေများက စစ်ဆေးမေးမြန်းခဲ့သည်။

မျိုးဇော်ဦး၏ရှေ့နေ    ဦးမောင်မောင်စိုးက သေဆုံးသူ၏ မိခင်သည် သမီးပျောက်သော အခါ အရေးပေါ်ခေါ်ဆိုနိုင်သည့် ၁၉၉သို့  ဖုန်းမခေါ်ခဲ့သည့်အ ကြောင်းနှင့် အမှုကိစ္စဖြစ်ပွားရ ခြင်းတွင် မရွှေရည်ဝင်းသည်တစ် ဦးတည်း ညအချိန်မတော်သွား လာမှုကြောင့်လည်းဖြစ်ကြောင်း မေးမြန်းရာ မိခင်က၎င်း၏သမီး သည် ည ၇ နာရီခွဲ နောက်ဆုံးအထိသာ သွားလာတတ်သူဖြစ်ကြောင်း ဖြေကြားသည်။ အခင်းဖြစ်ပွား သည့်နေ့က သွားလာသည့်နေရာ များသည်လည်း တက္ကသိုလ် ကျောင်းသူဘ၀က ၎င်းသွားလာ လေ့ရှိသည့်နေရာများသာ ဖြစ် ကြောင်း ပြောသည်။

ဖခင်ကို မေးမြန်းရာတွင် သမီးဖြစ်သူ အဓမ္မပြုကျင့်ခံရစဉ်တွင် ကယ်ကြပါဦးဟုအော်ဟစ်ခြင်းကို  ကိုယ်တိုင်ကြားရပါသလားဟု မေးမြန်းပြီး ၎င်းတို့မိဘ နှစ်ပါးစလုံးကို အမှုတွင်မျက်မြင် သက်သေ  တင်သွင်းထားပါသ လားဟုမေးမြန်းခြင်းကို မိဘများ က တင်သွင်းနိုင်ခြင်းမရှိကြောင်း ဖြေကြားသည်။

FDA ၀န်ထမ်းအမျိုးသမီး သေဆုံးရသည့်အမှုနှင့်ပတ်သက် ၍ လေးကြိမ်မြောက်ရုံးချိန်းတွင် ထူးခြားချက်သည် မျိုးဇော်ဦးနေ ထိုင်သည့်ရပ်ကွက်မှ ရာအိမ်မှူး ကို စစ်ဆေးမေးမြန်းရာ သက်သေ ခံပစ္စည်းရှာဖွေသိမ်းဆည်းခြင်း နှင့် ပတ်သက်၍သေဆုံးသူအမျိုး သမီးဝတ်ဆင်သော ဘောင်းဘီ နှင့် အင်္ကျီတို့ကို သိမ်းဆည်းခဲ့ ကြောင်း ဖြေကြားသည်။

သို့သော် မျိုးဇော်ဦး၏ရှေ့ နေက အခင်းဖြစ်စဉ်က သေဆုံး သူအမျိုးသမီးဝတ်ဆင်သည်မှာ စကတ်နှင့်အင်္ကျီဖြစ်ကြောင်းသိ ပါသလားဟု မေးမြန်းရာရာအိမ် မှူးကမသိကြောင်း ဖြေကြား သည်။ ထို့နောက် မျိုးဇော်ဦးသည် ယခင်ကရပ်ကွက်အတွင်း ပြစ်မှု တစ်စုံတစ်ရာကျူးလွန်ခဲ့ဖူးခြင်း မရှိကြောင်း ရှေ့နေကပြောကြား ရာ ရာအိမ်မှူးကမှန်ကန်ကြောင်း ဖြေကြားခဲ့သည်။

တရားခွင်အတွင်း မျိုးဇော် ဦး၏ရှေ့နေက မေးမြန်းသည်များ ကို သတင်းထောက်များနှင့်စိတ် ပါဝင်စားသဖြင့်လာရောက်နား ထောင်သူများက ရှင်းလင်းစွာ ကြားရသော်လည်း တရားလိုရှေ့ နေ၏မေးမြန်းမှုများကိုမူ သဲကွဲစွာ မကြားရပေ။

မြန်မာအမျိုးသမီးများစောင့် ကြည့်ကာကွယ်ရေးအဖွဲ့မှ ဒေါ် တင်ဆွေမြင့်၊ ဒေါ်သန်းနုခင် စသည့်တရားခွင်တွင်းလာရောက် နားထောင်သည့်အဖွဲ့ဝင်များက လည်း တရားလိုရှေ့နေ၏မေး မြန်းမှုများကို သဲကွဲစွာမကြားရ ကြောင်း သတင်းထောက်များ အား ပြောကြားသည်။

ယင်းအမှုကို ဆက်လက်စစ် ဆေးရန် တရားသူကြီးက မတ်လ ၁၉ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။

FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန)မှ ဒု ကြီးကြပ်ရေးမှူးမရွှေရည်ဝင်းကို အဓမ္မပြုကျင့်သတ်ဖြတ်သည်ဟု သံသယရှိသူမျိုးဇော်ဦး(ခေါ်)ဆီ ဒိုးနားကို လူသတ်မှုပုဒ်မ ၃၀၂၊ မုဒိမ်းမှုပုဒ်မ ၃၇၆၊ ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှု ၃၇၇ နှင့် လုယက်မှုကျူးလွန်ရာတွင် နာ ကျင်စေမှုပုဒ်မ ၃၉၄ တို့ဖြင့် ဖေ ဖော်ဝါရီ ၂၂ ရက်က အရှေ့ပိုင်း ခရိုင်တရားရုံးတွင် တရားစွဲဆို ထားသည်။

FDA ၀န်ထမ်းအမျိုးသမီးကို မျိုးဇော်ဦးက မုဒိမ်းကျင့်သတ် ဖြတ်လုယက်ကြောင်း အထောက် အထားများဖြင့် သက်သေပြနိုင် ရန် တရားလိုဘက်မှ သက်သေ ၃၅ ဦးတင်သွင်းထားပြီး မတ်လ ၁၂ ရက်ထိ တရားလိုပြသက်သေ ကိုးဦးကို စစ်ဆေးပြီးဖြစ်သည်။

Top News