ဇာတ်ကားရိုက်ကူးမှုနဲ့ နှစ်အတန်ကြာဝေးကွာနေပြီး သီချင်းတွေသာ ဆိုဖြစ်တဲ့ ချစ်စနိုးဦး

ဓာတ်ပုံ -ခင်ဆွေသက်

ဇာတ်ကားရိုက်ကူးမှုနှင့် ဝေးကွာနေသည်မှာ ငါးနှစ်ခန့်ရှိပြီ ဖြစ်သလို ပွင့်လင်းရာသီဖြစ်သော ကြောင့် သီချင်းဆိုရင်းသာ ဖြတ် သန်းနေကြောင်း သရုပ်ဆောင် အဆိုတော် ချစ်စနိုးဦးက ပြော သည်။

‘‘အခုက ပွင့်လင်းရာသီဆို တော့ သီချင်းလေးတွေ နယ်ထွက် ပြီး ဆိုဖြစ်နေတယ်။ သရုပ်ဆောင် ပိုင်းကတော့ အကြောင်းမတိုက် ဆိုင်လို့ မရိုက်ဖြစ်တာလို့ ပြောရ မှာပေါ့။ ပွင့်လင်းရာသီဆို အစ်မ တို့က သီချင်းတွေထွက်ဆိုဖြစ် တာများတယ်။ တစ်ခါတလေကျ ရင်တော့ လာချိတ်တယ်။ ချိတ် ပေမယ့်လည်း အခုကျတော့ စီးရီး တွေပါ ရိုက်လာတဲ့အတွက် ရက် တွေအများကြီးပေးရတယ်။ တစ် ခါတလေကျရင် လနဲ့ချီပြီးပေးရ တဲ့အတွက် အစ်မတို့နဲ့က အဆင် မပြေဘူးဖြစ်နေတယ်။ တစ်ခါ တလေ သီချင်းဆိုဖို့ ရက်ပေးထား တာနဲ့ တိုက်နေတော့ မရိုက်ဖြစ်၊ မရိုက်ဖြစ်နဲ့ မရိုက်ဖြစ်သလို ဖြစ် သွားတာပါ။ ဒါပေမဲ့ အစ်မ သီချင်းတော့ဆိုတယ်။ ဇာတ်လမ်းတို လေးတွေ၊ ဗီစီဒီလေးတွေ၊ ကြော် ငြာလေးတွေတော့ ရိုက်ဖြစ်နေပါ တယ်’’ဟု ၎င်းက ပြောသည်။

ဇာတ်ကားရိုက်ကူးမှုနှင့် ဝေးကွာနေသည်မှာ   ဖခင် နေ မကောင်းကတည်းက  ဖြစ်ပြီး သီချင်းဆိုခြင်းကိုသာ တစ်စိုက်မတ်မတ်လုပ်ကိုင်ခဲ့သည်။

‘‘တချို့ကျတော့ လုံးဝမလုပ် တော့ဘူးလို့ ထင်ကြတယ်။ တချို့ တွေကျတော့လည်း လုပ်တယ်လို့ သိတယ်။ လာချိတ်ပေမယ့် ခုနက ပြောသလို အကြောင်းအမျိုးမျိုး ကြောင့် မရိုက်ဖြစ်တာနဲ့ဆိုတော့ လုံးဝကို အဆက်ပြတ်သလိုဖြစ် သွားတာပေါ့’’ဟု ၎င်းက ပြောသည်။မတ်လ ၂၃ ရက်တွင် ကျင်းပမည့် အကယ်ဒမီပေးပွဲကို ဒီဇိုင်နာ မေမြတ်ဝါဆိုချုပ်ပေးမည့် ဝတ်စုံ ဖြင့် တက်ရောက်မည်ဖြစ်သည်။

‘‘ကြားတဲ့သူတွေကတော့ အများကြီးပါပဲ။ ဆုတွေအများ ကြီးပေးမယ်ဆိုရင်တော့ ကြားတဲ့ သူတွေအားလုံးကို ရစေချင်ပါ တယ်။ အကယ်ဒမီဆိုတာက လည်း တော်တာနဲ့လည်း မရဘူး။ ကံနဲ့လည်းဆိုင်တယ်ဆိုတော့ ဘယ်သူတွေ ကံထူးကြမလဲတော့ မသိဘူးပေါ့’’ဟု ၎င်းက ဆိုသည်။

အကယ်ဒမီနှင့်ပတ်သက်ပြီး ဇာတ်ပို့ဆုသာရရှိထား၍ အခွင့် အရေးပေးလျှင် ဇာတ်ဆောင်အ နေဖြင့်ပါ ထပ်လိုချင်သေးသည် ဟု ဆိုသည်။

‘‘ဇာတ်ဆောင်အနေနဲ့လည်း အကယ်ဒမီ ထပ်လိုချင်ပါသေး တယ်။ အမှန်အတိုင်းပြောရရင် အကယ်ဒမီက သုံး၊ လေးဆုရပြီး တဲ့သူတွေတောင် လိုချင်သေး လားမေးရင် လိုချင်တယ်လို့ ပြော ကြမှာပါ။ ဘာလို့လဲဆိုတော့ အ ကယ်ဒမီဆိုတာ အနုပညာသမား တိုင်းရဲ့ မှတ်တိုင်ပဲလေ။ ကိုယ့် ကြိုးစားမှုကို ပရိသတ်ရော၊ နိုင်ငံ တော်ကရော အသိအမှတ်ပြုတဲ့ ဆိုတော့ လိုချင်တာပေါ့။ အခွင့် အရေးမရကြလို့သာ မရတဲ့သူ တွေရှိတာပါ။ အစ်မလည်း အခွင့် အရေးသိပ်မရတဲ့အထဲမှာ ပါ တယ်။ ရရင်တော့ လိုချင်ပါသေး တယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိ အချစ်ရေးနှင့်ပတ် သက်၍ ချစ်သူသက်တမ်း ငါးနှစ် ရှိပြီဖြစ်ပြီး မင်္ဂလာသတင်းနီးလာ ပါက အားလုံးကို ပြောပြမည်ဟု ချစ်စနိုးဦးက ပြောသည်။