ဒေသခံများ အသုံးပြုသည့် သောက်သုံးရေကန်ကို ရပ်ကျေးစာရေးက အဓမ္မဝင်ရောက် ငါးရှာနေဟုဆို

ခွေးကုတ်ကျေးရွာအုပ်စုရှိ သဘော့ကန်ကို တွေ့ရစဉ် (ဓာတ်ပုံ − သက်ဆွေ)

သာပေါင်းမြို့နယ် ခွေး ကုတ်ကျေးရွာအုပ်စုရှိ ဒေသခံ များ အားထားအသုံးပြုနေသည့် သောက်သုံးရေကန်ကို အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ကျေး ရွာအုပ်စုစာရေးက အဓမ္မဝင် ရောက်၍ ကန်မှရေပက်ထုတ်ကာ ငါးရှာဖွေနေသဖြင့် ရေပြတ်လပ် မည်ကို စိုးရိမ်နေကြောင်း ဒေသခံ များက ပြောသည်။

သဘော့ကန်ဟု အမည်ရှိ သော အဆိုပါရေကန်သည် ယခင်က ဒေသခံများ ငါး၊ ဖား ရှာဖွေ၍ သောက်သုံးရေအတွက် မှီခိုရပ်တည်နေရသော ကန်ဖြစ် သည်။ အကျယ် ၁၀ ဧကခန့်ရှိပြီး ငါးမွေးမြူခြင်းမရှိဘဲ မွေးမြူရေး ငါးကန်ဟုဆိုကာ သက်ဆိုင်ရာ ဌာနများသို့ ကျေးရွာအုပ်စု စာ ရေးက ငွေသွင်း၍ ရယူထား ကြောင်း ဒေသခံများက ပြော သည်။‘‘ရွာသားတွေဝိုင်းပြီးတား တယ်။ မြို့နယ်ကိုလည်း စာတင် ပြီး တားမြစ်ပေးဖို့ တင်ပြထား တယ်။ ဒါပေမဲ့ ပက်နေတာပဲ။ စက်တွေနဲ့သုံးပြီး ရေတွေစုပ်ထုတ် နေတော့ နွေရေပြတ်တဲ့အချိန် ရောက်ရင် ဒေသခံတွေအတွက် အခက်အခဲ အများကြီးရှိမယ်’’ဟု သဘော့ကန်ကျေးရွာ ဒေသခံ ဦးချိုက ပြောသည်။

အဆိုပါ ကျေးရွာအုပ်စုတွင် သဘော့ကန်ကဲ့သို့ ခလုပ်ထူ၊ အင်းလျားရှည်၊ တောအင်း၊ ရေ ကြည်အိုင်ကန်များရှိပြီး ထိုကန် များသည် နွေရာသီ၌ လူနှင့် တိရစ္ဆာန်များ အားထားရသည့် ကန်များဖြစ်သည်။ အဆိုပါကန် များကို ဌာနဆိုင်ရာများက ပွင့် လင်းမြင်သာစွာ ဆောင်ရွက်ခြင်း မရှိဘဲ လုပ်ငန်းရှင်များအား လုပ် ပိုင်ခွင့်ပြုထားကြောင်း ဒေသခံ များက ပြောသည်။

‘‘ကျွန်တော်လည်း မကိုင် တွယ်တတ်သလောက် ဖြစ်နေ တယ်။ မြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနကနေ တစ်နှစ်စာ သီးစားချ ထားပေးတဲ့ ပြေစာတွေနဲ့ အခွန် သွင်းထားတာတွေကို ပြတယ်။ တစ်နှစ် တစ်ရာသီလုပ်ကိုင်ခွင့်ပြု တဲ့ သဘောမျိုးပေါ့။ အဲဒီ အထောက်အထားတွေ ရှိနေ တော့ တားမြစ်ဖို့က ခက်နေ တယ်’’ဟု ခွေးကုတ်ကျေးရွာအုပ် ချုပ်ရေးမှူး စောလယ်ထူးက ပြောသည်။

အဆိုပါကန်သည် နိုင်ငံ တကာ လူမှုကူညီရေးအဖွဲ့ ရန်ပုံ ငွေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ပြန် လည်တူးဖော်ထားသည့်ကန်ဖြစ် သည်။ ဒေသခံများ တားမြစ်နေ သော်လည်း ကျေးရွာအုပ်စုစာ ရေးသည် ၂၀၁၅ က စတင်ကာ ငါးကန်အဖြစ် ဆောင်ရွက်နေပြီး ယခုနှစ်တွင် မတ်လ ၉ ရက်က စတင်ကာ လုပ်ကိုင်နေကြောင်း ဒေသခံများက ပြောသည်။

 ‘‘ကျွန်တော့်ဆီကိုတော့ ဒေသခံတွေဆီက တင်ပြတဲ့စာ မရောက်သေးပါဘူး။ အများပြည် သူ အသုံးပြုနေတဲ့ ရေကန်၊ တကယ်လည်း သောက်သုံးနေ တာမှန်တယ်ဆိုရင် ဥပဒေနဲ့မညီ ရင်၊ မတရားဆောင်ရွက်နေရင် ဘယ်သူဖြစ်နေဖြစ်နေ အရေးယူ မှာပါ။ ဒေသခံတွေဆီက တင်ပြ လာတဲ့ စာရောက်ရင် ဌာနဆိုင်ရာ တွေနဲ့ အဖွဲ့ဖွဲ့ပြီး စစ်ဆေးပါမယ်။ ပေါ်ပေါက်ရင် ပေါ်ပေါက်သလို အရေးယူမှာပါ’’ဟု သာပေါင်းမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုး ဦးက ပြောသည်။