ပွဲပယ်နှင့် ဒဏ်ရာပြဿနာရှိသော်လည်း ဂလိုဘယ်နှင့်ပွဲတွင် ရမှတ်ယူမည်ဟု ရန်ကုန်နည်းပြဆို

သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့် ပထမအကျော့တွင် ရန်ကုန်နှင့် ဂလိုဘယ်အသင်းယှဉ်ပြိုင်စဉ် (ဓာတ်ပုံ − YUFC)

အဝေးကွင်း၌ ယှဉ်ပြိုင် ရမည့် ဂလိုဘယ်အသင်းနှင့်ပွဲတွင် ရန်ကုန်အသင်း အဓိကကစား သမားခြောက်ဦးခန့် ပွဲပယ်နှင့် ဒဏ်ရာပြဿနာ ရင်ဆိုင်နေရ သော်လည်း ရမှတ်မဆုံးရှုံးရန် ကြိုးစားမည်ဖြစ်ကြောင်း အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောသည်။

အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု (ဆ) စတုတ္ထပွဲအဖြစ် ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းနှင့် ရန်ကုန်ယူနိုက်တက်သည် မတ်လ ၁၃ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီ လာမြို့၌ ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပွဲစဉ်အတွက် ရန်ကုန်နောက် တန်းကစားသမား သိန်းဇော်၊ မိုကာလူးနှင့် တိုက်စစ်မှူး ဆယ် လာတို့ ပွဲပယ်ခံထားရသည်။

ထို့အပြင် အသင်း၏ အဓိက ကစားသမား မောင်မောင်လွင်၊ ကြည်လင်း၊ ပြည့်ဖြိုးဇော်တို့ဒဏ်ရာပြဿနာမျာနှင့် ရင်ဆိုင်နေရခြင်းကြောင့် ဂလိုဘယ်အသင်းနှင့် ပွဲတွင် ပါဝင်ရန်မသေချာကြောင်း ဦးမျိုးမင်းထွန်းက ဆိုသည်။

‘‘ကျွန်တော်တို့အနေနဲ့ အ ဝေးကွင်းဖြစ်တာကြောင့် ရမှတ် မဆုံးရှုံးဖို့ အဓိကကစားမယ်။ ဒီပွဲ အတွက် အကောင်းဆုံးပြင်ဆင် ထားပါတယ်။ ဒဏ်ရာရကစား သမားနဲ့ ပွဲပယ်ကစားသမားတွေ ရှိနေတာကြောင့် အခက်အခဲရှိ မယ်ဆိုပေမယ့် အကောင်းဆုံးဖြစ် အောင် ပြင်ဆင်ထားပါတယ်’’ဟု ဦးမျိုးမင်းထွန်းက ပြောသည်။ ရန်ကုန်မြို့တွင် မတ်လ ၇ ရက်ကယှဉ်ပြိုင်သည့် ပထမအကျော့၌ ရန်ကုန်ယူနိုက်တက်က ဂလိုဘယ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရ ထားသည်။

ရန်ကုန်ယူနိုက်တက်သည် အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု အဆင့် သုံးပွဲကစားပြီးချိန်တွင် သုံးပွဲစလုံး အနိုင်ရရှိကာ ရမှတ် ၉မှတ်ဖြင့်အုပ်စုပထမနေရာ၌  ရပ်တည်နေကာ နောက်တစ်ဆင့်တက်ရောက်ရန် အခြေအနေကောင်း ပိုင်ဆိုင်ထားသည်။

အုပ်စု (ဆ)သုံးပွဲယှဉ်ပြိုင်ပြီး ချိန်တွင် အင်ဒိုနီးရှားကလပ် ဘာ လီယူနိုက်တက်က ရမှတ်လေး မှတ်ဖြင့် ဒုတိယ၊ ဗီယက်နမ်ကလပ်သန်ဟွာအသင်းက ရမှတ်သုံးမှတ်ဖြင့် တတိယနှင့် ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းက ရမှတ်တစ်မှတ်သာရရှိထားပြီး စတုတ္ထနေရာ၌ ရပ်တည်နေသည်။

အုပ်စု (ဆ)အခြားပွဲအဖြစ် မတ်လ၁၃ ရက်တွင် သန်ဟွာအသင်းနှင့် ဘာလီယူနိုက်တက်တို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ယှဉ်ပြိုင်မည်ဖြစ်သည်။