ကုန်တင်ယာဉ်များကို မိုးနှင့်နွေကာလ ခွဲခြားသတ်မှတ်၍ ကုန်တင်ပမာဏသတ်မှတ်မှု ပယ်ဖျက်ပေးရန် တောင်းဆို

လမ်းပိုင်းတစ်နေရာတွင် ရပ်နားထားသော ကုန်တင်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ −စိုင်းဇော်)

ကုန်တင်ယာဉ်များကို မိုးကာလနှင့် နွေကာလသတ်မှတ် ၍ ကုန်တင်ပမာဏ သတ်မှတ် ထားမှုကို ပယ်ဖျက်ပေးရန် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာနထံ တင်ပြတောင်းဆိုထား ကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင် မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောသည်။

၁၄ ဘီးကုန်တင်ယာဉ်များ ကို နွေကာလတွင် ၃၁ တန်၊ မိုး ကာလတွင် တန် ၃၀၊ ၁၈ ဘီး ကုန်တင်ယာဉ်များကို နွေကာလ တွင် ၄၆ တန်၊ မိုးကာလတွင် ၄၃ တန်နှင့် ၂၂ ဘီးယာဉ်များကို နွေ ကာလတွင် ၅၀ ဒသမ ၅ တန်၊ မိုးကာလတွင် ၄၈ တန်သတ်မှတ် ထားသည်။

‘‘မိုးတွင်းကာလဆိုရင် တန် ဆာခကျပါတယ်။ တန်ဆာခကျ တဲ့အပြင် သယ်ရတဲ့ ပမာဏလည်းချတဲ့အတွက် ကုန်တင်ကားတွေ က ပြေးဆွဲဖို့တော်တော်မလွယ် တော့ဘူး။ ကြိုတင်စီစဉ်တဲ့အနေ နဲ့ တစ်ပြေးညီ သတ်မှတ်ပေးစေ ချင်တာပါ’’ ဟု ဦးကိုကိုနိုင်က ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်က နေ ပြည်တော်သို့သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍တင်ပြ တောင်းဆိုခဲ့ကြောင်း ၎င်းကဆို သည်။

 ခြောက်ဘီး၊ ၁၀ ဘီးနှင့် ၁၂ ဘီးယာဉ်များကို ယင်းကဲ့ သို့ နွေကာလ၊ မိုးကာလသတ် မှတ်ထားခြင်း မရှိသော်လည်း ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း တွင် မိုးကာလအတွင်း သီးခြား ကန့်သတ်ချက်များရှိနေပြီး ယင်း ကန့်သတ်ချက်များကို လျှော့ချရန် တောင်းဆိုထားကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် မိုးတွင်း ကာလအတွင်း ခြောက်ဘီးယာဉ် များသာ ဖြတ်သန်းခွင့်ရှိပြီး ဧရာဝတီတိုင်း၌ မြို့နယ်အတွင်း ယာဉ်ဝင်ခွင့်ကန့်သတ်ချက်များရှိကြောင်း ဦးကိုကိုနိုင်က ပြောသည်။

 တင်ပြတောင်းဆိုရာတွင် လမ်း အရည်အသွေးမပြည့်မီခြင်း၊ လမ်းပျက်မည်ကို စိုးရိမ်ခြင်းတို့ ကြောင့် ယင်းကဲ့သို့ တားမြစ်ထားကြောင်း ၀န်ကြီးဌာန တာဝန်ရှိသူများက ဖြေဆိုသော်လည်း လမ်းပျက်စီးသည်ကိုပြင်ရမည်မှာ လမ်းကို BOT စနစ်ဖြင့် ဆောင်ရွက်နေသည့် ကုမ္ပဏီများ၏ တာဝန်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 ‘‘မိုးရာသီမှာ ကုန်စည်စီး ဆင်းမှု နှေးကွေးကုန်တာကြောင့် စရိတ်တွေတက်ပြီး ကုန်ပစ္စည်း ဈေးနှုန်းတွေ မြင့်ကုန်ပါတယ်။ တန်ဆာခတွေ ပိုကုန်ပါတယ်။ အဲဒီစရိတ်တွေ စုစုပေါင်းနဲ့ လမ်း ပြင်တဲ့စရိတ်တွက်ရင် လမ်းပြင်ရ တဲ့ စရိတ်ကနည်းပါတယ်။ အဲဒီ ကိစ္စအပေါ် အသေးစိတ်တွက် ချက်နေပါပြီ။ ပြီးရင်အစိုးရကို တင်ပြသွားမှာပါ’’ဟု အသင်းအ တွင်းရေးမှူး ဦးအောင်မိုးကပြော သည်။

ယင်းအပြင် အမြန်လမ်းကို ကုန်တင်ယာဉ်များ ဖြတ်သန်းသွား လာခွင့်နှင့် လမ်းအသုံးပြုခ ပေး ဆောင်ရာတွင် ငွေဖြင့် ပေးဆောင်ခြင်းထက် ကတ်အသုံးပြု၍ ပေး ဆောင်သည့် စနစ်ကိုအသုံးပြုခွင့်ရရန် တောင်းဆိုထားကြောင်း ၎င်းကဆိုသည်။