မုံရွာတွင် ညအချိန် လုံခြုံရေးတိုးမြှင့်ခဲ့သည့် နောက်ပိုင်း မှုခင်းဖြစ်ပွားမှု လျော့နည်းလာဟုဆို

မုံရွာမြို့တွင် ညအချိန် လုံ ခြုံရေးတိုးမြှင့်ဆောင်ရွက်ခဲ့သည့် နောက်ပိုင်း မှုခင်းဖြစ်ပွားမှုလျော့ နည်းလာကြောင်း မုံရွာမြို့ မြို့မ ရဲစခန်းမှူး ဒုရဲမှူးကျင်စိန်က ပြော သည်။

မုံရွာမြို့တွင် မြို့ပြလုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် အရပ်ဘက်အဖွဲ့ အစည်းများပူးပေါင်း၍ မတ်လ တွင် စစ်ဆေးမှုများ ဆောင်ရွက် ခဲ့သည်။

‘‘လုံခြုံရေးတိုးမြှင့်လိုက်တဲ့ နောက်ပိုင်း လောလောဆယ် တော့ လုတာယက်တာ မရှိတော့ ဘူး။  ညအချိန်မှာ ဆိုင်ကယ်စည်း ကမ်းမဲ့မောင်းတာတွေ ဆင်ခြင် သွားတယ်။ စုံတွဲတွေ ညဥ့်နက် ချိန်မှာ မတွေ့တော့ဘူး’’ဟု ဒုရဲမှူး ကျင်စိန်က ပြောသည်။

မုံရွာမြို့တွင် ညအချိန် စုံတွဲ များထံမှ လုယက်ခြင်း၊ ဆိုင်ကယ် စည်းကမ်းမဲ့ စီးနင်းခြင်းတို့ကြောင့် ဆိုင်ကယ်တစ်စီးလျှင် သုံးဦးစီး ခြင်း၊ စည်းကမ်းမဲ့ မောင်းခြင်း၊ ဆိုင်ကယ်တွင် အန္တရာယ်ရှိသော လက်နက်များကိုင်ဆောင်ခြင်းတို့ ကို ရှောင်တခင်စစ်ဆေးခဲ့ရာ မတ်လ ၁၂ ရက်အထိ မုံရွာမြို့ မြို့မရဲစ ခန်း၌ မော်တော်ယာဉ်အက်ဥပဒေ ဖြင့် အမှု ၂၀ ခန့်၊ လက်နက်မှု နှစ်မှု၊ ယစ်မျိုးမှုတစ်မှုတို့စစ်ဆေး နေကြောင်း ၎င်းက ပြောကြားသည်။

‘‘မြို့ပြလုံခြုံရေးစီမံကိန်းအ တွက် ဌာနဆိုင်ရာ၊ ရဲတပ်ဖွဲ့၊ အ ရပ်ဘက်အဖွဲ့အစည်းတွေ၊ သက် ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး တွေ ပူးပေါင်းပြီး ရပ်ကင်း၊ ဝပ် ကင်း၊ လှည့်ကင်းတွေ ရှောင်တ ခင်စစ်ဆေးတာပါ။ အဓိက ခိုး၊ ဆိုး၊ နှိုက် ထူပြောနေတာတွေကို ရှောင်တခင် စစ်ဆေးချင်တာနဲ့ တရားဥပဒေစိုးမိုးရေးကို အရှိန် မြှင့်ချင်တာကြောင့် လုပ်ဆောင် တာပါ’’ဟု မုံရွာမြို့ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးဝင်းဆွေက ပြောသည်။ မုံရွာမြို့ အရပ်ဘက်အဖွဲ့အ စည်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီသည် မုံရွာမြို့ လုံခြုံရေးနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေ သကြီး လွှတ်တော်တရားဥပဒေ စိုးမိုးရေးကော်မတီနှင့် ပထမအ ကြိမ် တွေ့ဆုံဆွေးနွေးပြီးနောက်ထပ် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေ ကြောင်း ၎င်းက ပြောကြားသည်။

More in Regional Section