မင်္ဂလာဆောင်ပြီးနောက် ရုပ်ရှင်ပြန်ရိုက်ဖို့ ပြင်ဆင်နေတဲ့ ဆောင်ဂျွန်ကီ

 မကြာသေးမီက မင်းသမီး ဆောင်းဟေကိုနှင့် အိမ်ထောင်ပြု ပြီးနောက် အနုပညာအလုပ်များ ယာယီရပ်နားခဲ့သော မင်းသား ဆောင်ဂျွန်ကီသည် ယခုအခါရုပ် ရှင်ပြန်ရိုက်ရန် အသင့်ဖြစ်နေ ကြောင်း သိရသည်။

အသက် (၃၂) နှစ်အရွယ် ဆောင်ဂျွန်ကီသည် လက်ရှိတွင် သမိုင်းနောက်ခံဒရာမာ ဇာတ် ကားသစ်အတွက် ပြင်ဆင်နေ ကြောင်း အတွင်းလူတစ်ဦးက ပြောသည်။

အောင်မြင်မှုများစွာ ရရှိခဲ့ သည့် သမိုင်းနောက်ခံရုပ်ရှင်ဇာတ် ကားများဖြစ်သော   ‘Queen Seonduk’ နှင့် ‘Deep Rooted Tree’တို့ကို ဇာတ်ညွှန်းရေးသားခဲ့ သည့် ကင်ယောင်ဟွန်နှင့် ပက် ဆောင်ယွန်တို့က အဆိုပါ ဒရာမာဇာတ်ကားသစ်အတွက် ဇာတ် ညွှန်းရေးသားမည်ဖြစ်ပြီး ၂၀၁၉ တွင် ထုတ်လွှင့်ပြသရန် စီစဉ်ထား ကြောင်း သိရသည်။

တောင်ကိုရီးယားတွင်သာမ က အာရှနိုင်ငံများအထိ ကျော် ကြားခဲ့သော ‘Descendants of the Sun’ ဒရာမာဇာတ်ကားတွင် အတူပါဝင်သရုပ်ဆောင်ရာမှ ချစ် ကြိုးသွယ်ခဲ့သော ဆောင်းဟေကို နှင့် ဆောင်ဂျွန်ကီတို့သည် ယမန် နှစ်အောက်တိုဘာက   မင်္ဂလာပွဲ ကျင်းပခဲ့သည်။

—Ref:allkpop