ဖျက်ဆီးခံရသည့် လမ်း၊ တံတားများပြုပြင်ပြီး၍ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ပြန်လည်သွားလာနိုင်ကြောင်းထုတ်ပြန်

ကချင်လက်နက်ကိုင်အ ဖွဲ့ (KIA) ဖျက်ဆီးခဲ့သည့် လမ်း တံတားများကို ပြန်လည်ပြုပြင်ပြီး ၍ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပြန်လည် သွားလာ နိုင်ပြီဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနက မတ်လ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

တပ်မတော်နှင့် KIA တို့အ ကြား စစ်ရေးတင်းမာမှုဖြစ်ပေါ်ခဲ့ သည့် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီက အဆိုပါလမ်းပိုင်းရှိ တံတားအချို့ ကို KIA က မိုင်းထောင်ဖောက် ခွဲဖျက်ဆီးခဲ့သည်။ တပ်မတော် စစ်ကြောင်းများ အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်၍ စစ်ရေး အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူး ကြီးနော်ဘူက ပြောသည်။

ထိုသို့ဖျက်ဆီးမှုကြောင့် အ ဆိုပါလမ်းတွင် ယာဉ်များသွားလာ မရသဖြင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ ပူတာအိုဒေသ တွင် ကုန်ဈေးနှုန်းအဆမတန် မြင့်မားခဲ့ရာ ဓာတ်ဆီတစ်ဂါလန် ကျပ်လေးသောင်းကျော်အထိ ဈေးနှုန်းမြင့်မားခဲ့သည်။

ကချင်ပြည်နယ်လမ်းဦးစီး ဌာနတာဝန်ရှိသူများသည် တီ ယန်စွတ်ရွာနှင့် ခတ်ခရားယန်ရွာ ကြားဖျက်ဆီးခံရသည့် လမ်းပိုင်း၊ ပူတာအိုနှင့် ဆွမ်ပရာဘွမ်ကြား ဖျက်ဆီးခံရသည့် လမ်း၊ တံတား များ၊  ဆွမ်ပရာဘွမ်နှင့် မြစ်ကြီး နားကြား ဖျက်ဆီးခံရသည့် လမ်း၊ တံတားများကို ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ရာ မတ်လ ၆ ရက် တွင် ယာဉ်များသွားလာနိုင်ပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် သည်။

ထိုသို့လမ်းပြန်လည်ဖွင့်လှစ် ပြီဖြစ်၍ ကုန်ဈေးနှုန်းပြန်လည်ကျ ဆင်းသော်လည်း မတ်လ ၁၂ ရက်တွင် ဓာတ်ဆီတစ်ဂါလန် ကျပ် ၉,၀၀၀ ဖြစ်ပြီး အခြားကုန် ပစ္စည်းများလည်း သာမန်ထက် ဈေးပိုများနေကြောင်း ပူတာအို ဒေသခံဦးအောင်ခမ်းက ပြော သည်။

လက်ရှိထိ ပူတာအိုဒေသ စစ်ရေးအခြေအနေမတည်ငြိမ် သေး၍ လမ်းပြန်ဖွင့်သော်လည်း ရေရှည် အာမခံချက်မရှိဟု ၎င်းက ဆိုသည်။ ပူတာအိုမြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်အစပ်တွင် တိုက်ပွဲအချို့ ဖြစ်ပွားနေဆဲဟု ဦးအောင်ခမ်းက ပြောသည်။

‘‘ထိုးစစ်တွေ မရပ်သေးဘဲနဲ့ အခြေအနေက ကောင်းမွန်လာ မယ်လို့ ဒေသခံတစ်ယောက်အနေ နဲ့ မမြင်ဘူး။ စစ်ရေးနဲ့သာလုပ်နေ မယ်ဆိုရင် ဘယ်တော့မှ ငြိမ်းချမ်း မှုဆိုတာရှိလာမှာမဟုတ်ဘူး။ ငြိမ်းချမ်းမှုကို အမြန်ဆုံးတည် ဆောက်ပေးစေချင်ပါတယ်’’ ဟု ၎င်းကဆိုသည်။

တိုက်ပွဲများဖြစ်ပွားပါက ဒေ သခံများဒုက္ခရောက်ရ၍ တပ်မ တော်နှင့် KIA တို့အနေဖြင့် အ ပစ်ရပ်စဲရေးဆောင်ရွက်ရန် ဆွမ် ပရာဘွမ်မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဒေါ်ဂျေထု ရော်က ပြောသည်။