ကျိုက်ထိုမြို့နယ်တွင် ဘုရားဖူးယာဉ် တိမ်းမှောက်၍ ၁၁ ဦးဒဏ်ရာရ

ကျိုက်ထိုမြို့နယ်တွင် မတ်လ ၁၁ ရက် နံနက် ရှစ်နာရီခွဲ ခန့်က ဘုရားဖူးယာဉ်တစ်စီးတိမ်း မှောက်ရာ မော်လမြိုင်နည်းပညာ တက္ကသိုလ် စတုတ္ထနှစ်ကျောင်း သားတစ်ဦးအပါအ၀င် ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အရှိန်မထိန်းနိုင်ဘဲ တိမ်း မှောက်ခဲ့တာပါ။ ဒဏ်ရာပြင်းထန် ရရှိခဲ့သူတွေရှိသလို သာမန်ဒဏ် ရာရသွားတဲ့သူတွေလည်း ရှိ တယ်’’ ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ကင်ပွန်းစခန်းမှ ကျိုက်ထို မြို့ဘက်သို့ အသက်(၂၃)နှစ်အ ရွယ်အမျိုးသားမောင်းနှင်လာ သည့် နစ်ဆန်းပစ်ကပ်ဘုရားဖူး ယာဉ်သည် တောင်ကလေးကျေး ရွာ သင်္ချိုင်းကုန်းအလွန်တွင်အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ၀ဲဘက်ခြမ်း သို့တိမ်းမှောက်ခဲ့ကြောင်း ရဲမှတ် တမ်း၌ ဖော်ပြထားသည်။

ဘုရားဖူးယာဉ်တိမ်းမှောက် မှုကြောင့် အမျိုးသားငါးဦးနှင့် အ မျိုးသမီးခြောက်ဦး ဒဏ်ရာရသဖြင့် ယာဉ်မောင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ နာကျင်စေမှု၊ အပြင်းအထန်နာကျင်စေမှုဖြင့်အမှုဖွင့်  အရေးယူထားကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Top News