ဘင်္ဂါလီကျေးရွာဟောင်းများတွင် စစ်အခြေစိုက်စခန်းများ တည်ဆောက်သည်ဟူသည့် စွပ်စွဲချက် မှားယွင်းကြောင်း သမ္မတရုံးတာဝန်ရှိသူပြော

ဘင်္ဂါလီကျေးရွာဟောင်းများတွင် စစ်အခြေစိုက်စခန်းများ တည်ဆောက်နေသည်ဟူသည့် စွပ်စွဲမှုများ မှားယွင်းကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ဘင်္ဂါလီကျေးရွာဟောင်းနေ ရာများတွင် မြန်မာစစ်ဘက်က အခြေစိုက်စခန်းများ တည် ဆောက်နေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ ၏ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်း ဖော်ပြခဲ့မှုအပေါ် ၎င်းက တုံ့ပြန်ခဲ့သည်။


‘‘ထွက်ပြေးသွားတဲ့သူတွေ ရဲ့နေရာတွေမှာ တပ်တွေ နေရာ ချနေတယ်ဆိုတာလည်း မဟုတ် ဘူး။ ပြန်လည်နေရာချထားရေး အတွက် အစိုးရရဲ့ ပေါ်လစီက သူတို့မူလက နေထိုင်ခဲ့တဲ့ နေရာ တွေနဲ့ အနီးစပ်ဆုံးချထားရေး (Nearest Places of Origin) ဖြစ်တယ်။ UNHABITAT (ကုလသမဂ္ဂမြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ်)ရဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ အကြံပြုချက်တွေရယူပြီး Village Plan, Town Plan တွေ ရေးဆွဲပြီး လျှပ်စစ်မီး၊ လမ်း၊ လမ်းနယ်၊ ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း စတဲ့ နေရာချ ထားမှုတွေ စနစ်တကျ လျာထားပြီးမှ ဆောင်ရွက်နေတာ ဖြစ်ပါ တယ်’’ဟု ဦးဇော်ဌေးက ပြော သည်။

ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာတွင် လူဦးရေပျံ့နှံ့မှုအပေါ် မူတည်ပြီး တရားဥပဒေ စိုးမိုးရေး ရဲကင်းစခန်းများချထား သည့် အစီအစဉ်ကို ထည့်သွင်း ဆောင်ရွက်နေသည်ဟု ၎င်းကဆို သည်။

‘‘ပြန်နေရာချတဲ့ ရွာတွေ ကြားထဲ တပ်တွေချထားဖို့ လုပ် တယ်ဆိုတာကတော့ မဟုတ်ဘူး။ လူဦးရေပေါ် မူတည်ပြီး ဥပဒေစိုး မိုးရေးဆောင်ရွက်မယ့် ရဲကင်း၊ ရဲစခန်းတွေပဲ Village Plan မှာ ပါပါတယ်။ တပ်စခန်းတွေ မပါပါ ဘူး။ ရဲလုံခြုံရေးကတော့ ချထား မယ့် လူဦးရေအချိုးအစားပေါ် မူ တည်ပြီး ချထားဖို့ စီစဉ်ဆောင် ရွက်နေတာ ဖြစ်ပါတယ်’’ဟု ဦး ဇော်ဌေးက ရှင်းပြသည်။

ရိုက်တာ၏ သတင်းဖော်ပြ ချက်တွင် အဆိုပါ ဘင်္ဂါလီကျေး ရွာများရှိ မပျက်စီးသေးသည့် အ ဆောက်အအုံများ ဘူဒိုဇာဖြင့် ဖယ်ရှားခံခဲ့ရကြောင်း ပါဝင်သည်။ ထို့ပြင် ယင်းဒေသ၌ အိမ်ရာနှင့် လမ်းများ အလျင်အမြန် ဆောက်လုပ်မှုများနှင့်အတူ လုံခြုံရေးစခန်းသုံးခု တည်ဆောက်နေကြောင်း၊ နေရာတစ်ခုတွင် လုံခြုံရေးစခန်း တည်ဆောက်ရန် ယင်းနေရာရှိ ဘင်္ဂါလီများကို အတင်းအကျပ် ဖယ်ရှားသည်ဟုလည်း ဖော်ပြခဲ့သည်။

‘‘ဘူဒိုဇာနဲ့ သက်သေတွေ ပျောက်အောင်ထိုးနေတယ်ဆိုတဲ့ အချက်လုံးဝမှားပါတယ်။ ကျေး ရွာတွေ မီးရှို့ခံရတယ်၊ နေအိမ် တွေမရှိတော့ဘူး၊ တချို့ တိုင်တွေထိုးထိုးထောင်ထောင် ဖြစ်နေတာ ကလွဲရင် လူရော၊ အိမ်တွေရော မရှိတော့တဲ့ မီးလောင်ပြင် မြေ တွေကို ပြန်လည်တည်ဆောက် ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက် ဖို့ မြေညှိခြင်း၊ မြေရှင်းခြင်း စတဲ့ Ground Works တွေ လုပ်ဆောင် ခြင်းသာဖြစ်တယ်။ ဘယ်ဆောက် လုပ်ရေးလုပ်ငန်းခွင်မဆို မြေညှိ တာ၊ မြေရှင်းတာ မလုပ်ဘဲ လုပ် လို့မရဘူး။ နေအိမ်အသစ်တွေ၊ ကျေးရွာအသစ်တွေ ပြန်လည် တည်ဆောက်ဖို့ လုပ်တာဖြစ် တယ်။ ဒီစွဲချက်က လိုရာဆွဲပြီး ပြောတာဖြစ်နေတယ်’’ဟု ဦးဇော် ဌေးက ဆိုသည်။

ဘူဒိုဇာများဖြင့် ဖယ်ရှား သည်ဆိုသည့် စွပ်စွဲချက်နှင့်ပတ် သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြန် လည်နေရာချထားရေး ဆောင် ရွက်ရာတွင် မီးလောင်ပြင်များကို မရှင်းလင်းဘဲ ဆောင်ရွက်၍မရ ဟု ပြောသည်။

မွတ်စလင်များ ထွက်သွား သည့် နေရာများတွင် ပြန်လည်နေ ရာချထားရေး Village Plan အရ ဆောင်ရွက်ခြင်းမျိုး မရှိကြောင်း ၎င်းကဆိုသည်။

‘‘ပုံစံကျပေါ့။ လူနေအိမ်ခြေ က ဘယ်လောက်ရာခိုင်နှုန်း၊ စိုက် ပျိုးမြေက ဘယ်လောက်၊ ငါးကန် က ဘယ်လောက်ရာခိုင်နှုန်း၊ အဲဒီ မှာမှ ဘာသာရေးအဆောက်အ အုံ၊ ကျန်းမာရေးအဆောက်အအုံ၊ ရဲစခန်း အဲဒီလိုသွားတာ။ အဲဒါ တွေကို လျှောက်ပြောနေတာနေ မှာပေါ့’’ဟု ဒေါက်တာဝင်းမြတ် အေးကပြောသည်။

ရခိုင်အရေးနှင့် ပတ်သက်၍ ရေရှည်တည်တံ့သည့်အဖြေတစ် ခု ဖြစ်ပေါ်လာရေးဆောင်ရွက်ရာ တွင် အစိုးရက ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဦးဆောင်သည့် ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင် အကြံပြုချက်များကို အကောင်အ ထည်ဖော်နေသကဲ့သို့ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးအပ်ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ ပြည်ထောင်စုစီမံကိန်း (UEHRD)ကို ဦးဆောင်နေသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

More in News Section