I Heart Radio ဂီတထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးအဆိုရှင်ဆု ရရှိခဲ့တဲ့ တေလာဆွစ်ဖ်

 2018 I Heart Radio ဂီတထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီးအဆို ရှင်ဆုကို အမေရိကန်အဆိုတော် တေလာဆွစ်ဇ်က ဆွတ်ခူးခဲ့ သည်။

တနင်္ဂနွေနေ့ညက ကယ်လီ ဖိုးနီးယားပြည်နယ်တွင် ကျင်းပခဲ့ သည့် I Heart Radio ဂီတထူးချွန် ဆုပေးပွဲ၌ အဓိကဆုတစ်ဆုဖြစ် သည့် ယခုနှစ်အတွက် အကောင်း ဆုံး အမျိုးသမီးအဆိုရှင်ဆုကို တေလာဆွစ်ဖ်က ရရှိပြီး ယင်း ဆုပေးပွဲ၌ ၎င်း၏သီချင်းသစ် ‘Delicate’ ဂီတဗီဒီယိုကို ပွဲဦး ထွက်ပြသခဲ့သည်။

ယမန်နှစ်က ထွက်ရှိသည့် တေလာဆွစ်ဖ်၏ ခြောက်ခု မြောက် အယ်လ်ဘမ် Reputation သည် တစ်ကမ္ဘာလုံးတွင် အချပ် ရေ နှစ်သန်းကျော် ရောင်းချရပြီး ၂၀၁၇ ၏ အရောင်းရဆုံး တေး အယ်လ်ဘမ်အဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

မတ်လ ၁၁ ရက်က ကျင်းပ သည့် I Heart Radio ဂီတထူး ချွန်ဆုပေးပွဲတွင် ဗြိတိန်အဆို တော် အက်ဒ်ရှီရန်သည် အ ကောင်းဆုံး အမျိုးသားအဆိုရှင် ဆုအပြင် ‘Shape Of You’ သီချင်းဖြင့် အကောင်းဆုံး သီချင်းဆု  ရရှိပြီး Group of the Year ဆုကို Maroon 5 အဖွဲ့က လည်းကောင်း၊ Best Collaboration ဆုကို ‘Something Just Like This’ သီချင်းဖြင့် The Chainsmokers အဖွဲ့နှင့် Coldplay အဖွဲ့တို့ကလည်းကောင်း၊ Dance Artist of the Year ဆုကို The Chainsmokers အဖွဲ့က လည်းကောင်း၊ R&B Song of the Year ဆုကို ဘရူနိုမားစ်က လည်းကောင်း အသီးသီးရရှိခဲ့ သည်။                    —Ref:UPI