ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ရေရှည်တည်တံ့ရေး တိုင်းနှင့်ပြည်နယ် အစိုးရများထံ အလှူခံမည်

ဖောင်ဒေးရှင်းက ကျပ်သိန်း နှစ်ထောင်ခန့် ထောက်ပံ့ပြီးဖြစ်
ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း(၆)နှစ်ပြည့်နှင့်နိုင်ကျဉ်းများထောက်ပံ့ငွေပေးအပ်ပွဲကို တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ပြုလုပ်စဉ် (ဓာတ်ပုံ−နစ်ကီ)

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ရေရှည်တည်တံ့ ခိုင်မြဲရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံသို့ အလှူခံရန် အစီအစဉ်ရှိကြောင်း ဖောင်ဒေးရှင်းအလုပ်အမှုဆောင်အဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောသည်။

မတ်လ ၁၂ ရက်က တော် ၀င်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သည့် ဟံသာဝတီဦးဝင်း တင် ဖောင်ဒေးရှင်း (၆)နှစ်ပြည့် နှင့် နိုင်ကျဉ်းများထောက်ပံ့ငွေ ပေးအပ်ပွဲ ကျင်းပပြီးချိန်၌ သတင်းထောက်များအား မုံရွာအောင်ရှင် က ပြောသည်။

‘‘ပြည်နယ်နဲ့ တိုင်းအစိုးရအ ဖွဲ့က    နိုင်ငံရေးအကျဉ်းသား ဟောင်းတွေချည်းပဲလေ။   အဲဒီ တော့ သူတို့ဆီကိုလည်း ကျွန် တော်တို့ အလှူခံဖို့အစီအစဉ်ရှိ တယ်’’ဟု ၎င်းကပြောသည်။

ဟံသာဝတီဦးဝင်းတင် တည် ထောင်ခဲ့သည့် ဖောင်ဒေးရှင်း၏ စေတနာဆေးကုခန်းသည် အစိုးရ အဖွဲ့များနှင့် လွှတ်တော်အတွင်း ရှိ လူများနှင့် မကင်းသောကြောင့် ၀ိုင်းဝန်းထောက်ပံ့သင့်ကြောင်း ဟံသာဝတီဦးဝင်းတင်ဖောင်ဒေး ရှင်း ပြောရေးဆိုခွင့်ရှိသူ ဦးထွန်း ကြည်က ပြောသည်။

‘‘ဒီဖောင်ဒေးရှင်းနဲ့ ဆေးခန်း အဓွန့်ရှည်ဖို့အတွက် အလှူငွေ တွေလိုတယ်။ ဒါကြောင့် အစိုးရ အဖွဲ့အနေနဲ့ အလေးအနက်ထား ပြီးတော့ ဒီကိစ္စကိုစဉ်းစားသင့် တယ်’’ဟု ၎င်းကပြောသည်။

ဖောင်ဒေးရှင်းသည် ၂၀၁၂ မတ်လ ၁၂ ရက်မှ ၂၀၁၈ မတ်လ ၁၃ ရက်အထိ ဖမ်းဆီးသတ်ဖြတ် ခံနိုင်ငံရေး အကျဉ်းသား တစ်ဦး၊ လက်ရှိနိုင်ငံရေးအကျဉ်းသား ၁၆၅ ဦး၊ နိုင်ငံရေးအကျဉ်းသား ဟောင်းနှင့် ဘ၀တူစာနယ်ဇင်း သမား ၆၆၁ ဦး၊ စုစုပေါင်း ၈၂၇ ဦးအတွက်   ထောက်ပံ့ငွေကျပ် ၁,၉၈၉ သိန်းကို  ပေးအပ်ပြီးဖြစ် ကြောင်း ဦးဝင်းတင်ဖောင်ဒေးရှင်း က ထုတ်ပြန်ကြေညာသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်း သားဟောင်း မိသာစုများအတွက် ပညာရေးထောက်ပံ့မှု၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် အလုပ်အ ကိုင်ရှာဖွေရေး လုပ်ငန်းစဉ်များ ကိုလည်း ပြည်တွင်းမှ အလှူရှင် တစ်ဦးနှင့် ပူးပေါင်းကာ ပညာရေး ထောက်ပံ့မှုအစီအစဉ်အဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် သားသမီးစုစုပေါင်း ၇၇၃ ဦးအ တွက် ထောက်ပံ့ငွေ ၈၂၉ သိန်း ကို ဦးဝင်းတင်ဖောင်ဒေးရှင်းက ထောက်ပံ့ပေးနိုင်ခဲ့သည်။

ဟံသာဝတီဦးဝင်းတင် တည်ထောင်ခဲ့သည့် ဖောင်ဒေး ရှင်းအဓွန့်ရှည်စေရေး အလှူငွေ များလိုအပ်နေခြင်းကြောင့် စေတနာရှင်များမှ ပါဝင်လှူဒါန်း ကြရန် ဖောင် ဒေးရှင်းတာဝန်ရှိသူများက မတ် လ ၁၂ ရက်က ကျင်းပသည့် ဖောင်ဒေးရှင်း (၆)နှစ်ပြည့်ပွဲတွင် ပြောကြားသည်။

ဖောင်ဒေးရှင်းသို့ ဆက် သွယ်လှူဒါန်းလိုသူများအနေဖြင့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေး ရှင်းရုံးဖုန်း-၀၁-၇၀၃၂၂၀၊ ၀၉-၅၀ ၂၆၄၅၀၊ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း စေတ နာဆေးကုခန်း ဖုန်း- ၀၉-၂၅၃၄၃၆၈၀၈၊ NLD အဖွဲ့ချုပ်ရုံး ဖုန်း -၀၁-၅၅၅၁၅၆၊ ဒီလှိုင်းဂျာ နယ်ရုံးဖုန်း ၀၁-၅၅၉၉၉၃ နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့(FPPS) ရုံး ဖုန်း-၀၉- ၂၅၀၅၀၃၆၈၇ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ဖောင်ဒေး ရှင်းက ထုတ်ပြန်ကြေညာသည်။

More in News Section