ILBC နှင့် NIEC ကိုယ်ပိုင်ကျောင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှု လွှတ်တော်တွင်တင်ပြ

ရန်ကင်းမြို့နယ်တွင် ILBC နှင့် NIEC ကိုယ်ပိုင်ကျောင်း တို့တည်ရှိမှုကြောင့် ရပ်ကွက်အ တွင်းအချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့နေမှုကို လူမှုရေးဝန်ကြီးနှင့် ညှိနှိုင်း၍ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာ ကျော်က ပြောသည်။

မတ်လ ၁၂ ရက်တွင်ပြုလုပ် သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဒေါ်သီတာ(ခ)သီတာမောင်၏ ‘‘ရန်ကင်းမြို့နယ် (၁၆)ရပ်ကွက်ရှိ ILBC ကိုယ်ပိုင်ကျောင်းနှင့် (၁၃)ရပ်ကွက်ရှိ NIEC ကိုယ်ပိုင်ကျောင်းတို့တည်ရှိမှုကြောင့် ရပ်ကွက်အတွင်း အချိန်ကြာမြင့်စွာယာဉ်ကြောပိတ်ဆို့နေမှုအား မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို သိလိုကြောင်း’’ မေးခွန်းမေးမြန်းမှုအပေါ်ဝန်ကြီးက  အထက်ပါအတိုင်းဖြေကြားသည်။

အဆိုပါလမ်းအတွင်း ယာဉ် ကြောကျပ်တည်းမှုလျော့နည်းစေ ရေး၊ ယာဉ်စည်းကမ်းများစနစ် တကျကျင့်သုံးဆောင်ရွက်နိုင်ရေး ကျောင်းတာဝန်ခံ၊ ရပ်မိရပ်ဖ၊ မြို့ တော်စည်ပင်နှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ပြီး အဓိကတာဝန်ရှိသူ သည် ကျောင်းဖွင့်လှစ်၍ စီးပွား ရေးလုပ်နေသူဖြစ်ကြောင်း ၎င်း ကပြောသည်။

‘‘မိမိကျောင်းတည်ရှိရာနေ ရာက ပတ်ဝန်းကျင်ကို ထိခိုက်စေ ရင် ကျောင်းအကြို၊အပို့လုပ်သော ပုံစံကို စဉ်းစားသုံးသပ်သင့်ပါ တယ်’’ ဟု ၀န်ကြီးကပြောသည်။

ILBC ကျောင်း၏တစ်ရက် အတွင်း ယာဉ်ကြောပိတ်ချိန်သည် နှစ်နာရီခန့်သာဖြစ်ပြီး ပုံမှန်သွား လာနိုင်သောအနေအထားသာ ဖြစ်ကြောင်းနှင့် ယာဉ်ကြောပိတ် ဆို့ချိန်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ၀င်များက ရှင်းလင်းဆောင်ရွက် ပေးသော်လည်း အချို့သည်ကိုယ် ပိုင်ယာဉ်များဖြင့် ကြို၊ ပို့လုပ်ပေး ခြင်းနှင့် လမ်းအနေအထားတို့ ကြောင့် အချိန်ပိုင်းယာဉ်ကြော ကျပ်တည်းမှုများ ရှိမည်ဖြစ် ကြောင်း ဒေါ်နီလာကျော်က ပြော သည်။

‘‘ပြေလည်အောင်ဆောင် ရွက်ပေးသင့်ပါတယ်။ သို့မဟုတ် ပါက ကျောင်းဖွင့်ရန်မသင့်တော် တဲ့နေရာမှာ ကျောင်းမဖွင့်လှစ် ရေးအတွက် သက်ဆိုင်ရာများက စိစစ်ပြီးဆောင်ရွက်သွားသင့်ပါ တယ်’’ ဟု ၎င်းကပြောသည်။

ယာဉ်ကြော  ပိတ်ဆို့မှု ကြောင့် ILBC ကျောင်းကိုပိတ် သိမ်းရန် ရပ်ကွက်နေပြည်သူများက တိုင်းအစိုးရထံတောင်းဆိုခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် ကျောင်းဖွင့်လှစ်ခွင့် လိုင်စင်သက်တမ်းတိုးမှုဆိုင်းငံ့ထားပြီး ပတ်ဝန်းကျင်၏ ထောက်ခံချက်ဖြင့် သက်တမ်းတိုးလျှောက်ထားရမည်ဟု ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို သတိပေးထားသည်။

သို့သော် သတ်မှတ်ရက်အ တွင်း လိုင်စင်သက်တမ်းတိုး မလျှောက်ထားဘဲ ကျောင်းကို ဆက်လက်ဖွင့်လှစ်နေသဖြင့် ကျောင်းပိတ်သိမ်းရန် ရန်ကင်းမြို့ နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူးရုံးက သုံးကြိမ်သတိပေးစာပို့ခဲ့ သည်။ ဆက်လက်ဖွင့်လှစ်နေသ ဖြင့် ၂၀၁၇ နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကင်းမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးက စည်ပင်သာ ယာဥပဒေပုဒ်မ ၆၈ ဖြင့်ပထမအ ကြိမ်တရားစွဲဆိုခဲ့သည်။

ပထမအကြိမ်တရားစွဲဆိုမှု ကို ILBC ကျောင်းဘက်မှဒဏ် ကြေးပေးဆောင်၍ ဆက်လက် ဖွင့်နေခြင်းကြောင့် ဒုတိယအကြိမ် ပုဒ်မ ၆၉ ဖြင့် ထပ်မံတရားစွဲဆို ထားသည်။