သူရဦးတင်ဦးမွေးနေ့ လွှတ်တော်ကိုယ်စားလှယ်များကျင်းပပေး

နေပြည်တော်စည်ပင်ဧည့်ရိပ်သာ၌ သူရဦးတင်ဦး၏ မွေးနေ့ပွဲကို လွှတ်တော်ကိုယ်စားလှယ်များ ကျင်းပပေးနေစဉ်(ဓာတ်ပုံ − သက်အောင်)

 ဒီချုပ်ပါတီ နာယ ကကြီးသူရဦးတင်ဦး၏ ပါတီအ တွက် ဆောင်ရွက်မှုများကို ဂုဏ် ပြုသည့်အနေဖြင့် မတ်လ ၁၂ ရက် က ကျရောက်သော ၎င်း၏အသက်(၉၁)နှစ်မြောက်မွေးနေ့ကို ဒီချုပ် လွှတ်တော်ကိုယ်စားလှယ်များက နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ် သာ၌ ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ဒီချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ရှိ ပါတီဝင်ကိုယ် စားလှယ်များတက်ရောက်ခဲ့ပြီး ဦးတင်ဦး၏ပါတီအတွက် ကြိုးပမ်း ဆောင်ရွက်မှုများကို အမှတ်တရ ပြောကြားခြင်းနှင့် ၎င်း၏ကျန်းမာ ရေးအတွက် ဆုတောင်းပေးခြင်း တို့ပြုလုပ်ခဲ့သည်။


 ‘‘အန်ကယ် ဦးတင်ဦးက တပ်ကလည်း ချစ်တယ်။ အရပ် ကလည်း ချစ်တယ်။ ပြည်သူတွေ ကလည်းချစ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ဒီနေ့ ကျွန်တော်တို့၊ ခင်ဗျားတို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေ တာကိုက သူ့ကျေးဇူးတွေ အများ ကြီးပါပါတယ်’’ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦး ကျော်သောင်းက အဆိုပါမွေးနေ့ ပွဲ၌ ပြောသည် ။

ပါတီနာယက ဦးတင်ဦး၏ မွေးနေ့ကျင်းပခြင်းသည် ၎င်းအတွက် ခွန်အားဖြစ်စေရန်လည်း ရည်ရွယ်ကြောင်း အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးမောင်မောင်ဦးက ပြော သည်။

‘‘ခေါင်းဆောင်ကောင်းစိတ် ဓာတ်ရော၊ နောက်လိုက်ကောင်း စိတ်ဓာတ်ရော ဘဘမှာ အပြည့် ရှိပါတယ်။ ဒါတွေကို နမူနာယူကြ ရမှာပေါ့။ ပြီးတော့ ဘဘမကျန်း မမာဖြစ်နေတဲ့အချိန်မှာ ဘဘမွေး ထုတ်ပေးခဲ့တဲ့၊ ပြုစုပျိုးထောင်ပေး ခဲ့တဲ့ သားသမီးတွေက ဘဘကို မမေ့ဘူးဆိုတာကို ပြန်ပြီးတော့ သိစေချင်တဲ့သဘောပေါ့’’ဟု ၎င်း က ဆိုသည်။

ဒီချုပ်နာယက ဦးတင်ဦး သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စတင်တည်ထောင်ကတည်း က ပါဝင်ခဲ့သူဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးကာ လတွင် အသက်အရွယ်ကို မမှုဘဲ ပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် မသွားရောက်နိုင် သည့် ဒေသများသို့ လှည့်လည် သွားရောက်ကာ မဲဆွယ်စည်းရုံး ခဲ့သည်။

ဒီချုပ်နာယက ဦးတင်ဦး သည် ယမန်နှစ် မေလ ၁၇ ရက်က နေအိမ်ရေချိုးခန်းအတွင်း လဲကျကာ ဦးနှောက်သွေးကြောပိတ်၍ ဆေးရုံတက်ခဲ့ရပြီး ခန္ဓာကိုယ်ညာ ဘက်ခြမ်း လေဖြန်းခဲ့သည်။ ဆေးကုသမှုခံယူအပြီး သုံးလအကြာ သြဂုတ် ၃၁ ရက်တွင် ဆေးရုံမှ ဆင်းနိုင်ခဲ့သည်။

More in News Section

Top News