မေးခွန်းများကို ရန်ကုန်တိုင်းအစိုးရက တိတိကျကျ ဖြေကြားစေလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြော

လွှတ်တော်တွင် မေးမြန်း သည့် မေးခွန်းများကို အစိုးရအဖွဲ့အနေဖြင့် တိတိကျကျဖြေကြား စေလိုကြောင်း လှိုင်မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ပြောသည်။

‘‘ဝန်ကြီးက သူလုပ်နေတယ် လို့ပြောတယ်။ သိချင်တာက တစ် လကို ဘယ်နှကြိမ်၊ တစ်နှစ်ကို ဘယ်နှကြိမ်ဆိုတာမျိုး ကြားချင် တယ်။ ရေရှည် ဘယ်လိုစီမံကိန်း တွေရှိတယ်ဆိုတာ ကြားချင် တယ်’’ဟု ၎င်းက ပြောသည်။

မေးခွန်းများ ဖြေကြားရာ တွင် အောက်ခြေထိဆင်း၍ ထိရောက်သည့် အဖြေများဖြေ ကြားစေလိုသည်မှာ လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ဆန္ဒ ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘မေးခွန်းတွေကို ကိုယ်မွေး ထုတ်တဲ့ သားသမီးတွေလို သဘောထားတယ်။ မေးခွန်းတွေ ကို သေချာ ဂဃနဏမဖြေတာ တို့၊ ဖြေမယ်လုပ်ပြီးမှ မဆောင် ရွက်နိုင်တာတို့တွေ့ရင် စိတ်ထဲ မကောင်းဖြစ်တာပေါ့’’ဟု ဒေါ်ခိုင် မာဌေးက ဆိုသည်။ 

မတ်လ ၁၂ ရက်တွင် ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဒေါ်ခိုင်မာဌေးက ‘‘အင်းလျားကန် ကို စနစ်တကျထိန်းသိမ်းဆောင် ရွက်ပြီး ရန်ကုန်မြို့တွင်း ပြည်သူ များသာမက နိုင်ငံတကာခရီးသွား များပါ အပန်းဖြေနိုင်သော နေရာ တစ်ခုအဖြစ် အဆင့်မြှင့်တင်ပေး ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလို ကြောင်း’’ မေးခွန်းမေးမြန်းခဲ့ သည်။

အဆိုပါ မေးခွန်းအပေါ် ရန် ကုန်မြို့တော်ဝန်ဦးမောင်မောင် စိုးက ‘‘မေးခွန်းကို အစီအစဉ် လည်းရှိပြီးတော့ လုပ်လည်းလုပ် ဆောင်နေပါတယ်’’ဟု ပြော သည်။

အင်းလျားကန် သန့်ရှင်းသာ ယာလှပရေး အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)မှ စဉ်ဆက် မပြတ် ဆောင်ရွက်နေပြီး ၂၀၁၅ တွင် အင်းလျားကန်  ရေဝင်ပေါက်ကုက္ကိုင်း၊ အင်းလျားမြိုင်တို့တွင် နုန်းစစ်ကန်နှင့် ရေဆိုးတားတမံ တည်ဆောက်ခြင်း၊ ပြည်လမ်း ကန်ပေါင်ဘက်ခြမ်းတွင် ကန် ပေါင်ကြံ့ခိုင်မှုနှင့်  ကန်သာယာလှပရေးကျောက်စီနံရံနှင့်  အုတ် ပေါင်တန်းဆောင်ရွက်ခြင်း၊ ၂၀၁၇ တွင် အင်းလျားကန်ပေါင် ပြည်လမ်းဘက်ခြမ်း ကြံ့ခိုင်မှုအ တွက် ဆည်မြောင်းနှင့် ရေအသုံးချ မှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပညာ ရှင်များနှင့် ကြံ့ခိုင်မှုစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း ဦးမောင် မောင်စိုးက ပြောသည်။

ဆက်စပ်မေးခွန်းအနေဖြင့် ဒေါ်ခိုင်မာဌေးက ရေမြောင်းစနစ်တွင်     မြောင်းများပုပ်စော်နံ ကြောင်းနှင့် ကန်စပ်၌ ဖွင့်လှစ်ရောင်းချသော စားသောက်ဆိုင် များတွင် စားသုံးသူများက အမှိုက်များပစ်ချမှုရှိနေသောကြောင့် ဝန်ကြီးအနေဖြင့် မြေပြင်အထိ သွားရောက်စစ်ဆေးပေးစေလို ကြောင်း ပြောသည်။ မြို့တော် ဝန်က ‘‘ဆိုင်တွေကို ရွှေ့ဖို့ အစီ အစဉ်မရှိသေးဘူး။ ဟိုးယခင်ကတည်းက ရောင်းချခဲ့တဲ့အတွက်ပါ။ အပေါ့အပါးသွားတာကိုတော့ ခွင့်မပြုထားပါဘူး’’ဟု ဖြေကြားသည်။

လှိုင်သာယာမြို့နယ် မဲဆန္ဒ နယ် အမှတ် (၁) ကိုယ်စားလှယ် ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင် က လှိုင်သာယာမြို့နယ်ရှိ အဓိကလမ်းမများတွင် လမ်းမီးများ စနစ်တကျထွန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မတ်လ ၁၂ ရက် လွှတ်တော်အစည်းအဝေး၌ မေးမြန်းမှုကို မြို့တော်ဝန်က ဖြေကြားရာတွင် အဖြေမပါဘဲ အခြေအနေကိုသာ ဖြေကြားခဲ့ကြောင်း ပြောသည်။

‘‘မေးခွန်းအတွက် အဖြေကို မပါဘဲနဲ့ အခြေအနေကိုပဲ ဖြေ ကြားသွားတာဖြစ်ပါတယ်။ ဘယ် ကာလမှာ ဆောင်ရွက်ပေးမယ်ဆို တဲ့ မေးခွန်းကိုလည်း ဒီမေးခွန်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အဖြေမျိုး ကို ဖြေကြားစေလိုပါတယ်’’ဟု ဦးဝင်းမောင်က လွှတ်တော်အ စည်းအဝေးတွင် ပြောသည်။

ထိုသို့ပြော၍ ထပ်မံမေးမြန်း ရာတွင် မြို့တော်ဝန်က မေးခွန်း နှင့် သက်ဆိုင်သည့် အဖြေကို ပြန် လည်ဖြေကြားခဲ့သည်။